အရေးပေါ်
ပြည်တွင်းသတင်း

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အရက်အမူးလွန်ပြီး ရေမြောင်းအတွင်း ပြုတ်ကျ သေဆုံးတယ်လို့ဆို

၂၀၂၆ အောက်တိုဘာ ၁၃ Myo Taw
ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အရက်အမူးလွန်ပြီး ရေမြောင်းအတွင်း ပြုတ်ကျ သေဆုံးတယ်လို့ဆို

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ အရက်အမူးလွန်ပြီး ရေမြောင်းအတွင်း ပြုတ်ကျ သေဆုံးတယ်လို့ဆို

အောက်တိုဘာ ၁၃

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဖြစ်သူ ဦးမျိုးမင်းစိုးကို ရပ်ကွက်ရုံးအနီးက ရေမြောင်းအတွင်းမှာ သေဆုံးလျက် တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေထံက သိရပါတယ်။

အောက်တိုဘာလ ၁၂ ရက်နေ့ မနက်ပိုင်း ၈ နာရီခန့်မှာ သေဆုံးလျက်တွေ့ရှိခဲ့ကြတာလို့ သိရပြီး အောက်တိုဘာလ ၁၁ ရက်နေ့ ညပိုင်းကတည်းက Dawrhlun ရပ်ကွက်ရုံးအနီးက မြောင်းထဲကို အရက်အမူးလွန်ပြီး ပြုတ်ကျနေခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးမျိုးမင်းစိုး သေဆုံးချိန်မှာ အသက် ၅၀ ခန့် ရှိပြီဖြစ်တယ်လို့သိရပြီး ရုပ်အလောင်းကိုတော့ အောက်တိုဘာလ ၁၂ ရက်နေ့ ညနေ ၂ နာရီက Cinmual သုသာန်မှာ မြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဖလမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဖြစ်သူ ဦးမျိုးမင်းစိုးဟာ စစ်တပ် အာဏာမသိမ်းခင် ကာလက ဖလမ်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဖလမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌအဖြစ် အချိန်ကြာမြင့်စွာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ Daily NEWS

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ ရုပ်သံ Afternoon NEWS

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး ပြည်တွင်းသတင်း

ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်အပိုင်းက ရထားလမ်းပေါ်မှာ လူငယ်တဦး ရထားတိုက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ ပြည်တွင်းသတင်း

မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ မိုးမလင်းဈေးသွားတဲ့ အမျိုးသမီး ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဖတ်ရန်