အရေးပေါ်
ပြည်တွင်းသတင်း

ဧရာဝတီမှာ မိုးစပါးခင်းတွေ ရေနစ်မြုပ်ပျက်စီးမှုနဲ့ အတူ ဆန်စပါးဈေး ထပ်တက်၊ ဧရာဝတီပေါ်ဆန်း တင်း ၁၀၀ ကို ၅၂ သိန်းအထိ ရှိလာ

၂၀၂၆ သြဂုတ် ၂၉ Myo Taw
ဧရာဝတီမှာ မိုးစပါးခင်းတွေ ရေနစ်မြုပ်ပျက်စီးမှုနဲ့ အတူ ဆန်စပါးဈေး ထပ်တက်၊ ဧရာဝတီပေါ်ဆန်း တင်း ၁၀၀ ကို ၅၂ သိန်းအထိ ရှိလာ

ဧရာဝတီတိုင်း ဆန်စပါးဈေးကွက်မှာ ဩဂုတ်လကုန်ပိုင်းအတွင်း ဆန်တစ်အိတ်ကို ကျပ် ၅,၀၀၀ ကနေ ၁၅,၀၀၀ အထိနဲ့ စပါးတင်း ၁၀၀ ကို ကျပ် ၁ သိန်းကနေ ၅ သိန်းအထိ ဈေးမြင့်တက်လာတယ်လို့ ဆန်စပါးကုန်သည်တွေထံက သိရပါတယ်။

ဆန်စပါးဈေး မြင့်တက်လာတာဟာ မိုးစပါးခင်းတွေ ရေနစ်မြုပ်ပျက်စီးမှုအပြင် မြေပြင်မှာ စပါးလက်ကျန်နည်းလာတာနဲ့ ရန်ကုန်က ဝယ်လက်တွေရဲ့ ဝယ်လိုအား မြင့်တက်လာတာတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ပုံမှန်အားဖြင့် ရန်ကုန်က ဝယ်လက်တွေဟာ စပါးကို အောက်တိုဘာလလောက်မှ စတင် ဝယ်ယူသိုလှောင်လေ့ရှိပေမယ့် ဒီနှစ်မှာတော့ ရေကြီးနိုင်တဲ့ အခြေအနေတွေကြောင့် ဩဂုတ်လအတွင်းကတည်းက ကြိုတင်ဝယ်ယူမှုတွေ ပြုလုပ်လာတယ်လို့ သိရပါတယ်။

ဩဂုတ် ၂၆ ရက်နေ့ ဈေးနှုန်းတွေအရ ဧရာဝတီပေါ်ဆန်း (ပုသိမ်) ဆန်တစ်အိတ်ကို ကျပ် ၁၇၅,၀၀၀ ကနေ ၁၈၀,၀၀၀ အထိ ရှိပြီး ဧရာဝတီပေါ်ဆန်းစပါး တင်း ၁၀၀ ကို ကျပ် ၅၂ သိန်းအထိ ရှိပါတယ်။ ရက် ၉၀ စပါးက တင်း ၁၀၀ ကို ကျပ် ၃၀ သိန်း၊ GW11 စပါးက ကျပ် ၂၅ သိန်းနဲ့ သုခစပါးက ကျပ် ၂၇ သိန်းအထိ ဈေးပေါက်နေတယ်လို့ သိရပါတယ်။

ဩဂုတ် ၁၃ ရက် ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်ရင် ဆန်စျေးက တစ်အိတ်ကို ကျပ် ၅,၀၀၀ ကနေ ၁၅,၀၀၀ အထိနဲ့ စပါးဈေးက တင်း ၁၀၀ ကို ကျပ် ၁ သိန်းကနေ ၅ သိန်းအထိ မြင့်တက်လာတာတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဧရာဝတီတိုင်းအတွင်း လေးမျက်နှာ၊ ငါးသိုင်းချောင်း၊ ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်းနဲ့ ဟင်္သာမြို့နယ်တွေမှာ မိုးစပါးစိုက်ခင်းတွေ ရေနစ်မြုပ်ပျက်စီးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ ပြည်တွင်းသတင်း

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ ရုပ်သံ ပြည်တွင်းသတင်း

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး ပြည်တွင်းသတင်း

ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်အပိုင်းက ရထားလမ်းပေါ်မှာ လူငယ်တဦး ရထားတိုက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ ပြည်တွင်းသတင်း

မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ မိုးမလင်းဈေးသွားတဲ့ အမျိုးသမီး ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဖတ်ရန်