အရေးပေါ်
နိုင်ငံတကာသတင်း

အစ္စရေးရွေးကောက်ပွဲမတိုင်မီ နေတန်ယာဟုကို ထောက်ခံကြောင်း ထရမ့် ကြေညာ

၂၀၂၆ အောက်တိုဘာ ၁၉ Myo Taw
အစ္စရေးရွေးကောက်ပွဲမတိုင်မီ နေတန်ယာဟုကို ထောက်ခံကြောင်း ထရမ့် ကြေညာ

အစ္စရေးရွေးကောက်ပွဲမတိုင်မီ နေတန်ယာဟုကို ထောက်ခံကြောင်း ထရမ့် ကြေညာ

အောက်တိုဘာ ၁၉

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လာမယ့်သီတင်းပတ်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အစ္စရေးပါလီမန်ရွေးကောက်ပွဲမတိုင်မီ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကို ထောက်ခံကြောင်း ကြေညာလိုက်ပါတယ်။

ထရမ့်ဟာ အောက်တိုဘာ ၁၈ ရက် တနင်္ဂနွေနေ့က လူမှုကွန်ရက်ပေါ်မှာ ရေးသားဖော်ပြခဲ့တာဖြစ်ပြီး အီရန်ကို ဆန့်ကျင်တဲ့ စစ်ဆင်ရေးတွေမှာ အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးပါမှုကို အလေးပေးပြောကြားခဲ့ပါတယ်။

ထရမ့်က “အစ္စရေးနိုင်ငံရဲ့ ကြီးမြတ်တဲ့ ပြည်သူများသို့” ဆိုတဲ့ ခေါင်းစဉ်နဲ့ စတင်ရေးသားခဲ့ပြီး နေတန်ယာဟုဟာ ကြီးမြတ်တဲ့ စစ်သည်တော် ဝန်ကြီးချုပ်တစ်ဦးဖြစ်သလို ငြိမ်းချမ်းရေးအတွက်လည်း ပိုမိုကောင်းမွန်တဲ့ မိတ်ဖက်တစ်ဦးဖြစ်ကြောင်း၊ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံကို တိုက်ဖျက်ရာမှာ သူ့ရဲ့အခန်းကဏ္ဍက အရေးပါတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ထရမ့်က “ဒီစာကို နေတန်ယာဟုအပေါ် ကျွန်တော့်ရဲ့ အပြည့်အဝနဲ့ လုံးဝထောက်ခံမှုကို ဖော်ပြတဲ့စာအဖြစ် မှတ်ယူနိုင်ပါတယ်” လို့ ဆက်လက်ရေးသားခဲ့ပါတယ်။

ထရမ့်ရဲ့ ထောက်ခံကြောင်း ကြေညာချက် ထွက်ပေါ်လာချိန်မှာ အစ္စရေးနိုင်ငံရဲ့ နောက်ဆုံးထုတ် လူထုသဘောထားစစ်တမ်းတွေအရ နေတန်ယာဟုရဲ့ လက်ယာယိမ်း လီကွတ်ပါတီ (Likud Party) ဟာ အောက်တိုဘာ ၂၇ ရက် ရွေးကောက်ပွဲမှာ ပါလီမန်အမတ်နေရာတချို့ ဆုံးရှုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ထရမ့်ဟာ အောက်တိုဘာ ၁၈ ရက် မတိုင်မီအထိ အစ္စရေးရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘယ်ဘက်ကိုမှ ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုတာ မရှိခဲ့ပါဘူး။

နေတန်ယာဟုကတော့ ဗီဒီယိုမိန့်ခွန်းတစ်ခုကတစ်ဆင့် ထရမ့်ရဲ့ ထောက်ခံမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး အခုလို ထူးခြားတဲ့ ထောက်ခံမှုရရှိတဲ့အတွက် “ဂုဏ်ယူဝမ်းမြောက်သလို မိမိကိုယ်ကိုလည်း နှိမ့်ချမိပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အစ္စရေးဝန်ကြီးချုပ်က အီရန်နဲ့ပတ်သက်ပြီး အပြီးသတ်ဆောင်ရွက်ရမယ့် တာဝန်တစ်ခု ကျန်ရှိနေသေးတယ်လို့ ပြောဆိုထားသလို ထရမ့်ကလည်း နေတန်ယာဟုကလွဲပြီး အခြားဘယ်သူမှ အီရန်အပေါ် ဆောင်ရွက်ရမယ့် မစ်ရှင်ကို အဆုံးသတ်နိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ကြောင်း သူက ပြောပါတယ်။

