အရေးပေါ်
နိုင်ငံတကာသတင်း

စစ်ဘက်သုံး ဒရုန်းတပ်ဖွဲ့ တိုးချဲ့ရေး အထူးဘတ်ဂျက် အမေရိကန်ဒေါ်လာ ၆ ဘီလီယံနီးပါးကို ထိုင်ဝမ်လွှတ်တော် ပယ်ချ

၂၀၂၆ သြဂုတ် ၂၉ Myo Taw
စစ်ဘက်သုံး ဒရုန်းတပ်ဖွဲ့ တိုးချဲ့ရေး အထူးဘတ်ဂျက် အမေရိကန်ဒေါ်လာ ၆ ဘီလီယံနီးပါးကို ထိုင်ဝမ်လွှတ်တော် ပယ်ချ

ထိုင်ဝမ်စစ်တပ်ရဲ့ ဒရုန်းတပ်ဖွဲ့ကို အကြီးအကျယ် တိုးချဲ့ဖို့ အစိုးရက တင်သွင်းထားတဲ့ ထိုင်ဝမ်ဒေါ်လာ ၂၁၀ ဘီလီယံ (ယူကေပေါင် ၄ ဒသမ ၉ ဘီလီယံခန့်) အထူးဘတ်ဂျက် အစီအစဉ်ကို ထိုင်ဝမ်လွှတ်တော်က ပယ်ချလိုက်ပါတယ်။

လွှတ်တော်အနေနဲ့ အဆိုပါ အဆိုပြုချက်အစား အတိုက်အခံပါတီရဲ့ တစ်နှစ်လျှင် ထိုင်ဝမ်ဒေါ်လာ ဘီလီယံ ၄၀ စီ ခွဲဝေသုံးစွဲရေး အစီအစဉ်ကိုသာ အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန်ကူးကတော့ တရုတ်ရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေ မြင့်တက်နေချိန်မှာ ၂၀၃၁ ခုနှစ်အထိ စစ်ဘက်သုံး ဒရုန်းအစီးရေ ၂ သိန်း ၁ သောင်းကျော် ဝယ်ယူဖို့ အစိုးရဘက်က စီစဉ်ခဲ့ပေမယ့် လွှတ်တော်ရဲ့ အခုလို ကန့်သတ်လိုက်မှုဟာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်ရေး စွမ်းရည် မြှင့်တင်ရေးကို အဟန့်အတား ဖြစ်စေနိုင်တယ်လို့ သတိပေးပြောဆိုထားပါတယ်။

အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) ကလည်း ဘတ်ဂျက်စိစစ်မှု ကြန့်ကြာနေခြင်းဟာ နိုင်ငံရဲ့ အရေးပေါ် ကာကွယ်ရေး လိုအပ်ချက်တွေအတွက် မရေရာမှုတွေ ပေါ်ပေါက်စေတယ်လို့ ထောက်ပြထားပါတယ်။

ဒါပေမယ့်လည်း အဓိကအတိုက်အခံ ကူမင်တန်ပါတီမှ လွှတ်တော်အမတ်က အစိုးရအနေနဲ့ ထိန်းကျောင်းစိစစ်မှု မရှိဘဲ ဘတ်ဂျက်တောင်းခံလို့ မရကြောင်းနဲ့ အတိုက်အခံတွေရဲ့ အစီအစဉ်ကသာ ဘတ်ဂျက်သုံးစွဲမှုကို ပိုမို ထိရောက်စွာ စိစစ်နိုင်မှာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ထိုင်ဝမ် ဝန်ကြီးချုပ် ချိုဂျောင်တိုင်ကတော့ လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းဟာ နိုင်ငံရဲ့ ကာကွယ်ရေး လိုအပ်ချက်နဲ့ ဒရုန်းစက်မှုလုပ်ငန်း တိုးတက်ရေးတို့အတွက် ကိုက်ညီမှု ရှိ၊ မရှိ သေချာစိစစ် သုံးသပ်သွားမယ်လို့ ပြောဆိုထားပါတယ်။

