အရေးပေါ်
နိုင်ငံတကာသတင်း

AI chatbot နဲ့ စကားပြောရင်း ကလေးထိန်းကျောင်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ဖမ်းဆီးခံရ

၂၀၂၆ အောက်တိုဘာ ၂၁ Myo Taw
AI chatbot နဲ့ စကားပြောရင်း ကလေးထိန်းကျောင်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ဖမ်းဆီးခံရ

AI chatbot နဲ့ စကားပြောရင်း ကလေးထိန်းကျောင်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ဖမ်းဆီးခံရ

အောက်တိုဘာ ၂၁

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ Claude AI chatbot နဲ့ စကားပြောဆိုချိန်အတွင်း အနီးအနားက ကလေးထိန်းကျောင်းကို အစုလိုက်အပြုံလိုက် ပစ်ခတ်တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသားတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

အသက် ၂၉ နှစ်အရွယ် ဒေးဗစ် လန်း သက်ကရေး ဆိုသူဟာ ဟာ့စ်ဗီးလ်ရှိ ဝက်စ်ဖီးလ်ဒ် ကုန်တိုက်အနီးက ကလေးထိန်းကျောင်းကို သွားရောက်ပစ်ခတ်မယ့် အစီအစဉ်တွေကို AI chatbot ထံ ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ စကားပြောဆိုမှုဆိုင်ရာ အချက်အလက်တွေကို နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပို (Interpol) ထံ သတင်းပေးပို့ခဲ့တာကြောင့် အောက်တိုဘာ ၁၈ ရက်နေ့မှာ သက်ကရေးကို ဖမ်းဆီးခဲ့ပြီး ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုကာ ခြိမ်းခြောက်နှောင့်ယှက်မှုနဲ့ စွဲချက်တင်ထားတယ်လို့ ဆိုပါတယ်။

အစိုးရရှေ့နေတွေကတော့ သက်ကရေးကို အချုပ်ထဲမှာ ဆက်လက်ထိန်းသိမ်းထားဖို့ လျှောက်ထားရာမှာ ဘွန်ဒိုင်း ကမ်းခြေ အကြမ်းဖက်တိုက်ခိုက်မှုလိုမျိုး လူသတ်ပွဲဆင်နွှဲဖို့ ရည်ရွယ်ချက်ရှိနေတယ်လို့ အောက်တိုဘာ ၁၉ ရက်နေ့ တရားရုံးကြားနာမှုအတွင်း စွပ်စွဲထားပါတယ်။

သက်ကရေးရဲ့ ရှေ့နေကတော့ သက်ကရေးအနေနဲ့ နားပိုးဝင်တဲ့ ဝေဒနာကုသဖို့ AI ထံ အကူအညီတောင်းရာကနေ စိတ်ဖိစီးပြီး ဒေါသတအလျှောက် ပြောဆိုခဲ့တာသာဖြစ်ကြောင်း၊ လက်တွေ့လုပ်ဆောင်မယ့် သဘောမပါဝင်သလို အရင်က ပြစ်မှုမှတ်တမ်းလည်း မရှိခဲ့ဖူးဘူးလို့ ချေပထားပါတယ်။

လက်ရှိမှာ သက်ကရေးကို ဆာသာလန် ဒေသန္တရတရားရုံးက စိတ်ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ဖို့ အမိန့်ချမှတ်ထားပြီး စစ်ဆေးမှု ပြီးစီးပါက အဆိုပါအမှုကို တရားရုံးမှာ ဆက်လက်ကြားနာသွားမယ်လို့ သိရပါတယ်။

Claude AI ကို ဖန်တီးထားတဲ့ Anthropic ကုမ္ပဏီဘက်ကတော့ အကြမ်းဖက်မှုစီစဉ်ဖို့ ဒါမှမဟုတ် လှုံ့ဆော်တဲ့ အကြောင်းအရာတွေကို ငြင်းပယ်ဖို့နဲ့ လိုအပ်ပါက သက်ဆိုင်ရာ ဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေဆီ အချက်အလက် မျှဝေပေးဖို့ AI မော်ဒယ်တွေကို ကြိုတင်လေ့ကျင့် သင်ကြားပေးထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့က ဆစ်ဒနီမြို့၊ ဘွန်ဒိုင်းကမ်းခြေမှာ ဟာနူကာပွဲတော် ဆင်နွှဲနေတဲ့ လူအုပ်ထဲကို သေနတ်သမားနှစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့လို့ အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ရပါတယ်။

