အရေးပေါ်
နိုင်ငံတကာသတင်း

အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းပြီးနောက် တောင်ကိုရီးယားသမ္မတရဲ့ ထိပ်တန်းမူဝါဒအကြံပေး နုတ်ထွက်

၂၀၂၆ စက်တင်ဘာ ၁ Myo Taw
အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းပြီးနောက် တောင်ကိုရီးယားသမ္မတရဲ့ ထိပ်တန်းမူဝါဒအကြံပေး နုတ်ထွက်

အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းပြီးနောက် တောင်ကိုရီးယားသမ္မတရဲ့ ထိပ်တန်းမူဝါဒအကြံပေး နုတ်ထွက်

စက်တင်ဘာ ၁

တောင်ကိုရီးယားသမ္မတ လီဂျယ်မြောင်ရဲ့ လူထုထောက်ခံမှုနှုန်း ကျဆင်းလာချိန်မှာပဲ အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ အကြီးတန်းအကြံပေးတွေကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် သမ္မတရဲ့ ထိပ်တန်းမူဝါဒရေးရာ အကြံပေးပုဂ္ဂိုလ် ရာထူးကနေ နုတ်ထွက်သွားပြီဖြစ်ကြောင်း သမ္မတအိမ်တော် ဘလူးဟောက်စ်က စက်တင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ရာထူးက နုတ်ထွက်သွားတဲ့ ကင်မ်ယောင်ဘွမ် ဟာ အိမ်ရာကဏ္ဍနဲ့ စတော့ဈေးကွက်ဆိုင်ရာ ကိစ္စရပ်တွေအပါအဝင် သမ္မတ လီဂျယ်မြောင်ရဲ့ စီးပွားရေးမူဝါဒတွေမှာ အဓိကကျတဲ့ အကြံပေးတစ်ဦး ဖြစ်ပါတယ်။ သမ္မတ လီ အနေနဲ့ ကင်မ်ရဲ့ နုတ်ထွက်စာကို စက်တင်ဘာ ၁ ရက်နေ့မှာ လက်ခံအတည်ပြုပေးခဲ့တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားပါတယ်။

ဒီနုတ်ထွက်မှုဟာ ဩဂုတ် ၃၀ ရက်က သမ္မတရုံးက ကြေညာခဲ့တဲ့ အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းမှုအပြီးမှာ ပေါ်ပေါက်လာတာပါ။ အဲဒီပြင်ဆင်ဖွဲ့စည်းမှုမှာ စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီး၊ မြေယာဝန်ကြီး အပါအဝင် ဝန်ကြီးအသစ် ခြောက်ဦးနဲ့ သမ္မတရုံး အကြီးတန်းအကြံပေးအရာရှိ အသစ်တွေကို အစားထိုးခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် သမ္မတ လီ ဟာ ဩဂုတ်လနှောင်းပိုင်းကလည်း ကုန်သွယ်ရေးဝန်ကြီးအသစ်တစ်ဦးကို ခန့်အပ်ခဲ့ပါသေးတယ်။

Realmeter စစ်တမ်းကောက်ယူရေးအဖွဲ့ရဲ့ ဩဂုတ် ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ လူထုသဘောထားစစ်တမ်းအရ သမ္မတ လီ ရဲ့ ထောက်ခံမှုနှုန်းဟာ ၁ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းသွားပြီး ၃၈ ဒသမ ၉ ရာခိုင်နှုန်းအထိ ရောက်ရှိသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ ပြီးခဲ့တဲ့နှစ် ဇွန်လမှာ သမ္မတအဖြစ် စတင်တာဝန်ယူခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ထောက်ခံမှုနှုန်း ၃၀ ရာခိုင်နှုန်းဝန်းကျင်အထိ ကျဆင်းသွားတာလည်း ဖြစ်ပါတယ်။

