အရေးပေါ်
နိုင်ငံတကာသတင်း

ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ပန်းချီကား လေလံတင်မယ်

၂၀၂၆ အောက်တိုဘာ ၁၃ Myo Taw
ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ပန်းချီကား လေလံတင်မယ်

ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ပန်းချီကား လေလံတင်မယ်

အောက်တိုဘာ ၁၃

ကမ္ဘာကျော် ဒတ်ခ်ျပန်းချီဆရာကြီး ဗင်းဆင့် ဗန်ဂိုးရဲ့ နှစ်ပေါင်း ၆၀ ကျော် အများပြည်သူရှေ့က ပျောက်ကွယ်နေခဲ့တဲ့ ရှားပါးလက်ရာတခုကို လာမယ့် နိုဝင်ဘာလ ၁၈ ရက်နေ့ နယူးယောက်မြို့ ဆော့သ်ဘီလေလံအိမ်မှာ လေလံတင် ရောင်းချသွားတော့မယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

အဆိုပါ ပန်းချီကားဟာ အမေရိကန်ဒေါ်လာ သန်း ၁၈၀ ဝန်းကျင်အထိ ရရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး ဗန်ဂိုးရဲ့ လက်ရာတွေထဲမှာ လေလံဈေးနှုန်း စံချိန်သစ်တင်နိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။

“ပန်းပွင့်နေသော သစ်အယ်ပင်များ” “Châtaigniers en fleurs” လို့ အမည်ရတဲ့ အဆိုပါပန်းချီကားကို ၁၈၉၀ ပြည့်နှစ် မေလမှာ ရေးဆွဲခဲ့တာဖြစ်ပြီး ပန်းပွင့်တွေနဲ့ ဝေဆာနေတဲ့ သစ်အယ်ပင်ကြီးတပင်ကို ပုံဖော်ထားတာပါ။ ဒီလက်ရာဟာ ဗန်ဂိုးမကွယ်လွန်မီ နောက်ဆုံးကာလတွေအတွင်း ရေးဆွဲခဲ့တဲ့ အရေးပါတဲ့ ပန်းချီကားတွေထဲက တစ်ချပ်လည်း ဖြစ်ပါတယ်။

ဗန်ဂိုးဟာ ဒီပန်းချီကားကို ရေးဆွဲပြီး နှစ်လခန့်အကြာမှာ ပြင်သစ်နိုင်ငံ အိုဗဲ-ဆူရာအွာ့ဇ်ရွာမှာ အသက် ၃၇ နှစ်အရွယ်နဲ့ ကွယ်လွန်ခဲ့ပါတယ်။

အခုလေလံပွဲမှာ ဒီပန်းချီကားအပြင် နှစ်ပေါင်းများစွာ အများပြည်သူရှေ့ မပြသခဲ့တဲ့ ပန်းချီလက်ရာ စုစုပေါင်း ၁၂ ခုကို လေလံတင် ရောင်းချသွားမှာဖြစ်ပြီး ကမ္ဘာကျော်ပန်းချီဆရာတွေဖြစ်တဲ့ ပေါလ် ဆီဇန်းနဲ့ ကလော့ဒ် မိုနေးတို့ရဲ့ လက်ရာတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။

“ပန်းပွင့်နေသော သစ်အယ်ပင်များ” ပန်းချီကားကို ကြည့်ရှုဖို့ အောက်တိုဘာလ ၁၃ ရက်နေ့က ဟောင်ကောင်မြို့မှာ လူရာနဲ့ချီ တန်းစီခဲ့ကြပြီး လေလံပွဲမတိုင်မီကတည်းက အနုပညာလောကရဲ့ စိတ်ဝင်စားမှုကို ရရှိနေပါတယ်။

Ref & Photo: Reuters

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

ယူကရိန်းစစ်တပ်သုံး Starlink အင်တာနက်လိုင်းကို အရှိန်လျှော့ချဖို့ အီလွန်မတ်စ်ခ် ညွှန်ကြားခဲ့တယ်လို့ WSJ ဖော်ပြ နိုင်ငံတကာသတင်း

ယူကရိန်းစစ်တပ်သုံး Starlink အင်တာနက်လိုင်းကို အရှိန်လျှော့ချဖို့ အီလွန်မတ်စ်ခ် ညွှန်ကြားခဲ့တယ်လို့ WSJ ဖော်ပြ

ယူကရိန်းစစ်တပ်က အဓိကအားထား အသုံးပြုနေတဲ့ SpaceX ကုမ္ပဏီရဲ့ စစ်ဘက်သုံး Starlink ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုကို အရှိန်လျှော့ချကန့်သတ်ဖို့ အီလွန်မတ်စ်ခ်က ညွှန်ကြားခဲ့တယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို…

ဖတ်ရန်
AI chatbot နဲ့ စကားပြောရင်း ကလေးထိန်းကျောင်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ဖမ်းဆီးခံရ နိုင်ငံတကာသတင်း

AI chatbot နဲ့ စကားပြောရင်း ကလေးထိန်းကျောင်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ဖမ်းဆီးခံရ

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ Claude AI chatbot နဲ့ စကားပြောဆိုချိန်အတွင်း အနီးအနားက ကလေးထိန်းကျောင်းကို အစုလိုက်အပြုံလိုက် ပစ်ခတ်တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသားတဦးကို ရဲတပ်ဖွဲ့က…

ဖတ်ရန်
ညမထွက်ရအမိန့်ကြောင့် ပြင်သစ်မြို့ကြီးတွေ ပြန်လည်ငြိမ်သက်လာပေမယ့် လာမယ့်စနေနေ့မှာ ဆန္ဒပြမှုအသစ်တွေ ထပ်မံကြုံရဖွယ်ရှိနေ နိုင်ငံတကာသတင်း

ညမထွက်ရအမိန့်ကြောင့် ပြင်သစ်မြို့ကြီးတွေ ပြန်လည်ငြိမ်သက်လာပေမယ့် လာမယ့်စနေနေ့မှာ ဆန္ဒပြမှုအသစ်တွေ ထပ်မံကြုံရဖွယ်ရှိနေ

ပြင်သစ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မကြုံစဖူး ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာကြောင့် ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတွေမှာ ညပိုင်းအခြေအနေတွေ ပြန်လည်ငြိမ်သက်သွားခဲ့ပေမဲ့ လာမယ့် အောက်တိုဘာလ…

ဖတ်ရန်
အင်္ဂါဂြိုဟ်ရဲ့ လကို စူးစမ်းမယ့် အာကာသယာဉ် ဂျပန် လွှတ်တင် နိုင်ငံတကာသတင်း

အင်္ဂါဂြိုဟ်ရဲ့ လကို စူးစမ်းမယ့် အာကာသယာဉ် ဂျပန် လွှတ်တင်

အင်္ဂါဂြိုဟ်ရဲ့ လတစ်စင်းဖြစ်တဲ့ ဖိုဘော့စ် (Phobos) ပေါ်က မြေသားနမူနာတွေကို ကမ္ဘာမြေကို ပြန်လည်ယူဆောင်လာဖို့ ရည်ရွယ်ထားတဲ့ အာကာသစူးစမ်းရေးမစ်ရှင်ကို ဂျပန်နိုင်ငံက စတင်လိုက်ပါတယ်။

ဖတ်ရန်