အရေးပေါ်
နိုင်ငံတကာသတင်း

ညမထွက်ရအမိန့်ကြောင့် ပြင်သစ်မြို့ကြီးတွေ ပြန်လည်ငြိမ်သက်လာပေမယ့် လာမယ့်စနေနေ့မှာ ဆန္ဒပြမှုအသစ်တွေ ထပ်မံကြုံရဖွယ်ရှိနေ

၂၀၂၆ အောက်တိုဘာ ၂၀ Myo Taw
ညမထွက်ရအမိန့်ကြောင့် ပြင်သစ်မြို့ကြီးတွေ ပြန်လည်ငြိမ်သက်လာပေမယ့် လာမယ့်စနေနေ့မှာ ဆန္ဒပြမှုအသစ်တွေ ထပ်မံကြုံရဖွယ်ရှိနေ

ညမထွက်ရအမိန့်ကြောင့် ပြင်သစ်မြို့ကြီးတွေ ပြန်လည်ငြိမ်သက်လာပေမယ့် လာမယ့်စနေနေ့မှာ ဆန္ဒပြမှုအသစ်တွေ ထပ်မံကြုံရဖွယ်ရှိနေ

အောက်တိုဘာ ၂၀

ပြင်သစ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မကြုံစဖူး ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာကြောင့် ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတွေမှာ ညပိုင်းအခြေအနေတွေ ပြန်လည်ငြိမ်သက်သွားခဲ့ပေမဲ့ လာမယ့် အောက်တိုဘာလ ၂၅ ရက်မှာတော့ ဆန္ဒပြမှုအသစ်တွေ ထပ်မံပြုလုပ်သွားမယ်လို့ ဆန္ဒပြအဖွဲ့တွေက ကြေညာထားပါတယ်။

ပဲရစ်၊ မာဆေးနဲ့ လိုင်ယွန်စတဲ့ မြို့လယ်ခေါင်နေရာတွေမှာ ဆန္ဒပြသူတွေနဲ့ လုယက်ဖျက်ဆီးသူတွေရဲ့ ရန်ကနေ ကာကွယ်မပေးနိုင်ခဲ့တဲ့ လုံခြုံရေးအားနည်းချက်တွေအပေါ် သင်ခန်းစာယူထားပြီဖြစ်ကြောင်း ပြည်သူတွေယုံကြည်လာအောင် ပြင်သစ်အစိုးရက အပြင်းအထန် ကြိုးပမ်းနေရပါတယ်။

သတ်မှတ်ထားတဲ့ နေရာတွေကို ကန့်သတ်ထုတ်ပြန်ခဲ့တဲ့ ညမထွက်ရအမိန့်ကြောင့် အခြေအနေတွေ ပြန်လည်ငြိမ်သက်သွားခဲ့တာဖြစ်ပြီး လိုအပ်ရင် ဒီအမိန့်ကို ထပ်မံတိုးမြှင့်ချမှတ်သွားမယ်လို့ ဝန်ကြီးချုပ် ဆီဘက်စ်ရှန် လီကော်နျူက ပြောဆိုထားပါတယ်။

အဆိုပါဆန္ဒပြပွဲတွေဟာ ကျောင်းတွေရဲ့ ပညာရေးစံနှုန်း ကျဆင်းမှုအပေါ် အထက်တန်းကျောင်းသားတွေ သပိတ်မှောက်ရာကနေ စတင်ခဲ့တာဖြစ်ပြီး၊ နောက်ပိုင်းမှာ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ကျန်းမာရေးနဲ့ လူမှုဖူလုံရေး လိုအပ်ချက်တွေကို အစိုးရက ဖြည့်ဆည်းမပေးနိုင်ဘူးဆိုတဲ့ လူထုမကျေနပ်မှုတွေပါ ပေါင်းစပ်လာပြီး နိုင်ငံတစ်ဝန်း ကျယ်ပြန့်လာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဖမ်းဆီးခဲ့သူတွေထဲက ၁၂၃ ဦးကို ရုံးတင်စစ်ဆေးဖို့ ထိန်းသိမ်းထားသလို စစ်ဆေးမေးမြန်းဖို့အတွက် လူ ၂,၅၀၀ ခန့်ကို ဖမ်းဆီးထားဆဲဖြစ်တယ်လို့ တရားရေးဝန်ကြီး ဂျရတ် ဒါမာနန်က ပြောပါတယ်။