Ref; The Independent

Photo;Reuters

ဆက်စပ် သတင်းများ

ယူကရိန်းစစ်တပ်သုံး Starlink အင်တာနက်လိုင်းကို အရှိန်လျှော့ချဖို့ အီလွန်မတ်စ်ခ် ညွှန်ကြားခဲ့တယ်လို့ WSJ ဖော်ပြ နိုင်ငံတကာသတင်း

ယူကရိန်းစစ်တပ်သုံး Starlink အင်တာနက်လိုင်းကို အရှိန်လျှော့ချဖို့ အီလွန်မတ်စ်ခ် ညွှန်ကြားခဲ့တယ်လို့ WSJ ဖော်ပြ

ယူကရိန်းစစ်တပ်က အဓိကအားထား အသုံးပြုနေတဲ့ SpaceX ကုမ္ပဏီရဲ့ စစ်ဘက်သုံး Starlink ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုကို အရှိန်လျှော့ချကန့်သတ်ဖို့ အီလွန်မတ်စ်ခ်က ညွှန်ကြားခဲ့တယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို…

ဖတ်ရန်
AI chatbot နဲ့ စကားပြောရင်း ကလေးထိန်းကျောင်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ဖမ်းဆီးခံရ နိုင်ငံတကာသတင်း

AI chatbot နဲ့ စကားပြောရင်း ကလေးထိန်းကျောင်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ဖမ်းဆီးခံရ

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ Claude AI chatbot နဲ့ စကားပြောဆိုချိန်အတွင်း အနီးအနားက ကလေးထိန်းကျောင်းကို အစုလိုက်အပြုံလိုက် ပစ်ခတ်တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသားတဦးကို ရဲတပ်ဖွဲ့က…

ဖတ်ရန်
ညမထွက်ရအမိန့်ကြောင့် ပြင်သစ်မြို့ကြီးတွေ ပြန်လည်ငြိမ်သက်လာပေမယ့် လာမယ့်စနေနေ့မှာ ဆန္ဒပြမှုအသစ်တွေ ထပ်မံကြုံရဖွယ်ရှိနေ နိုင်ငံတကာသတင်း

ညမထွက်ရအမိန့်ကြောင့် ပြင်သစ်မြို့ကြီးတွေ ပြန်လည်ငြိမ်သက်လာပေမယ့် လာမယ့်စနေနေ့မှာ ဆန္ဒပြမှုအသစ်တွေ ထပ်မံကြုံရဖွယ်ရှိနေ

ပြင်သစ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မကြုံစဖူး ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာကြောင့် ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတွေမှာ ညပိုင်းအခြေအနေတွေ ပြန်လည်ငြိမ်သက်သွားခဲ့ပေမဲ့ လာမယ့် အောက်တိုဘာလ…

ဖတ်ရန်
အင်္ဂါဂြိုဟ်ရဲ့ လကို စူးစမ်းမယ့် အာကာသယာဉ် ဂျပန် လွှတ်တင် နိုင်ငံတကာသတင်း

အင်္ဂါဂြိုဟ်ရဲ့ လကို စူးစမ်းမယ့် အာကာသယာဉ် ဂျပန် လွှတ်တင်

အင်္ဂါဂြိုဟ်ရဲ့ လတစ်စင်းဖြစ်တဲ့ ဖိုဘော့စ် (Phobos) ပေါ်က မြေသားနမူနာတွေကို ကမ္ဘာမြေကို ပြန်လည်ယူဆောင်လာဖို့ ရည်ရွယ်ထားတဲ့ အာကာသစူးစမ်းရေးမစ်ရှင်ကို ဂျပန်နိုင်ငံက စတင်လိုက်ပါတယ်။

ဖတ်ရန်