အရေးပေါ်
မှုခင်းသတင်း

စဥ့်ကူးမြို့နယ်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့က နေအိမ်ထဲထိ ဝင်ရောက်ပစ်ခတ်လို့ ၅ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရ

၂၀၂၆ သြဂုတ် ၂၂ Myo Taw
စဥ့်ကူးမြို့နယ်မှာ အမည်မသိလက်နက်ကိုင်အဖွဲ့က နေအိမ်ထဲထိ ဝင်ရောက်ပစ်ခတ်လို့ ၅ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ပင်လယ်ကြီးကျေးရွာမှာ အမည်မသိ လက်နက်ကိုင်ဆောင်ထားသူတွေက နေအိမ်ထဲ ဝင်ရောက်ပစ်ခတ်သွားလို့ ၅ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၀ ရက်နေ့ ည ၇ နာရီဝန်းကျင်ခန့်က အမည်မသိ လက်နက်ကိုင်ထားတဲ့ လူ ၆ ယောက်က ဆိုင်ကယ် ၂ စီးနဲ့ ပင်လယ်ကြီးကျေးရွာထဲက ဦးထွန်းထွန်းဝင်း နေအိမ်ကို ရောက်လာကာ အိမ်ထဲမှာ စကားပြောနေကြတဲ့သူတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

"ဦးထွန်းထွန်းဝင်းတို့ လင်မယားရယ်၊ ယောက္ခမကြီးရယ်၊ ရွာထဲက ၂ ယောက်ရယ် သေတယ်။ ကျန်တဲ့ ၂ ယောက်က ဆေးရုံတင်ထားရတယ်။ သူတို့က အုပ်ကြီးတွေဘာတွေလည်း မဟုတ်ဘူး၊ ရွာမှာတော့ မျက်နှာဖုံး လူသိများတဲ့သူတွေပါ" လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

လက်နက်ကိုင်အဖွဲ့ရဲ့ နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်မှုကြောင့် မိသားစုဝင် ၃ ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ကာ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပြီး သေဆုံးသူတွေဟာ ဦးထွန်းထွန်းဝင်းနဲ့ ဇနီးဖြစ်သူ ဒေါ်ဇာခြည်ဝင်း၊ ယောက္ခမဖြစ်သူ ဒေါ်ဝင်းမြိုင်၊ ကျေးရွာမှာနေထိုင်သူ ကိုရှမ်းလေးနဲ့ ကိုထွန်းမြင့်အောင်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ပြီခဲ့တဲ့ ဇူလိုင်လတုန်းကလည်း စဥ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာက အမျိုးသား ၅ ဦးနဲ့ ရွှေဒုံးကျေးရွာက ရပ်ကျေးအုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသား ၂ ဦး ပစ်ခတ်ရှင်းလင်းတာ ခံရသေးတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

ဟိုပုံမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး ရောင်းချသူတွေကို လိုက်လံဖမ်းဆီးနေ မှုခင်းသတင်း

ဟိုပုံမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး ရောင်းချသူတွေကို လိုက်လံဖမ်းဆီးနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး အများစုက ဆယ်ကျော်သက်လူငယ်တွေ ဖြစ်နေလို့ ဖမ်းဆီးမှုတွေ လုပ်နေရတယ်လို့ သိရပါတယ်။

ဖတ်ရန်
ရေပုတ်ကြီးရွာ ပျူစောထီးရဲ့သားနဲ့ တော်လှန်ရေးတပ်တို့ကြား အပြန်အလှန်ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး မှုခင်းသတင်း

ရေပုတ်ကြီးရွာ ပျူစောထီးရဲ့သားနဲ့ တော်လှန်ရေးတပ်တို့ကြား အပြန်အလှန်ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာနဲ့ ကျောင်းကုန်းကြီးကျေးရွာကြားမှာ ပျူစောထီး အဖွဲ့ဝင်တွေ မောင်းလာတဲ့ သုံးဘီးဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာက အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သုံးဘီးပေါ်ပါလာတဲ့ အမျိုးသမီး ၁ ဦး…

ဖတ်ရန်
လျှပ်စစ်ပစ္စည်းဆိုင် ဓားပြတိုက်ခံရပြီး မီးခံသေတ္တာလိုက်မသွားကာ CCTV တွေကိုလည်း ဖျက်ဆီးသွား မှုခင်းသတင်း

လျှပ်စစ်ပစ္စည်းဆိုင် ဓားပြတိုက်ခံရပြီး မီးခံသေတ္တာလိုက်မသွားကာ CCTV တွေကိုလည်း ဖျက်ဆီးသွား

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက် ကမ်းနားလမ်းရှိ 'ကိုကိုနှင့်ညီညီ' လျှပ်စစ်ပစ္စည်းဆိုင်တဆိုင် ဓားပြတိုက်ခံရတယ်လို့ သိရပါတယ်။

ဖတ်ရန်
Grade-3 ကျောင်းသားကို ကျောင်းကြိုပြီး ဘတ္ထရီစက်ဘီးနဲ့ပြန်လာတဲ့ သားအမိနှစ်ယောက် ယာဉ်တိုက်မှုဖြစ်လို့ ကလေးငယ်သေဆုံး မှုခင်းသတင်း

Grade-3 ကျောင်းသားကို ကျောင်းကြိုပြီး ဘတ္ထရီစက်ဘီးနဲ့ပြန်လာတဲ့ သားအမိနှစ်ယောက် ယာဉ်တိုက်မှုဖြစ်လို့ ကလေးငယ်သေဆုံး

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်မှာ ညနေကျောင်းဆင်းချိန် Grade-3 ကျောင်းသား ကလေးငယ်ကိုကျောင်းကြိုကာ ဘတ္ထရီစက်ဘီးစီးလာတဲ့ သားအမိနှစ်ယောက် စက်ဘီးလဲရာက နောက်ကကားမှ ကြိတ်ခံလိုက်ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်