ပြင်သစ်နိုင်ငံရဲ့ အဓိက ကျောင်းသားသမဂ္ဂဖြစ်တဲ့ UNEF နဲ့ စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကို ဆန့်ကျင်တဲ့ "အဝါရောင်အင်္ကျီ" (Yellow Vests) အဖွဲ့တွေကတော့ အစိုးရအပေါ် ဖိအားပေးဖို့ လာမယ့် အောက်တိုဘာလ ၂၅ ရက်မှာ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ဆက်လုပ်သွားမယ်လို့ ဆော်ဩထားပါတယ်။

ဒါပေမဲ့ ဆန္ဒပြပွဲကြီးတွေကို ဦးဆောင်လေ့ရှိတဲ့ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CGT) အပါအဝင် အလုပ်သမားသမဂ္ဂကြီးတွေကတော့ လာမယ့် စနေနေ့ဆန္ဒပြပွဲတွေမှာ ပါဝင်ဖို့ လှုံ့ဆော်တိုက်တွန်းထားခြင်း မရှိသေးပါဘူး။

Ref & Photo: The Reuters


မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

ယူကရိန်းစစ်တပ်သုံး Starlink အင်တာနက်လိုင်းကို အရှိန်လျှော့ချဖို့ အီလွန်မတ်စ်ခ် ညွှန်ကြားခဲ့တယ်လို့ WSJ ဖော်ပြ နိုင်ငံတကာသတင်း

ယူကရိန်းစစ်တပ်သုံး Starlink အင်တာနက်လိုင်းကို အရှိန်လျှော့ချဖို့ အီလွန်မတ်စ်ခ် ညွှန်ကြားခဲ့တယ်လို့ WSJ ဖော်ပြ

ယူကရိန်းစစ်တပ်က အဓိကအားထား အသုံးပြုနေတဲ့ SpaceX ကုမ္ပဏီရဲ့ စစ်ဘက်သုံး Starlink ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုကို အရှိန်လျှော့ချကန့်သတ်ဖို့ အီလွန်မတ်စ်ခ်က ညွှန်ကြားခဲ့တယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို…

ဖတ်ရန်
AI chatbot နဲ့ စကားပြောရင်း ကလေးထိန်းကျောင်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ဖမ်းဆီးခံရ နိုင်ငံတကာသတင်း

AI chatbot နဲ့ စကားပြောရင်း ကလေးထိန်းကျောင်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ဖမ်းဆီးခံရ

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ Claude AI chatbot နဲ့ စကားပြောဆိုချိန်အတွင်း အနီးအနားက ကလေးထိန်းကျောင်းကို အစုလိုက်အပြုံလိုက် ပစ်ခတ်တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသားတဦးကို ရဲတပ်ဖွဲ့က…

ဖတ်ရန်
အင်္ဂါဂြိုဟ်ရဲ့ လကို စူးစမ်းမယ့် အာကာသယာဉ် ဂျပန် လွှတ်တင် နိုင်ငံတကာသတင်း

အင်္ဂါဂြိုဟ်ရဲ့ လကို စူးစမ်းမယ့် အာကာသယာဉ် ဂျပန် လွှတ်တင်

အင်္ဂါဂြိုဟ်ရဲ့ လတစ်စင်းဖြစ်တဲ့ ဖိုဘော့စ် (Phobos) ပေါ်က မြေသားနမူနာတွေကို ကမ္ဘာမြေကို ပြန်လည်ယူဆောင်လာဖို့ ရည်ရွယ်ထားတဲ့ အာကာသစူးစမ်းရေးမစ်ရှင်ကို ဂျပန်နိုင်ငံက စတင်လိုက်ပါတယ်။

ဖတ်ရန်
ကိုမာဝင်နေပြီလို့ ကောလာဟလထွက်လာပြီးနောက် သမီးဖြစ်သူ ကင်ဂျူအဲ နဲ့အတူ ကင်ဂျုံအန်း လူမြင်ကွင်းပြန်ထွက်လာ နိုင်ငံတကာသတင်း

ကိုမာဝင်နေပြီလို့ ကောလာဟလထွက်လာပြီးနောက် သမီးဖြစ်သူ ကင်ဂျူအဲ နဲ့အတူ ကင်ဂျုံအန်း လူမြင်ကွင်းပြန်ထွက်လာ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ဦးနှောက်သွေးယိုစီးပြီး ကိုမာဝင်ကာ သတိလစ်မေ့မြောနေတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာပြီးနောက် ကင်ဂျုံအန်းဟာ မြောက်ကိုရီးယားနိုင်ငံတွင်းက အထည်အလိပ်နဲ့ ဖိနပ်ထုတ်ကုန်ပြပွဲတခုမှာ သမီးဖြစ်သူနဲ့အတူ လူလုံးထွက်ပြလာခဲ့ပါတယ်။

ဖတ်ရန်