အရေးပေါ်
ပြည်တွင်းသတင်း

မကွေးမှာ တက္ကသိုလ်ကျောင်းသားတွေကို အခြေခံစစ်သင်တန်း စတင်ပေးနေပြီး အလယ်တန်းနဲ့ အထက်တန်းကျောင်းသားတွေကိုပါ စစ်သင်တန်းပေးဖို့ ပြင်နေ

၂၀၂၆ အောက်တိုဘာ ၂၁ Myo Taw
မကွေးမှာ တက္ကသိုလ်ကျောင်းသားတွေကို အခြေခံစစ်သင်တန်း စတင်ပေးနေပြီး အလယ်တန်းနဲ့ အထက်တန်းကျောင်းသားတွေကိုပါ စစ်သင်တန်းပေးဖို့ ပြင်နေ

မကွေးမှာ တက္ကသိုလ်ကျောင်းသားတွေကို အခြေခံစစ်သင်တန်း စတင်ပေးနေပြီး အလယ်တန်းနဲ့ အထက်တန်းကျောင်းသားတွေကိုပါ စစ်သင်တန်းပေးဖို့ ပြင်နေ

အောက်တိုဘာ ၂၁

မကွေးတိုင်းထဲက မကွေးမြို့ရှိ တက္ကသိုလ်ကျောင်းသာတွေကို ပထမဆုံးအကြိမ် အခြေခံစစ်ပညာသင်တန်း စတင်ပေးနေပြီး အလယ်တန်းနဲ့ အထက်တန်းကျောင်းသားတွေကိုပါ စစ်သင်တန်းပေးဖို့ ပြင်နေတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့က စတင်ကာ နယ်မြေခံ တပ်စခန်းတွေမှာ အခြေခံစစ်သင်တန်းတွေ စတင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး မကွေးမြို့က မကွေးတပ်ရင်း ၃၀၁ မှာ အခြေခံစစ်သင်တန်း အပတ်စဉ်(၁) ကို စတင် သင်တန်းပို့ချနေတာလို့ သိရပါတယ်။

“ကလေးတွေကို သေလမ်းပို့ဖို့ ပြင်နေတာလို့ပဲ မြင်တယ်၊ အားကစားစိတ်ဓာတ်တွေ ကျန်းမာရေးကောင်းတာတွေက လျှောက်ပြောနေတာ။ စစ်မှုထမ်းစုဆောင်းဖို့ လူမရတဲ့ နောက်ပိုင်း ကျောင်းသားတွေကို တဖက်လှည့်နဲ့ ပုံစံသွင်းလာတာ” လို့ မကွေးတက္ကသိုလ်က ဆရာမတဦးက ပြောပါတယ်။

နောက်အပတ်စဉ်တွေမှာ တက္ကသိုလ်တက်ရောက်နေတဲ့ ကျောင်းသားတွေနဲ့ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ကျောင်းဆက်တက်မယ့် ကျောင်းသား၊ ကျောင်းသူတွေကိုလည်း သင်တန်းပေးဖို့ စီစဉ်နေပြီး၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေမှာပါ စစ်အခြေခံသင်တန်း ပေးဖို့ ပြင်နေတယ်လို့ သိရပါတယ်။

စစ်သင်တန်း အပတ်စဉ်တခုကို ၆ ပတ်ခန့် ကြာမယ်လို့ သိရပြီး အပတ်စဉ်တခုကို လူ ၃၀၀ ခန့်နဲ့ စတင်သွားမယ်လို့ သိရပါတယ်။ ပထမအသုတ်ကိုတော့ မကွေးတပ်ရင်း ၃၀၁ မှာ စတင် သင်တန်းပေးနေပြီး ကျောင်းသူတွေကိုတော့ လက်ရှိမှာ ယာယီ ဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ Daily NEWS

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ ရုပ်သံ Afternoon NEWS

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး ပြည်တွင်းသတင်း

ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်အပိုင်းက ရထားလမ်းပေါ်မှာ လူငယ်တဦး ရထားတိုက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ ပြည်တွင်းသတင်း

မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ မိုးမလင်းဈေးသွားတဲ့ အမျိုးသမီး ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဖတ်ရန်