အရေးပေါ်
နိုင်ငံတကာသတင်း

ပါကစ္စတန်က အစိုးရဆေးရုံတခုမှာ အဲယားကွန်းစနစ် ချို့ယွင်းမှုကနေ မီးလောင်မှုဖြစ်ပွားပြီး မွေးကင်းစကလေးငယ် ၁၅ ဦး သေဆုံး

၂၀၂၆ သြဂုတ် ၂၆ Myo Taw
ပါကစ္စတန်က အစိုးရဆေးရုံတခုမှာ အဲယားကွန်းစနစ် ချို့ယွင်းမှုကနေ မီးလောင်မှုဖြစ်ပွားပြီး မွေးကင်းစကလေးငယ် ၁၅ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ အစ္စလမ္မာဘတ်မြို့က အစိုးရဆေးရုံတခုမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မွေးကင်းစ ကလေးငယ် ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုဟာ ဩဂုတ် ၂၆ ရက်နေ့ မနက် ၇ နာရီဝန်းကျင်မှာ ပါကစ္စတန် ဆေးဘက်ဆိုင်ရာသိပ္ပံအင်စတီကျု (PIMS) ဆေးရုံရဲ့ မိခင်နဲ့ကလေးကျန်းမာရေးဌာန တတိယထပ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲယားကွန်းစနစ် ချို့ယွင်းမှုကနေ မီးစတင်လောင်ကျွမ်းခဲ့တာလို့ ဒေသတွင်း ရုပ်သံဌာန Geo TV က ဆိုပါတယ်။

မီးလောင်ချိန်မှာ အဆိုပါဆောင်အတွင်း မွေးကင်းစကလေး ၁၆ ဦးရှိခဲ့ပြီး အဲဒီထဲက ကလေးငယ် ၁ ဦးကိုသာ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တာကြောင့် ကျန်တဲ့ကလေးငယ် ၁၅ ဦးစလုံး သေဆုံးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အဆိုပါမီးလောင်မှုဟာ မကြာသေးခင်နှစ်တွေအတွင်း ပါကစ္စတန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဆေးရုံမီးလောင်မှုတွေထဲက လူသေဆုံးမှုအများဆုံး ဖြစ်စဉ်တွေထဲကတခု ဖြစ်လာခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံမှာ အစိုးရ ကျန်းမာရေးစောင့်ရှောက်မှုကို ထောက်ပံ့ကြေးပေးထားပေမဲ့ ဆေးရုံသုံးပစ္စည်း ကိရိယာ မလုံလောက်မှု၊ လူနာဝန်ပိမှုတို့အပြင် အစိုးရဆေးရုံတွေရဲ့ စီမံခန့်ခွဲမှု အားနည်းချက်တွေကြောင့် လေ့လာစောင့်ကြည့်သူတွေရဲ့ ဝေဖန်မှုကို မကြာခဏ ခံရလေ့ရှိပါတယ်။

မီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပါကစ္စတန်ဝန်ကြီးချုပ် ရှက်ဘတ် ရှရစ်ဖ်က ချက်ချင်း စုံစမ်းစစ်ဆေးဖို့ သက်ဆိုင်ရာအာဏာပိုင်တွေကို ညွှန်ကြားထားပြီး ဖြစ်စဉ်အတွက် တာဝန်ရှိသူတွေကို ဖော်ထုတ်ကာ အပြင်းထန်ဆုံး အရေးယူမှုတွေ ပြုလုပ်သွားဖို့ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

PIMS ဆေးရုံဟာ အစ္စလမ္မာဘတ်မြို့လယ်ပိုင်းမှာ တည်ရှိတဲ့ အစိုးရဆေးရုံတွေထဲက အဓိက ဆေးရုံတခုဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းဟာ အဆိုပါဆေးရုံမှာ ဆေးကုသမှု ခေတ္တခံယူခဲ့သေးတယ်လို့ သိရပါတယ်။

Ref & Photo; Reuters

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

ယူကရိန်းစစ်တပ်သုံး Starlink အင်တာနက်လိုင်းကို အရှိန်လျှော့ချဖို့ အီလွန်မတ်စ်ခ် ညွှန်ကြားခဲ့တယ်လို့ WSJ ဖော်ပြ နိုင်ငံတကာသတင်း

ယူကရိန်းစစ်တပ်သုံး Starlink အင်တာနက်လိုင်းကို အရှိန်လျှော့ချဖို့ အီလွန်မတ်စ်ခ် ညွှန်ကြားခဲ့တယ်လို့ WSJ ဖော်ပြ

ယူကရိန်းစစ်တပ်က အဓိကအားထား အသုံးပြုနေတဲ့ SpaceX ကုမ္ပဏီရဲ့ စစ်ဘက်သုံး Starlink ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုကို အရှိန်လျှော့ချကန့်သတ်ဖို့ အီလွန်မတ်စ်ခ်က ညွှန်ကြားခဲ့တယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို…

ဖတ်ရန်
AI chatbot နဲ့ စကားပြောရင်း ကလေးထိန်းကျောင်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ဖမ်းဆီးခံရ နိုင်ငံတကာသတင်း

AI chatbot နဲ့ စကားပြောရင်း ကလေးထိန်းကျောင်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ဖမ်းဆီးခံရ

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ Claude AI chatbot နဲ့ စကားပြောဆိုချိန်အတွင်း အနီးအနားက ကလေးထိန်းကျောင်းကို အစုလိုက်အပြုံလိုက် ပစ်ခတ်တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသားတဦးကို ရဲတပ်ဖွဲ့က…

ဖတ်ရန်
ညမထွက်ရအမိန့်ကြောင့် ပြင်သစ်မြို့ကြီးတွေ ပြန်လည်ငြိမ်သက်လာပေမယ့် လာမယ့်စနေနေ့မှာ ဆန္ဒပြမှုအသစ်တွေ ထပ်မံကြုံရဖွယ်ရှိနေ နိုင်ငံတကာသတင်း

ညမထွက်ရအမိန့်ကြောင့် ပြင်သစ်မြို့ကြီးတွေ ပြန်လည်ငြိမ်သက်လာပေမယ့် လာမယ့်စနေနေ့မှာ ဆန္ဒပြမှုအသစ်တွေ ထပ်မံကြုံရဖွယ်ရှိနေ

ပြင်သစ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မကြုံစဖူး ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာကြောင့် ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတွေမှာ ညပိုင်းအခြေအနေတွေ ပြန်လည်ငြိမ်သက်သွားခဲ့ပေမဲ့ လာမယ့် အောက်တိုဘာလ…

ဖတ်ရန်
အင်္ဂါဂြိုဟ်ရဲ့ လကို စူးစမ်းမယ့် အာကာသယာဉ် ဂျပန် လွှတ်တင် နိုင်ငံတကာသတင်း

အင်္ဂါဂြိုဟ်ရဲ့ လကို စူးစမ်းမယ့် အာကာသယာဉ် ဂျပန် လွှတ်တင်

အင်္ဂါဂြိုဟ်ရဲ့ လတစ်စင်းဖြစ်တဲ့ ဖိုဘော့စ် (Phobos) ပေါ်က မြေသားနမူနာတွေကို ကမ္ဘာမြေကို ပြန်လည်ယူဆောင်လာဖို့ ရည်ရွယ်ထားတဲ့ အာကာသစူးစမ်းရေးမစ်ရှင်ကို ဂျပန်နိုင်ငံက စတင်လိုက်ပါတယ်။

ဖတ်ရန်