အရေးပေါ်
နိုင်ငံတကာသတင်း

ထိုင်းငါးဖမ်းလှေ နစ်မြုပ်ပြီး ပျောက်ဆုံးနေခဲ့တဲ့ မြန်မာရေလုပ်သား ၆ ဦး ရုပ်အလောင်းအဖြစ် ပြန်တွေ့

၂၀၂၆ အောက်တိုဘာ ၂ Myo Taw
ထိုင်းငါးဖမ်းလှေ နစ်မြုပ်ပြီး ပျောက်ဆုံးနေခဲ့တဲ့ မြန်မာရေလုပ်သား ၆ ဦး ရုပ်အလောင်းအဖြစ် ပြန်တွေ့

ထိုင်းငါးဖမ်းလှေ နစ်မြုပ်ပြီး ပျောက်ဆုံးနေခဲ့တဲ့ မြန်မာရေလုပ်သား ၆ ဦး ရုပ်အလောင်းအဖြစ် ပြန်တွေ့

အောက်တိုဘာ ၂

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်၊ စက်သဟစ်မြို့နယ်အနီး ပင်လယ်ပြင်မှာ စက်တင်ဘာ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ငါးဖမ်းလှေနစ်မြုပ်အတွင်း ပျောက်ဆုံးနေတဲ့ မြန်မာရေလုပ်သား ၆ ဦးရဲ့ ရုပ်အလောင်းတွေကို စက်တင်ဘာ ၃၀ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့ပြီလို့ သိရပါတယ်။

အဆိုပါ ငါးဖမ်းလှေဟာ မုန်တိုင်းနဲ့ လှိုင်းလေပြင်းတွေကြား စက်သဟစ်မြို့နယ်အနီး ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့တာဖြစ်ပြီး လှေပေါ်မှာ ထိုင်းနိုင်ငံသား ၂ ဦးနဲ့ မြန်မာရေလုပ်သား ၂၀ ဦး စုစုပေါင်း ၂၂ ဦး လိုက်ပါခဲ့ပါတယ်။ အဲဒီထဲက ၁၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ထိုင်းလှေမှူး ၁ ဦးနဲ့ မြန်မာရေလုပ်သား ၆ ဦး ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။

လှေနစ်မြုပ်ပြီးနောက် ထိုင်းရေတပ်၊ ရေငုပ်သမားတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေခဲ့ပေမယ့် ပင်လယ်ပြင်အခြေအနေ၊ လှိုင်းလေပြင်းထန်မှုနဲ့ ရေအောက်မြင်ကွင်း မရှင်းလင်းတာတွေကြောင့် ရှာဖွေရေးလုပ်ငန်းတွေ အခက်အခဲရှိခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၃၀ ရက်နေ့မှာတော့ နစ်မြုပ်နေတဲ့လှေကို ဆိပ်ကမ်းဘက် ပြန်လည်ဆွဲယူလာပြီးနောက် ရေငုပ်သမားတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက အသေးစိတ်ရှာဖွေခဲ့ရာက လှေအတွင်း ကျဉ်းမြောင်းတဲ့နေရာတခုကနေ ပျောက်ဆုံးနေတဲ့ မြန်မာရေလုပ်သား ၆ ဦးလုံးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

သေဆုံးခဲ့တဲ့ မြန်မာရေလုပ်သားတွေကတော့ စိုးလတ်၊ ဆန်းထိုက်၊ နိုင်ဦး၊ ထွန်းလွင်၊ ခင်မောင်အေးနဲ့ ရဲလင်း တို့ဖြစ်ပြီး ရုပ်အလောင်းတွေကို မှုခင်းဆေးစစ်ဆေးမှုနဲ့ ကိုယ်ရေးအချက်အလက် အတည်ပြုစစ်ဆေးမှုတွေအတွက် ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

အဆိုပါ ငါးဖမ်းလှေနစ်မြုပ်အတွင်း လှေပေါ်လိုက်ပါလာသူ ၂၂ ဦးအနက် ၁၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ထိုင်းလှေမှူး ၁ ဦးနဲ့ မြန်မာရေလုပ်သား ၆ ဦး သေဆုံးခဲ့တာကြောင့် သေဆုံးသူ စုစုပေါင်း ၇ ဦးရှိလာပြီ ဖြစ်ပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (4)

