အရေးပေါ်
နိုင်ငံတကာသတင်း

အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းပြီးနောက် တောင်ကိုရီးယားသမ္မတရဲ့ ထိပ်တန်းမူဝါဒအကြံပေး နုတ်ထွက်

၂၀၂၆ စက်တင်ဘာ ၁ Myo Taw
အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းပြီးနောက် တောင်ကိုရီးယားသမ္မတရဲ့ ထိပ်တန်းမူဝါဒအကြံပေး နုတ်ထွက်

အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းပြီးနောက် တောင်ကိုရီးယားသမ္မတရဲ့ ထိပ်တန်းမူဝါဒအကြံပေး နုတ်ထွက်

စက်တင်ဘာ ၁

တောင်ကိုရီးယားသမ္မတ လီဂျယ်မြောင်ရဲ့ လူထုထောက်ခံမှုနှုန်း ကျဆင်းလာချိန်မှာပဲ အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ အကြီးတန်းအကြံပေးတွေကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် သမ္မတရဲ့ ထိပ်တန်းမူဝါဒရေးရာ အကြံပေးပုဂ္ဂိုလ် ရာထူးကနေ နုတ်ထွက်သွားပြီဖြစ်ကြောင်း သမ္မတအိမ်တော် ဘလူးဟောက်စ်က စက်တင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ရာထူးက နုတ်ထွက်သွားတဲ့ ကင်မ်ယောင်ဘွမ် ဟာ အိမ်ရာကဏ္ဍနဲ့ စတော့ဈေးကွက်ဆိုင်ရာ ကိစ္စရပ်တွေအပါအဝင် သမ္မတ လီဂျယ်မြောင်ရဲ့ စီးပွားရေးမူဝါဒတွေမှာ အဓိကကျတဲ့ အကြံပေးတစ်ဦး ဖြစ်ပါတယ်။ သမ္မတ လီ အနေနဲ့ ကင်မ်ရဲ့ နုတ်ထွက်စာကို စက်တင်ဘာ ၁ ရက်နေ့မှာ လက်ခံအတည်ပြုပေးခဲ့တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားပါတယ်။

ဒီနုတ်ထွက်မှုဟာ ဩဂုတ် ၃၀ ရက်က သမ္မတရုံးက ကြေညာခဲ့တဲ့ အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းမှုအပြီးမှာ ပေါ်ပေါက်လာတာပါ။ အဲဒီပြင်ဆင်ဖွဲ့စည်းမှုမှာ စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီး၊ မြေယာဝန်ကြီး အပါအဝင် ဝန်ကြီးအသစ် ခြောက်ဦးနဲ့ သမ္မတရုံး အကြီးတန်းအကြံပေးအရာရှိ အသစ်တွေကို အစားထိုးခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် သမ္မတ လီ ဟာ ဩဂုတ်လနှောင်းပိုင်းကလည်း ကုန်သွယ်ရေးဝန်ကြီးအသစ်တစ်ဦးကို ခန့်အပ်ခဲ့ပါသေးတယ်။

Realmeter စစ်တမ်းကောက်ယူရေးအဖွဲ့ရဲ့ ဩဂုတ် ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ လူထုသဘောထားစစ်တမ်းအရ သမ္မတ လီ ရဲ့ ထောက်ခံမှုနှုန်းဟာ ၁ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းသွားပြီး ၃၈ ဒသမ ၉ ရာခိုင်နှုန်းအထိ ရောက်ရှိသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ ပြီးခဲ့တဲ့နှစ် ဇွန်လမှာ သမ္မတအဖြစ် စတင်တာဝန်ယူခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ထောက်ခံမှုနှုန်း ၃၀ ရာခိုင်နှုန်းဝန်းကျင်အထိ ကျဆင်းသွားတာလည်း ဖြစ်ပါတယ်။

အိမ်ရာဈေးနှုန်းတွေနဲ့ အိမ်ငှားခတွေ ကြီးမြင့်လာမှုအပေါ် ကိုရီယားပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာတာက လူထုထောက်ခံမှု ကျဆင်းသွားရတဲ့ အဓိကအကြောင်းရင်းဖြစ်တယ်လို့ အဆိုပါ စစ်တမ်းကောက်ယူရေးအဖွဲ့က သုံးသပ်ဖော်ပြထားပါတယ်။

