အရေးပေါ်
ပြည်တွင်းသတင်း

မြို့နယ် ၄ ခုဆုံရာ ပီချောင်းဆုံကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာ ၂ စင်း၊ Y-12 တစ်စင်းနဲ့ ဗုံးကြဲလို့ နို့စို့အရွယ်ကလေးအပါ ၈ ဦးသေဆုံး

၂၀၂၆ အောက်တိုဘာ ၁၉ Myo Taw
မြို့နယ် ၄ ခုဆုံရာ ပီချောင်းဆုံကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာ ၂ စင်း၊ Y-12 တစ်စင်းနဲ့ ဗုံးကြဲလို့ နို့စို့အရွယ်ကလေးအပါ ၈ ဦးသေဆုံး

မြို့နယ် ၄ ခုဆုံရာ ပီချောင်းဆုံကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာ ၂ စင်း၊ Y-12 တစ်စင်းနဲ့ ဗုံးကြဲလို့ နို့စို့အရွယ်ကလေးအပါ ၈ ဦးသေဆုံး

အောက်တိုဘာ ၁၉

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပီချောင်းဆုံ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး သေဆုံးသူ ၈ ဦးထိရှိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၈ ရက် နေ့လယ်ပိုင်းက တံတားဦးလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာ ၂ စင်းက ပီချောင်းဆုံကို ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီနောက် Y-12 လေယာဉ်တစင်းနဲ့ ထပ်မံကာ ဗုံးသီး အလုံး ၂၀ ကျော် ကြဲချတိုက်ခိုက်သွားခဲ့တယ်လို့ သိရပါတယ်။

"သေတဲ့သူအကုန်လုံးက အလုပ်သမားမိသားစုတွေပါ၊ သာမန်မိသားစုတွေပါ၊ သေတဲ့အထဲ နို့စို့အရွယ် ကလေးတယောက်လည်းပါတယ်၊ အိမ်တွေပျက်စီးတယ်၊ လူသေတာ ၈ ယောက်ပါ၊ မနက် ၉ နာရီလောက်ကတည်းက ကင်းထောက်လေယာဥ်ဝဲတယ်၊ ပြီးမှခုလိုလာကြဲတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

ဗုံးကြဲချတိုက်ခိုက်ခံရလို့ သေဆုံးသူတွေဟာ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၃ ဦးနဲ့ လသားအရွယ် နို့စို့ကလေးငယ် ၁ ဦး စုစုပေါင်း ပြည်သူ ၈ ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပီချောင်းဆုံဟာ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ မတူပီ၊ ကန်ပက်လက်နဲ့ ပလက်ဝစတဲ့ မြို့နယ် ၄ ခု ဆုံရာမှာ တည်ရှိတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (4)

ဆက်စပ် သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ Daily NEWS

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ ရုပ်သံ Afternoon NEWS

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး ပြည်တွင်းသတင်း

ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်အပိုင်းက ရထားလမ်းပေါ်မှာ လူငယ်တဦး ရထားတိုက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ ပြည်တွင်းသတင်း

မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ မိုးမလင်းဈေးသွားတဲ့ အမျိုးသမီး ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဖတ်ရန်