ဆက်စပ် သတင်းများ

ရေကြီးနေချိန် အရှည် ၂ မီတာခန့် မိကျောင်းတွေ့လို့ ဘေးကင်းရေးအတွက် သုတ်သင်ရှင်းလင်းခဲ့ရ နိုင်ငံတကာသတင်း

ရေကြီးနေချိန် အရှည် ၂ မီတာခန့် မိကျောင်းတွေ့လို့ ဘေးကင်းရေးအတွက် သုတ်သင်ရှင်းလင်းခဲ့ရ

ထိုင်းနိုင်ငံ ချာချိုအင်ဆောင်ပြည်နယ်၊ စနမ်ချိုင်ခက်မြို့နယ်မှာ ရေကြီးနေချိန် လူနေအိမ်တွေနား မိကျောင်းတကောင် တွေ့ရှိခဲ့ပြီး ဒေသခံတွေအတွက် အန္တရာယ်ရှိနိုင်တာကြောင့် တာဝန်ရှိသူတွေက ဖမ်းဆီးသုတ်သင်ခဲ့ရတယ်လို့ သိရပါတယ်။

ဖတ်ရန်
သေဒဏ်ပေးဖို့ ဆေး ၂ ကြိမ်ထိုးခဲ့ပေမယ့် သေဆုံးခြင်းမရှိတဲ့ အမေရိကန်အမျိုးသမီး အရေးပါ် ဆေးရုံတင်ထားရ နိုင်ငံတကာသတင်း

သေဒဏ်ပေးဖို့ ဆေး ၂ ကြိမ်ထိုးခဲ့ပေမယ့် သေဆုံးခြင်းမရှိတဲ့ အမေရိကန်အမျိုးသမီး အရေးပါ် ဆေးရုံတင်ထားရ

အမေရိကန်နိုင်ငံ၊ တင်နက်ဆီပြည်နယ်မှာ သေဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသမီးတဦးကို သေဒဏ်ပေးဖို့ ဆေး ၂ ကြိမ် ထိုးပေးခဲ့ပေမယ့် သေဆုံးခြင်းမရှိတာကြောင့် ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ The Guardian…

ဖတ်ရန်
ကင်ဂျုံအန်း ကိုယ်အလေးချိန် ပေါင် ၃၀၀ ကျော်နေပြီး နှလုံးသွေးကြောရောဂါ ဖြစ်လာနိုင်ခြေ အလွန်မြင့်မားတယ်လို့ဆို နိုင်ငံတကာသတင်း

ကင်ဂျုံအန်း ကိုယ်အလေးချိန် ပေါင် ၃၀၀ ကျော်နေပြီး နှလုံးသွေးကြောရောဂါ ဖြစ်လာနိုင်ခြေ အလွန်မြင့်မားတယ်လို့ဆို

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ဟာ လက်ရှိမှာ ကိုယ်အလေးချိန် ပေါင် ၃၀၀ ကျော် ရှိနေပြီး အလွန်အမင်း အဝလွန်နေတဲ့အခြေအနေမှာ ရှိနေတယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက…

ဖတ်ရန်
လေယာဉ်မှူးကို ဓားနဲ့ထိုးပြီး လေယာဉ်ပျက်ကျအောင် လက်ထောက်လေယာဉ်မှူး ကြိုးပမ်း နိုင်ငံတကာသတင်း

လေယာဉ်မှူးကို ဓားနဲ့ထိုးပြီး လေယာဉ်ပျက်ကျအောင် လက်ထောက်လေယာဉ်မှူး ကြိုးပမ်း

ဒူဘိုင်းကနေ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ကို ပျံသန်းလာတဲ့ Flydubai လေယာဉ်ပေါ်မှာ လက်ထောက်လေယာဉ်မှူးက လေယာဉ်မှူးကို ဓားနဲ့ထိုးပြီး လေယာဉ်ကို ပျက်ကျအောင် ကြိုးပမ်းခဲ့တဲ့ဖြစ်စဉ် စက်တင်ဘာ ၃၀…

ဖတ်ရန်