အရေးပေါ်
နိုင်ငံတကာသတင်း

ကမ္ဘာ့ကုန်သွယ်ရေး မညီမျှမှု လျှော့ချဖို့ တရုတ်အပေါ် ကုန်သွယ်ရေးအတားအဆီးတွေ တိုးမြှင့်ရန် G20 ကို အမေရိကန် တိုက်တွန်း

၂၀၂၆ သြဂုတ် ၃၁ Myo Taw
ကမ္ဘာ့ကုန်သွယ်ရေး မညီမျှမှု လျှော့ချဖို့ တရုတ်အပေါ် ကုန်သွယ်ရေးအတားအဆီးတွေ တိုးမြှင့်ရန် G20 ကို အမေရိကန် တိုက်တွန်း

ကမ္ဘာ့ကုန်သွယ်ရေး မညီမျှမှု လျှော့ချဖို့ တရုတ်အပေါ် ကုန်သွယ်ရေးအတားအဆီးတွေ တိုးမြှင့်ရန် G20 ကို အမေရိကန် တိုက်တွန်း

ဩဂုတ် ၃၁

ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး မညီမျှမှုတွေကို လျှော့ချဖို့အတွက် တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုဆိုင်ရာ သတ်မှတ်ချက်တွေကို ပြန်လည်သုံးသပ်ကြဖို့ လာမယ့် G20 အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့် က ပြောဆိုလိုက်ပါတယ်။

လက်ရှိမှာ ဒေါ်လာ ၁ ဒသမ ၂ ထရီလီယံလောက်အထိ ကုန်သွယ်ရေး ပိုငွေပြနေတဲ့ တရုတ်နိုင်ငံရဲ့ အခြေအနေကို ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ဆက်လက်လက်ခံထားလို့ မရဘူးလို့ ဘက်ဆင့်က ပြောဆိုထားပါတယ်။

ဒါ့အပြင် တရုတ်အစိုးရအနေနဲ့ ပို့ကုန်အပေါ် အလွန်အကျွံ အားကိုးနေတာကို လျှော့ချကာ ပြည်တွင်းစားသုံးမှုနဲ့ ဝယ်လိုအားဘက်ကို အာရုံစိုက်လာစေဖို့ တွန်းအားပေးဖို့ လိုအပ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးက ဆိုပါတယ်။

အမေရိကန်အနေနဲ့ တရုတ်သွင်းကုန်တွေကို အခွန်မြင့်မြင့် ချမှတ်ထားတာကြောင့် အမေရိကန်ဈေးကွက်ထဲ တရုတ်ကုန်ပစ္စည်း ဝင်ရောက်မှု လျော့ကျလာပေမယ့် အဲဒီကုန်ပစ္စည်းတွေဟာ ဥရောပနဲ့ လက်တင်အမေရိကအပါအဝင် တခြားဈေးကွက်တွေထဲကို အလုံးအရင်းနဲ့ ဝင်ရောက်နေတယ်လို့ ဘက်ဆင့်က ထောက်ပြထားပါတယ်။

ဒါကြောင့် ပြည်တွင်းဝယ်လိုအား အားနည်းနေတဲ့ တရုတ်နိုင်ငံကို ပို့ကုန်အားကိုးတဲ့ စနစ်ကနေ ခွဲထွက်လာအောင် တွန်းအားပေးဖို့ အခြားနိုင်ငံတွေအနေနဲ့ ကုန်သွယ်ရေးဆိုင်ရာ သတ်မှတ်ချက်တွေကို ပြန်လည်သုံးသပ်ဖို့ လိုအပ်တယ်လို့ ဘက်ဆင့်က ဆိုပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် ချမှတ်ခဲ့တဲ့ အခွန်တွေကြောင့် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးလိုငွေပြမှုဟာ အမေရိကန်ဒေါ်လာ ၇၃ ဒသမ ၉ ဘီလီယံအထိ ကျဆင်းခဲ့ပြီး ဒါဟာ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်နဲ့ နှိုင်းယှဉ်ရင် သုံးပုံတစ်ပုံခန့်အထိ လျော့ကျသွားခဲ့ပါတယ်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က တရုတ်ယွမ်ငွေဟာ တန်ဖိုး ၂၁ ရာခိုင်နှုန်းအထိ နိမ့်နေတယ်လို့ သုံးသပ်ထားပေမယ့် ကုန်သွယ်ရေးမညီမျှမှုရဲ့ အဓိကပြဿနာဖြစ်တဲ့ တရုတ်စက်မှုလုပ်ငန်းတွေအပေါ် အစိုးရထောက်ပံ့မှု များပြားနေခြင်းနဲ့ ပြည်တွင်းဝယ်လိုအား အားနည်းနေတာတွေကို မဖြေရှင်းဘဲ ယွမ်ငွေတန်ဖိုး မြှင့်တင်ဖို့ ကြိုးပမ်းတာဟာ ထိရောက်မှာ မဟုတ်ဘူးလို့ ဘက်ဆင့်က ပြောပါတယ်။

