အရေးပေါ်
မှုခင်းသတင်း

အိမ်စီးကားတစီးကို သေနတ်ပြ ခြိမ်းခြောက်ပြီး လုယူမောင်းနှင်ထွက်ပြေးသွား

၂၀၂၆ သြဂုတ် ၂၆ Myo Taw
အိမ်စီးကားတစီးကို သေနတ်ပြ ခြိမ်းခြောက်ပြီး လုယူမောင်းနှင်ထွက်ပြေးသွား

မွန်ပြည်နယ်၊ လမိုင်းမြို့၊ ဘူတာရပ်ကွက်မှာ အိမ်စီးကားတစီးကို သေနတ်ပြ ခြိမ်းခြောက်ကာ လုယက်သွားတဲ့ဖြစ်စဉ် ဩဂုတ်လ ၂၅ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၀ ဝန်းကျင်အရွယ်ရှိ အမျိုးသားတဦးဟာ ဆိုင်ကယ်နဲ့ ရောက်ရှိလာပြီး လမ်းဘေးမှာ ရပ်ထားတဲ့ အိမ်စီးကားတစီးကို ဝင်တိုက်ခဲ့ပြီးနောက် ကားထဲမှာထိုင်နေတဲ့ အမျိုးသမီးကို သေနတ်ပြခြိမ်းခြောက်ကာ ကားပေါ်က ဆင်းခိုင်းပြီး ကားကိုပါ ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

"လုသွားတဲ့သူက ဆိုင်ကယ် ဦးထုပ်ဆောင်းပြီး မိုးကာ ဝတ်ထားတယ်၊ ဆိုင်ကယ်နဲ့ အိမ်ရှေ့ရပ်ထားတဲ့ ကားကို သူက အရင်ဝင်တိုက်တာ၊ သေနတ်ထုတ်ပြီး ကားပေါ်က ကားပိုင်ရှင် အမျိုးသမီးကို ဆင်းခိုင်းပြီး ကားကို သူက မောင်းသွားတယ်၊ ကားထဲမှာ ကလေး ပါသွားတယ်၊ ပါသွားတဲ့ ကလေးကို လမ်းမှာ ချထားခဲ့ပြီး သူက ထွက်ပြေးသွားတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

လုယက်ခံယူရတဲ့ ကားဟာ Ford EcoSport အမဲရောင်၊ ယာဉ်အမှတ် 1R/7598 ဖြစ်ပြီး ကာယကံရှင်က အာဏာသိမ်း စစ်တပ်လက်အောက်ခံ ခလရ(၁၀၆) တပ်ရင်းကို တိုင်ကြားထားတယ်လို့ သိရကာ လုယက်သွားသူ စီးနင်းလာတဲ့ ဆိုင်ကယ်ကို ခလရ (၁၀၆) က စစ်သားတွေက လာရောက်ယူဆောင်သွားတယ်လို့ သိရပါတယ်။

လက်ရှိမှာ ခလရ (၁၀၆) က ကားလုယူ မောင်းနှင်သွားသူကို အပူတပြင်း လိုက်လံစုံစမ်းနေတယ်လို့သိရပြီး ခုမနက်ပိုင်းထိ ကားကို ရှာဖွေတွေ့ရှိနိုင်တာ မရှိသေးသလို ဘယ်လမ်းက မောင်းထွက်သွားတယ် ဆိုတာကိုလည်း မသိရသေးဘူးလို့ ဆိုပါတယ်။

မွန်ပြည်နယ် လမိုင်းမြို့မှာ မော်တော်ယာဉ်တွေ မကြာခဏ လုယက်ခံနေရပေမဲ့ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးနိုင်တာ နည်းပါးနေတာကြောင့် လုယက်မှုတွေ ပိုမိုဆိုးရွားလာတယ်လို့ သိရပါတယ်။

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ဟိုပုံမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး ရောင်းချသူတွေကို လိုက်လံဖမ်းဆီးနေ မှုခင်းသတင်း

ဟိုပုံမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး ရောင်းချသူတွေကို လိုက်လံဖမ်းဆီးနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး အများစုက ဆယ်ကျော်သက်လူငယ်တွေ ဖြစ်နေလို့ ဖမ်းဆီးမှုတွေ လုပ်နေရတယ်လို့ သိရပါတယ်။

ဖတ်ရန်
ရေပုတ်ကြီးရွာ ပျူစောထီးရဲ့သားနဲ့ တော်လှန်ရေးတပ်တို့ကြား အပြန်အလှန်ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး မှုခင်းသတင်း

ရေပုတ်ကြီးရွာ ပျူစောထီးရဲ့သားနဲ့ တော်လှန်ရေးတပ်တို့ကြား အပြန်အလှန်ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာနဲ့ ကျောင်းကုန်းကြီးကျေးရွာကြားမှာ ပျူစောထီး အဖွဲ့ဝင်တွေ မောင်းလာတဲ့ သုံးဘီးဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာက အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သုံးဘီးပေါ်ပါလာတဲ့ အမျိုးသမီး ၁ ဦး…

ဖတ်ရန်
လျှပ်စစ်ပစ္စည်းဆိုင် ဓားပြတိုက်ခံရပြီး မီးခံသေတ္တာလိုက်မသွားကာ CCTV တွေကိုလည်း ဖျက်ဆီးသွား မှုခင်းသတင်း

လျှပ်စစ်ပစ္စည်းဆိုင် ဓားပြတိုက်ခံရပြီး မီးခံသေတ္တာလိုက်မသွားကာ CCTV တွေကိုလည်း ဖျက်ဆီးသွား

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက် ကမ်းနားလမ်းရှိ 'ကိုကိုနှင့်ညီညီ' လျှပ်စစ်ပစ္စည်းဆိုင်တဆိုင် ဓားပြတိုက်ခံရတယ်လို့ သိရပါတယ်။

ဖတ်ရန်
Grade-3 ကျောင်းသားကို ကျောင်းကြိုပြီး ဘတ္ထရီစက်ဘီးနဲ့ပြန်လာတဲ့ သားအမိနှစ်ယောက် ယာဉ်တိုက်မှုဖြစ်လို့ ကလေးငယ်သေဆုံး မှုခင်းသတင်း

Grade-3 ကျောင်းသားကို ကျောင်းကြိုပြီး ဘတ္ထရီစက်ဘီးနဲ့ပြန်လာတဲ့ သားအမိနှစ်ယောက် ယာဉ်တိုက်မှုဖြစ်လို့ ကလေးငယ်သေဆုံး

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်မှာ ညနေကျောင်းဆင်းချိန် Grade-3 ကျောင်းသား ကလေးငယ်ကိုကျောင်းကြိုကာ ဘတ္ထရီစက်ဘီးစီးလာတဲ့ သားအမိနှစ်ယောက် စက်ဘီးလဲရာက နောက်ကကားမှ ကြိတ်ခံလိုက်ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်