Ref & Photo: The Independent


မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ယူကရိန်းစစ်တပ်သုံး Starlink အင်တာနက်လိုင်းကို အရှိန်လျှော့ချဖို့ အီလွန်မတ်စ်ခ် ညွှန်ကြားခဲ့တယ်လို့ WSJ ဖော်ပြ နိုင်ငံတကာသတင်း

ယူကရိန်းစစ်တပ်သုံး Starlink အင်တာနက်လိုင်းကို အရှိန်လျှော့ချဖို့ အီလွန်မတ်စ်ခ် ညွှန်ကြားခဲ့တယ်လို့ WSJ ဖော်ပြ

ယူကရိန်းစစ်တပ်က အဓိကအားထား အသုံးပြုနေတဲ့ SpaceX ကုမ္ပဏီရဲ့ စစ်ဘက်သုံး Starlink ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုကို အရှိန်လျှော့ချကန့်သတ်ဖို့ အီလွန်မတ်စ်ခ်က ညွှန်ကြားခဲ့တယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို…

ဖတ်ရန်
ညမထွက်ရအမိန့်ကြောင့် ပြင်သစ်မြို့ကြီးတွေ ပြန်လည်ငြိမ်သက်လာပေမယ့် လာမယ့်စနေနေ့မှာ ဆန္ဒပြမှုအသစ်တွေ ထပ်မံကြုံရဖွယ်ရှိနေ နိုင်ငံတကာသတင်း

ညမထွက်ရအမိန့်ကြောင့် ပြင်သစ်မြို့ကြီးတွေ ပြန်လည်ငြိမ်သက်လာပေမယ့် လာမယ့်စနေနေ့မှာ ဆန္ဒပြမှုအသစ်တွေ ထပ်မံကြုံရဖွယ်ရှိနေ

ပြင်သစ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မကြုံစဖူး ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာကြောင့် ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတွေမှာ ညပိုင်းအခြေအနေတွေ ပြန်လည်ငြိမ်သက်သွားခဲ့ပေမဲ့ လာမယ့် အောက်တိုဘာလ…

ဖတ်ရန်
အင်္ဂါဂြိုဟ်ရဲ့ လကို စူးစမ်းမယ့် အာကာသယာဉ် ဂျပန် လွှတ်တင် နိုင်ငံတကာသတင်း

အင်္ဂါဂြိုဟ်ရဲ့ လကို စူးစမ်းမယ့် အာကာသယာဉ် ဂျပန် လွှတ်တင်

အင်္ဂါဂြိုဟ်ရဲ့ လတစ်စင်းဖြစ်တဲ့ ဖိုဘော့စ် (Phobos) ပေါ်က မြေသားနမူနာတွေကို ကမ္ဘာမြေကို ပြန်လည်ယူဆောင်လာဖို့ ရည်ရွယ်ထားတဲ့ အာကာသစူးစမ်းရေးမစ်ရှင်ကို ဂျပန်နိုင်ငံက စတင်လိုက်ပါတယ်။

ဖတ်ရန်
ကိုမာဝင်နေပြီလို့ ကောလာဟလထွက်လာပြီးနောက် သမီးဖြစ်သူ ကင်ဂျူအဲ နဲ့အတူ ကင်ဂျုံအန်း လူမြင်ကွင်းပြန်ထွက်လာ နိုင်ငံတကာသတင်း

ကိုမာဝင်နေပြီလို့ ကောလာဟလထွက်လာပြီးနောက် သမီးဖြစ်သူ ကင်ဂျူအဲ နဲ့အတူ ကင်ဂျုံအန်း လူမြင်ကွင်းပြန်ထွက်လာ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ဦးနှောက်သွေးယိုစီးပြီး ကိုမာဝင်ကာ သတိလစ်မေ့မြောနေတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာပြီးနောက် ကင်ဂျုံအန်းဟာ မြောက်ကိုရီးယားနိုင်ငံတွင်းက အထည်အလိပ်နဲ့ ဖိနပ်ထုတ်ကုန်ပြပွဲတခုမှာ သမီးဖြစ်သူနဲ့အတူ လူလုံးထွက်ပြလာခဲ့ပါတယ်။

ဖတ်ရန်