လာမယ့် စက်တင်ဘာလကုန်ပိုင်းမှာတော့ သမ္မတ ထရန့် နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံဖို့ ရှိနေပြီး ဆွေးနွေးပွဲမတိုင်ခင်မှာ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မဟုတ်တဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန်လျှော့ချရေးနဲ့ အဆင့်မြင့် ဉာဏ်ရည်တု (AI) နည်းပညာ ထိန်းချုပ်ရေး ကိစ္စတွေကို ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

Ref & Photo; Reuters

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ယူကရိန်းစစ်တပ်သုံး Starlink အင်တာနက်လိုင်းကို အရှိန်လျှော့ချဖို့ အီလွန်မတ်စ်ခ် ညွှန်ကြားခဲ့တယ်လို့ WSJ ဖော်ပြ နိုင်ငံတကာသတင်း

ယူကရိန်းစစ်တပ်သုံး Starlink အင်တာနက်လိုင်းကို အရှိန်လျှော့ချဖို့ အီလွန်မတ်စ်ခ် ညွှန်ကြားခဲ့တယ်လို့ WSJ ဖော်ပြ

ယူကရိန်းစစ်တပ်က အဓိကအားထား အသုံးပြုနေတဲ့ SpaceX ကုမ္ပဏီရဲ့ စစ်ဘက်သုံး Starlink ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုကို အရှိန်လျှော့ချကန့်သတ်ဖို့ အီလွန်မတ်စ်ခ်က ညွှန်ကြားခဲ့တယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို…

ဖတ်ရန်
AI chatbot နဲ့ စကားပြောရင်း ကလေးထိန်းကျောင်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ဖမ်းဆီးခံရ နိုင်ငံတကာသတင်း

AI chatbot နဲ့ စကားပြောရင်း ကလေးထိန်းကျောင်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ဖမ်းဆီးခံရ

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ Claude AI chatbot နဲ့ စကားပြောဆိုချိန်အတွင်း အနီးအနားက ကလေးထိန်းကျောင်းကို အစုလိုက်အပြုံလိုက် ပစ်ခတ်တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသားတဦးကို ရဲတပ်ဖွဲ့က…

ဖတ်ရန်
ညမထွက်ရအမိန့်ကြောင့် ပြင်သစ်မြို့ကြီးတွေ ပြန်လည်ငြိမ်သက်လာပေမယ့် လာမယ့်စနေနေ့မှာ ဆန္ဒပြမှုအသစ်တွေ ထပ်မံကြုံရဖွယ်ရှိနေ နိုင်ငံတကာသတင်း

ညမထွက်ရအမိန့်ကြောင့် ပြင်သစ်မြို့ကြီးတွေ ပြန်လည်ငြိမ်သက်လာပေမယ့် လာမယ့်စနေနေ့မှာ ဆန္ဒပြမှုအသစ်တွေ ထပ်မံကြုံရဖွယ်ရှိနေ

ပြင်သစ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မကြုံစဖူး ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာကြောင့် ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတွေမှာ ညပိုင်းအခြေအနေတွေ ပြန်လည်ငြိမ်သက်သွားခဲ့ပေမဲ့ လာမယ့် အောက်တိုဘာလ…

ဖတ်ရန်
အင်္ဂါဂြိုဟ်ရဲ့ လကို စူးစမ်းမယ့် အာကာသယာဉ် ဂျပန် လွှတ်တင် နိုင်ငံတကာသတင်း

အင်္ဂါဂြိုဟ်ရဲ့ လကို စူးစမ်းမယ့် အာကာသယာဉ် ဂျပန် လွှတ်တင်

အင်္ဂါဂြိုဟ်ရဲ့ လတစ်စင်းဖြစ်တဲ့ ဖိုဘော့စ် (Phobos) ပေါ်က မြေသားနမူနာတွေကို ကမ္ဘာမြေကို ပြန်လည်ယူဆောင်လာဖို့ ရည်ရွယ်ထားတဲ့ အာကာသစူးစမ်းရေးမစ်ရှင်ကို ဂျပန်နိုင်ငံက စတင်လိုက်ပါတယ်။

ဖတ်ရန်