အရေးပေါ်
ပြည်တွင်းသတင်း

လားရှိုးမှာ မီးကြိုးဖြတ်တောက်ခိုးယူတဲ့ အသက်ကြီးပိုင်းအမျိုးသားတဦး ဖမ်းဆီးခံရ

၂၀၂၆ အောက်တိုဘာ ၅ Myo Taw
လားရှိုးမှာ မီးကြိုးဖြတ်တောက်ခိုးယူတဲ့ အသက်ကြီးပိုင်းအမျိုးသားတဦး ဖမ်းဆီးခံရ

လားရှိုးမှာ မီးကြိုးဖြတ်တောက်ခိုးယူတဲ့ အသက်ကြီးပိုင်းအမျိုးသားတဦး ဖမ်းဆီးခံရ

အောက်တိုဘာ ၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ မီးကြိုးဖြတ်တောက်ခိုးယူသူ အသက်ကြီးပိုင်း အမျိုးသားတဦးကို ဒေသခံတွေက ဝိုင်းဝန်းဖမ်းဆီးပြီး အာဏာသိမ်းအစိုးရလက်အောက်ခံ ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ကြတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၃ ရက်နေ့ညက လားရှိုးမြို့၊ ရပ်ကွက်(၉)၊ နယ်မြေ(၁)ရှိ ဓာတ်အားခွဲရုံအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိတဲ့ အမျိုးသားဟာ အသက် ၅၀ ဝန်းကျင်ဖြစ်တယ်လို့ သိရကာ စားဝတ်နေရေးအတွက် အခုလိုလုပ်ရတာလို့ ဆိုပါတယ်။

“ခုနောက်ပိုင်း မီးကြိုးဖြတ်ခိုးတာတွေ မကြာခဏ ကြားနေရတယ်။ ခိုးတဲ့သူတွေက ကြိုးကိုခွာတာ ဒါမှမဟုတ် မီးရှို့တာတွေလုပ်ကြပြီး အထဲက ကြေးကိုရောင်းစားကြတာ။ ကြေးဈေးကလည်း ကောင်းတယ်လေ။ စားဝတ်နေရေး ခက်ခဲလာတော့လည်း လုပ်မိလုပ်ရာ လုပ်နေကြတယ်ထင်ပါတယ်။ မီးကြိုးဖြတ်ခိုးတယ်ဆိုတာ တကယ်တော့ အန္တရာယ်များတယ်၊ မတော်တဆ ဓာတ်လိုက်ပြီး သေသွားနိုင်တယ်” လို့ ဒေသခံအမျိုးသမီးတဦးက မြို့တော်ကို ပြောပါတယ်။

လားရှိုးမြို့မှာ အုပ်စုဖွဲ့ ပြန်ပေးဆွဲမှု၊ နေအိမ်တွေအတွင်း ဝင်ရောက်လုယက် ဓားပြတိုက်မှုနဲ့ ခိုးမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ သွားလာရေးနဲ့ လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့ကလည်း မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ စက်မှုဇုန်(၁၆)လမ်းမှာ တွဲလောင်းကျနေတဲ့ ဓာတ်ကြိုးကို ဖြတ်ခိုးယူရာက အမျိုးသားတဦး ဓာတ်လိုက်သေဆုံးခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

အောက်တိုဘာ ၅ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ ပြည်တွင်းသတင်း

အောက်တိုဘာ ၅ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၅ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
ဆွမ်းကပ်ဖို့သွားတဲ့ကား ဘရိတ်ပေါက်ပြီး လမ်းဘေးရပ်ထားတဲ့ ဘောက်ကားကို ဝင်တိုက်လို့ ၁၀ ဦး သေဆုံးကာ ၃ ဦး ပြင်းထန်ဒဏ်ရာရ ပြည်တွင်းသတင်း

ဆွမ်းကပ်ဖို့သွားတဲ့ကား ဘရိတ်ပေါက်ပြီး လမ်းဘေးရပ်ထားတဲ့ ဘောက်ကားကို ဝင်တိုက်လို့ ၁၀ ဦး သေဆုံးကာ ၃ ဦး ပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ကျေးရွာနဲ့ ကုန်းကျေးရွာကြား၊ မုံရွာ-မန္တလေး ကားလမ်းမပေါ်မှာ လမ်းဘေးရပ်ထားတဲ့ ဘောက်ကား(ကွန်တိန်နာ)ယာဉ်ကို ခရီးသည်တင်လာတဲ့ Hijet ကားတစီးက အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် ဝင်တိုက်ရာက…

ဖတ်ရန်
မွန်ပြည်နယ်ထဲက တံတားတွေ ဖြတ်သန်းသွားလာခွင့် အချိန်တိုးမြှင့်လိုက်တယ်လို့ဆို ပြည်တွင်းသတင်း

မွန်ပြည်နယ်ထဲက တံတားတွေ ဖြတ်သန်းသွားလာခွင့် အချိန်တိုးမြှင့်လိုက်တယ်လို့ဆို

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ထဲက သံလွင်တံတား ၂ စင်းနဲ့ အတ္တရံတံတားတွေမှာ ဖြတ်သန်းသွားလာခွင့်တွေကို ယခင်သတ်မှတ်အချိန်ထက် တိုးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။

ဖတ်ရန်
စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ဒေသခံပြည်သူ ၁၂ ဦး ရဲ့ အရိုးစုတွေ တွေ့ရှိ ရုပ်သံ ပြည်တွင်းသတင်း

စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ဒေသခံပြည်သူ ၁၂ ဦး ရဲ့ အရိုးစုတွေ တွေ့ရှိ

စစ်တပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ဒေသခံပြည်သူ ၁၂ ဦး ရဲ့ အရိုးစုတွေ တွေ့ရှိတဲ့ သတင်းနှင့်အတူ မြို့တော်ရဲ့ နေ့လယ်ခင်းသတင်း တင်ဆက်မှု ၂၀၂၆…

ကြည့်ရန်