အရေးပေါ်
နိုင်ငံတကာသတင်း

မလေးရှားက မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး UNHCR ပါဝင်ပတ်သက်ခြင်းမရှိ၊ မြန်မာနိုင်ငံ မလုံခြုံသေးကြောင်း သတိပေး

၂၀၂၆ စက်တင်ဘာ ၁ Myo Taw
မလေးရှားက မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး UNHCR ပါဝင်ပတ်သက်ခြင်းမရှိ၊ မြန်မာနိုင်ငံ မလုံခြုံသေးကြောင်း သတိပေး

မလေးရှားက မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး UNHCR ပါဝင်ပတ်သက်ခြင်းမရှိ၊ မြန်မာနိုင်ငံ မလုံခြုံသေးကြောင်း သတိပေး

စက်တင်ဘာ ၁

မလေးရှားအစိုးရက မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ စီစဉ်နေတဲ့ အစီအစဉ်မှာ UNHCR အနေနဲ့ ပါဝင်ပတ်သက်ခြင်း မရှိသလို လက်ရှိ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ လုံခြုံမှုမရှိသေးဘူးလို့ UNHCR က သတိပေးလိုက်ပါတယ်။

မလေးရှားပြည်ထဲရေးဝန်ကြီးဌာနကတော့ ဆန္ဒအလျောက် နေရပ်ပြန်ပို့ရေးအစီအစဉ်ရဲ့ ပထမအသုတ်အဖြစ် မြန်မာဒုက္ခသည် ၁,၄၇၆ ယောက်ကို လာမယ့် စက်တင်ဘာ ၂၉ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာဒုက္ခသည် ၅,၀၀၀ ကို ပြန်လည်လက်ခံဖို့ မြန်မာဘက်က သဘောတူထားတယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က အစောပိုင်းမှာ ပြောဆိုထားပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ ဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေးအတွက် လိုအပ်တဲ့ အခြေအနေတွေ မရှိသေးဘူးလို့ UNHCR က ဆိုပါတယ်။

နိုင်ငံတကာဓလေ့ထုံးတမ်းဥပဒေအရ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေ ထိခိုက်နစ်နာနိုင်ခြေရှိတဲ့ နိုင်ငံဆီကို ဘယ်သူ့ကိုမှ ပို့ဆောင်ခြင်းမပြုသင့်သလို ဒုက္ခသည်တွေရဲ့ နေရပ်ပြန်မှုဟာ အခြေအနေမှန်တွေကို အပြည့်အဝ သိရှိနားလည်ပြီး ကိုယ်တိုင်ဆုံးဖြတ်တဲ့ ဆန္ဒအလျောက် နေရပ်ပြန်မှုမျိုးသာ ဖြစ်ရမှာဖြစ်ပြီး ဘေးကင်းလုံခြုံမှုနဲ့ ဂုဏ်သိက္ခာရှိတဲ့ အခြေအနေမျိုးမှာပဲ ဆောင်ရွက်ရမယ်လို့လည်း UNHCR က ဆိုပါတယ်။

UNHCR ရဲ့ ဖေဖော်ဝါရီလ စာရင်းအရ မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာနဲ့ ချင်းတိုင်းရင်းသားတွေ အပါအဝင် မြန်မာဒုက္ခသည် ၁၉၃,၈၀၀ ဝန်းကျင် ရှိနေတယ်လို့ ဖော်ပြထားပြီး၊ မှတ်ပုံတင်ထားခြင်းမရှိသေးတဲ့ ဒုက္ခသည်တွေ အများအပြား ကျန်ရှိနေသေးတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောဆိုထားတယ်။

Ref & Photo; Reuters


မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ယူကရိန်းစစ်တပ်သုံး Starlink အင်တာနက်လိုင်းကို အရှိန်လျှော့ချဖို့ အီလွန်မတ်စ်ခ် ညွှန်ကြားခဲ့တယ်လို့ WSJ ဖော်ပြ နိုင်ငံတကာသတင်း

ယူကရိန်းစစ်တပ်သုံး Starlink အင်တာနက်လိုင်းကို အရှိန်လျှော့ချဖို့ အီလွန်မတ်စ်ခ် ညွှန်ကြားခဲ့တယ်လို့ WSJ ဖော်ပြ

ယူကရိန်းစစ်တပ်က အဓိကအားထား အသုံးပြုနေတဲ့ SpaceX ကုမ္ပဏီရဲ့ စစ်ဘက်သုံး Starlink ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုကို အရှိန်လျှော့ချကန့်သတ်ဖို့ အီလွန်မတ်စ်ခ်က ညွှန်ကြားခဲ့တယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို…

ဖတ်ရန်
AI chatbot နဲ့ စကားပြောရင်း ကလေးထိန်းကျောင်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ဖမ်းဆီးခံရ နိုင်ငံတကာသတင်း

AI chatbot နဲ့ စကားပြောရင်း ကလေးထိန်းကျောင်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ဖမ်းဆီးခံရ

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ Claude AI chatbot နဲ့ စကားပြောဆိုချိန်အတွင်း အနီးအနားက ကလေးထိန်းကျောင်းကို အစုလိုက်အပြုံလိုက် ပစ်ခတ်တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသားတဦးကို ရဲတပ်ဖွဲ့က…

ဖတ်ရန်
ညမထွက်ရအမိန့်ကြောင့် ပြင်သစ်မြို့ကြီးတွေ ပြန်လည်ငြိမ်သက်လာပေမယ့် လာမယ့်စနေနေ့မှာ ဆန္ဒပြမှုအသစ်တွေ ထပ်မံကြုံရဖွယ်ရှိနေ နိုင်ငံတကာသတင်း

ညမထွက်ရအမိန့်ကြောင့် ပြင်သစ်မြို့ကြီးတွေ ပြန်လည်ငြိမ်သက်လာပေမယ့် လာမယ့်စနေနေ့မှာ ဆန္ဒပြမှုအသစ်တွေ ထပ်မံကြုံရဖွယ်ရှိနေ

ပြင်သစ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မကြုံစဖူး ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာကြောင့် ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတွေမှာ ညပိုင်းအခြေအနေတွေ ပြန်လည်ငြိမ်သက်သွားခဲ့ပေမဲ့ လာမယ့် အောက်တိုဘာလ…

ဖတ်ရန်
အင်္ဂါဂြိုဟ်ရဲ့ လကို စူးစမ်းမယ့် အာကာသယာဉ် ဂျပန် လွှတ်တင် နိုင်ငံတကာသတင်း

အင်္ဂါဂြိုဟ်ရဲ့ လကို စူးစမ်းမယ့် အာကာသယာဉ် ဂျပန် လွှတ်တင်

အင်္ဂါဂြိုဟ်ရဲ့ လတစ်စင်းဖြစ်တဲ့ ဖိုဘော့စ် (Phobos) ပေါ်က မြေသားနမူနာတွေကို ကမ္ဘာမြေကို ပြန်လည်ယူဆောင်လာဖို့ ရည်ရွယ်ထားတဲ့ အာကာသစူးစမ်းရေးမစ်ရှင်ကို ဂျပန်နိုင်ငံက စတင်လိုက်ပါတယ်။

ဖတ်ရန်