အိမ်ရာဈေးနှုန်းတွေနဲ့ အိမ်ငှားခတွေ ကြီးမြင့်လာမှုအပေါ် ကိုရီယားပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာတာက လူထုထောက်ခံမှု ကျဆင်းသွားရတဲ့ အဓိကအကြောင်းရင်းဖြစ်တယ်လို့ အဆိုပါ စစ်တမ်းကောက်ယူရေးအဖွဲ့က သုံးသပ်ဖော်ပြထားပါတယ်။

Ref; Reuters
Photo; Reuters, Yonhap


မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

ယူကရိန်းစစ်တပ်သုံး Starlink အင်တာနက်လိုင်းကို အရှိန်လျှော့ချဖို့ အီလွန်မတ်စ်ခ် ညွှန်ကြားခဲ့တယ်လို့ WSJ ဖော်ပြ နိုင်ငံတကာသတင်း

ယူကရိန်းစစ်တပ်သုံး Starlink အင်တာနက်လိုင်းကို အရှိန်လျှော့ချဖို့ အီလွန်မတ်စ်ခ် ညွှန်ကြားခဲ့တယ်လို့ WSJ ဖော်ပြ

ယူကရိန်းစစ်တပ်က အဓိကအားထား အသုံးပြုနေတဲ့ SpaceX ကုမ္ပဏီရဲ့ စစ်ဘက်သုံး Starlink ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုကို အရှိန်လျှော့ချကန့်သတ်ဖို့ အီလွန်မတ်စ်ခ်က ညွှန်ကြားခဲ့တယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို…

ဖတ်ရန်
AI chatbot နဲ့ စကားပြောရင်း ကလေးထိန်းကျောင်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ဖမ်းဆီးခံရ နိုင်ငံတကာသတင်း

AI chatbot နဲ့ စကားပြောရင်း ကလေးထိန်းကျောင်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ဖမ်းဆီးခံရ

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ Claude AI chatbot နဲ့ စကားပြောဆိုချိန်အတွင်း အနီးအနားက ကလေးထိန်းကျောင်းကို အစုလိုက်အပြုံလိုက် ပစ်ခတ်တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသားတဦးကို ရဲတပ်ဖွဲ့က…

ဖတ်ရန်
ညမထွက်ရအမိန့်ကြောင့် ပြင်သစ်မြို့ကြီးတွေ ပြန်လည်ငြိမ်သက်လာပေမယ့် လာမယ့်စနေနေ့မှာ ဆန္ဒပြမှုအသစ်တွေ ထပ်မံကြုံရဖွယ်ရှိနေ နိုင်ငံတကာသတင်း

ညမထွက်ရအမိန့်ကြောင့် ပြင်သစ်မြို့ကြီးတွေ ပြန်လည်ငြိမ်သက်လာပေမယ့် လာမယ့်စနေနေ့မှာ ဆန္ဒပြမှုအသစ်တွေ ထပ်မံကြုံရဖွယ်ရှိနေ

ပြင်သစ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မကြုံစဖူး ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာကြောင့် ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတွေမှာ ညပိုင်းအခြေအနေတွေ ပြန်လည်ငြိမ်သက်သွားခဲ့ပေမဲ့ လာမယ့် အောက်တိုဘာလ…

ဖတ်ရန်
အင်္ဂါဂြိုဟ်ရဲ့ လကို စူးစမ်းမယ့် အာကာသယာဉ် ဂျပန် လွှတ်တင် နိုင်ငံတကာသတင်း

အင်္ဂါဂြိုဟ်ရဲ့ လကို စူးစမ်းမယ့် အာကာသယာဉ် ဂျပန် လွှတ်တင်

အင်္ဂါဂြိုဟ်ရဲ့ လတစ်စင်းဖြစ်တဲ့ ဖိုဘော့စ် (Phobos) ပေါ်က မြေသားနမူနာတွေကို ကမ္ဘာမြေကို ပြန်လည်ယူဆောင်လာဖို့ ရည်ရွယ်ထားတဲ့ အာကာသစူးစမ်းရေးမစ်ရှင်ကို ဂျပန်နိုင်ငံက စတင်လိုက်ပါတယ်။

ဖတ်ရန်