အရေးပေါ်
ပြည်တွင်းသတင်း

ကားပေါ် ဂျင်းဘောင်းဘီတွေ သယ်လာလို့ဆိုကာ ယာဥ်မောင်းနဲ့ အတူပါသူတွေကို ပို့ကုန်သွင်းကုန်ဥပဒေနဲ့ ဖမ်းဆီး

၂၀၂၆ အောက်တိုဘာ ၁၉ Myo Taw
ကားပေါ် ဂျင်းဘောင်းဘီတွေ သယ်လာလို့ဆိုကာ ယာဥ်မောင်းနဲ့ အတူပါသူတွေကို ပို့ကုန်သွင်းကုန်ဥပဒေနဲ့ ဖမ်းဆီး

ကားပေါ် ဂျင်းဘောင်းဘီတွေ သယ်လာလို့ဆိုကာ ယာဥ်မောင်းနဲ့ အတူပါသူတွေကို ပို့ကုန်သွင်းကုန်ဥပဒေနဲ့ ဖမ်းဆီး

အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆိုက်ခေါင်ဘက်ကနေ တောင်ကြီးမြို့ကို ဂျင်းဘောင်းဘီတွေ သယ်ဆောင်လာလို့ဆိုကာ အန်စာတုံး မော်တော်ယာဉ်တစီးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့ ညပိုင်းက ဖာမွန်းကျေးရွာအနီး ဆိုက်ခေါင်ဘက်ကနေ တောင်ကြီးဘက်ကို မောင်းနှင်လာတဲ့ အန်စာတုံး မော်တော်ယာဉ်လိုင်းကားကို အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပူးပေါင်းအဖွဲ့က ရပ်တန့်စစ်ဆေးခဲ့ကာ ကားအနောက်ခန်းထဲက တရုတ်ဂျင်းဘောင်းဘီတွေကို သိမ်းဆည်းခဲ့ပြီး ယာဥ်မောင်းနဲ့ အတူပါလာသူတွေကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

“အဲ့လိုတွေ လျှောက်ဖမ်းနေလို့ ကုန်ဈေးနှုန်းတွေတက်တာ။ ကားဆီစရိတ်၊ ဂိတ်ကြေးတွေနဲ့ တချို့ အခွန်စရိတ်တွေနဲ့က တွက်ခြေမကိုက်တော့လို့ တချို့ကားလိုင်းတွေ ခေတ္တရပ်နားထားရတာတွေလည်း ရှိတယ်။ တချို့ကျ ရတဲ့ပစ္စည်းသယ်ပြီး အသက်ဆက်မွေးနေကြရတယ်” လို့ ကုန်ကားသမားတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ သတင်းထုတ်ပြန်ချက်အရ တန်ဖိုးငွေကျပ်သိန်း ၄၅၀ ကျော်တန်ဖိုးရှိ တရုတ်နိုင်ငံထုတ် ဂျင်းဘောင်းဘီတွေကို သယ်ဆောင်လို့ဆိုကာ အမျိုးသား ၃ ဦးကို တောင်ကြီးမြို့မရဲစခန်းမှာ ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈/၁၀ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ ပြည်တွင်းသတင်း

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ ရုပ်သံ ပြည်တွင်းသတင်း

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး ပြည်တွင်းသတင်း

ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်အပိုင်းက ရထားလမ်းပေါ်မှာ လူငယ်တဦး ရထားတိုက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ ပြည်တွင်းသတင်း

မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ မိုးမလင်းဈေးသွားတဲ့ အမျိုးသမီး ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဖတ်ရန်