Ref; Reuters
Photo; Reuters, Yonhap


မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

ကမ္ဘာ့ကုန်သွယ်ရေး မညီမျှမှု လျှော့ချဖို့ တရုတ်အပေါ် ကုန်သွယ်ရေးအတားအဆီးတွေ တိုးမြှင့်ရန် G20 ကို အမေရိကန် တိုက်တွန်း နိုင်ငံတကာသတင်း

ကမ္ဘာ့ကုန်သွယ်ရေး မညီမျှမှု လျှော့ချဖို့ တရုတ်အပေါ် ကုန်သွယ်ရေးအတားအဆီးတွေ တိုးမြှင့်ရန် G20 ကို အမေရိကန် တိုက်တွန်း

ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး မညီမျှမှုတွေကို လျှော့ချဖို့အတွက် တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုဆိုင်ရာ သတ်မှတ်ချက်တွေကို ပြန်လည်သုံးသပ်ကြဖို့ လာမယ့် G20 အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းသွားမယ်လို့ အမေရိကန်…

ဖတ်ရန်
ရာသီဥတု ဆိုးရွားမှုကြောင့် နီပေါရေဘေးကယ်ဆယ်ရေး ယာယီရပ်ဆိုင်း၊ ဘေးအန္တရာယ် ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံခြားနည်းပညာအကူအညီ လိုအပ်နေ နိုင်ငံတကာသတင်း

ရာသီဥတု ဆိုးရွားမှုကြောင့် နီပေါရေဘေးကယ်ဆယ်ရေး ယာယီရပ်ဆိုင်း၊ ဘေးအန္တရာယ် ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံခြားနည်းပညာအကူအညီ လိုအပ်နေ

နီပေါနိုင်ငံမှာ ဩဂုတ်လ ၂၆ ရက်က ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ပြီး ရာသီဥတုဆိုးရွားမှုကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဩဂုတ်လ ၂၉ ရက်မှာ ယာယီရပ်ဆိုင်းထားရတယ်လို့…

ဖတ်ရန်
စစ်ဘက်သုံး ဒရုန်းတပ်ဖွဲ့ တိုးချဲ့ရေး အထူးဘတ်ဂျက် အမေရိကန်ဒေါ်လာ ၆ ဘီလီယံနီးပါးကို ထိုင်ဝမ်လွှတ်တော် ပယ်ချ နိုင်ငံတကာသတင်း

စစ်ဘက်သုံး ဒရုန်းတပ်ဖွဲ့ တိုးချဲ့ရေး အထူးဘတ်ဂျက် အမေရိကန်ဒေါ်လာ ၆ ဘီလီယံနီးပါးကို ထိုင်ဝမ်လွှတ်တော် ပယ်ချ

ထိုင်ဝမ်စစ်တပ်ရဲ့ ဒရုန်းတပ်ဖွဲ့ကို အကြီးအကျယ် တိုးချဲ့ဖို့ အစိုးရက တင်သွင်းထားတဲ့ ထိုင်ဝမ်ဒေါ်လာ ၂၁၀ ဘီလီယံ (ယူကေပေါင် ၄ ဒသမ ၉ ဘီလီယံခန့်)…

ဖတ်ရန်
Meta ရဲ့ လူငယ်ကာကွယ်ရေးအစီအစဉ် ကမ္ဘာတစ်ဝန်းလုံး ကျင့်သုံးသင့်တယ်လို့ တောင်ကိုရီးယား ပြော နိုင်ငံတကာသတင်း

Meta ရဲ့ လူငယ်ကာကွယ်ရေးအစီအစဉ် ကမ္ဘာတစ်ဝန်းလုံး ကျင့်သုံးသင့်တယ်လို့ တောင်ကိုရီးယား ပြော

လူငယ်တွေ လူမှုကွန်ရက်အသုံးပြုမှုကို အလွန်အကျွံဖြစ်စေနိုင်တဲ့ လုပ်ဆောင်ချက်တွေကို ကန့်သတ်မယ့် Meta ရဲ့ အစီအစဉ်တွေကို ကမ္ဘာတစ်ဝန်းက လူငယ်အသုံးပြုသူတွေအတွက်ပါ ကျင့်သုံးသင့်တယ်လို့ တောင်ကိုရီးယား မီဒီယာနဲ့ ဆက်သွယ်ရေးကော်မရှင်…

ဖတ်ရန်