နေတန်ယာဟုက ဒီကိစ္စဟာ အစ္စရေးနိုင်ငံရဲ့ “တည်ရှိမှုကိုယ်တိုင်နဲ့ သက်ဆိုင်နေတယ်” လို့ အလေးပေးပြောဆိုထားတဲ့အပြင် အာဏာဆက်လက်ရယူနိုင်ဖို့နဲ့ အမေရိကန်နဲ့ ပူးပေါင်းပြီး အီရန်ရဲ့ ခြိမ်းခြောက်မှုကို ဖယ်ရှားနိုင်ဖို့ သူရဲ့ပါတီကို ထောက်ခံကြဖို့ အစ္စရေးပြည်သူတွေကို တိုက်တွန်းထားပါတယ်။

ရွေးကောက်ပွဲနီးကပ်လာချိန်မှာ နေတန်ယာဟု ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအခြေအနေအပေါ် ထရမ့်ရဲ့ ထောက်ခံမှုက အစ္စရေးပြည်သူတွေရဲ့ သဘောထားအမြင်ကို ဘယ်လိုသက်ရောက်စေမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref & Photo:NHK

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

ယူကရိန်းစစ်တပ်သုံး Starlink အင်တာနက်လိုင်းကို အရှိန်လျှော့ချဖို့ အီလွန်မတ်စ်ခ် ညွှန်ကြားခဲ့တယ်လို့ WSJ ဖော်ပြ နိုင်ငံတကာသတင်း

ယူကရိန်းစစ်တပ်သုံး Starlink အင်တာနက်လိုင်းကို အရှိန်လျှော့ချဖို့ အီလွန်မတ်စ်ခ် ညွှန်ကြားခဲ့တယ်လို့ WSJ ဖော်ပြ

ယူကရိန်းစစ်တပ်က အဓိကအားထား အသုံးပြုနေတဲ့ SpaceX ကုမ္ပဏီရဲ့ စစ်ဘက်သုံး Starlink ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုကို အရှိန်လျှော့ချကန့်သတ်ဖို့ အီလွန်မတ်စ်ခ်က ညွှန်ကြားခဲ့တယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို…

ဖတ်ရန်
AI chatbot နဲ့ စကားပြောရင်း ကလေးထိန်းကျောင်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ဖမ်းဆီးခံရ နိုင်ငံတကာသတင်း

AI chatbot နဲ့ စကားပြောရင်း ကလေးထိန်းကျောင်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ဖမ်းဆီးခံရ

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ Claude AI chatbot နဲ့ စကားပြောဆိုချိန်အတွင်း အနီးအနားက ကလေးထိန်းကျောင်းကို အစုလိုက်အပြုံလိုက် ပစ်ခတ်တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသားတဦးကို ရဲတပ်ဖွဲ့က…

ဖတ်ရန်
ညမထွက်ရအမိန့်ကြောင့် ပြင်သစ်မြို့ကြီးတွေ ပြန်လည်ငြိမ်သက်လာပေမယ့် လာမယ့်စနေနေ့မှာ ဆန္ဒပြမှုအသစ်တွေ ထပ်မံကြုံရဖွယ်ရှိနေ နိုင်ငံတကာသတင်း

ညမထွက်ရအမိန့်ကြောင့် ပြင်သစ်မြို့ကြီးတွေ ပြန်လည်ငြိမ်သက်လာပေမယ့် လာမယ့်စနေနေ့မှာ ဆန္ဒပြမှုအသစ်တွေ ထပ်မံကြုံရဖွယ်ရှိနေ

ပြင်သစ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မကြုံစဖူး ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာကြောင့် ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတွေမှာ ညပိုင်းအခြေအနေတွေ ပြန်လည်ငြိမ်သက်သွားခဲ့ပေမဲ့ လာမယ့် အောက်တိုဘာလ…

ဖတ်ရန်
အင်္ဂါဂြိုဟ်ရဲ့ လကို စူးစမ်းမယ့် အာကာသယာဉ် ဂျပန် လွှတ်တင် နိုင်ငံတကာသတင်း

အင်္ဂါဂြိုဟ်ရဲ့ လကို စူးစမ်းမယ့် အာကာသယာဉ် ဂျပန် လွှတ်တင်

အင်္ဂါဂြိုဟ်ရဲ့ လတစ်စင်းဖြစ်တဲ့ ဖိုဘော့စ် (Phobos) ပေါ်က မြေသားနမူနာတွေကို ကမ္ဘာမြေကို ပြန်လည်ယူဆောင်လာဖို့ ရည်ရွယ်ထားတဲ့ အာကာသစူးစမ်းရေးမစ်ရှင်ကို ဂျပန်နိုင်ငံက စတင်လိုက်ပါတယ်။

ဖတ်ရန်