အရေးပေါ်
မှုခင်းသတင်း

စာမရေးတတ်တာကြောင့် ထောက်ခံစာလာယူရင် အုပ်ချုပ်ရေးမှူးက သူ့မြေးကို ရေးခိုင်းနေရ

၂၀၂၆ သြဂုတ် ၂၈ Myo Taw
စာမရေးတတ်တာကြောင့် ထောက်ခံစာလာယူရင် အုပ်ချုပ်ရေးမှူးက သူ့မြေးကို ရေးခိုင်းနေရ

ပဲခူးတိုင်း၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပျဥ်ပုံအုပ်စု အုပ်ချုပ်ရေးမှူးဟာ စာမရေးတတ်တာကြောင့် ထောက်ခံစာ လာတောင်းချိန်မှာ သူရဲ့ မြေးဖြစ်သူကို ထောက်ခံစာ ရေးခိုင်းနေရတယ်လို့ ဒေသခံတွေရဲ့ သတင်းပေးပို့မှုအရ သိရပါတယ်။

ပျဥ်ပုံအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်း ဟာ စာရေးတတ်ဖတ်တတ်မှု ကျွမ်းကျွမ်းကျင်ကျင် မရှိတာကြောင့် မိသားစုဝင်တွေကို တဆင့်ပြန်ခိုင်းကာ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

"သူက ၃ တန်းတောင် မအောင်ဘူး။ ထောက်ခံစာ ရေးဖို့ သူ့မြေးကို ရေးခိုင်းတယ်။ ပိုက်ဆံပေးရတော့ အုပ်ချုပ်ရေးမှူး မိန်းမ ဒေါ်မိပွေးကို ပေးရတယ်။ ပိုက်ဆံမပေးရင် အလုပ်ရှုပ်တယ် မအားဘူး ပြောလွတ်တယ်။ အရင်က သူတို့အိမ်က အစုတ် အုပ်ချုပ်ရေးမှူး ဖြစ်တော့မှ တိုက်ဆောက်ထားတာ" လို့ ပျဥ်ပုံရွာက ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းဟာ လစဉ်စစ်မှုထမ်းကြေး ကောက်ရာမှာလည်း သူနဲ့ ဆက်ဆံရေး အဆင်ပြေတဲ့ အိမ်ထောင်စုတွေဆိုရင် မပေးရဘဲ သူနဲ့ အဆင်မပြေတဲ့ သူတွေဆိုရင် အချုပ်ထဲထည့်ပစ်မယ်လို့ဆိုကာ ခြိမ်းခြောက်မှုတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

"စီးပွားရေး အဆင်ပြေတဲ့ အိမ်ဆိုရင် ၅ သောင်းကနေ ၁ သိန်းထိပေးရတယ်။ အဆင်မပြေတဲ့ သူတွေဆို ၁ သောင်း၊ ၂ သောင်းကောက်တယ်။ လက်လုပ်လက်စားတွေက တနေ့လုပ်မှ တနေ့စားရတဲ့ သူတွေဆိုတော့ မပေးနိုင်တဲ့အခါ ၁ ရက်၂ ရက် ထပ်စောင့်ပေးဖို့ အသနားခံ ပြောတာတောင် လက်မခံဘူး။ စစ်မှုထမ်းထဲ ထည့်မယ်၊ စစ်သားတွေခေါ်ရိုက်ခိုင်းမယ်နဲ့ ခြိမ်းခြောက်တယ်။ စစ်မှုထမ်းကြေးပေးလည်း ရွာက ပေါ်တာဆွဲတဲ့အထဲလည်း ပါတာပါပဲ" လို့ ဒေသခံ တဦးက မြို့တော်ကို ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းအပြင် ရာအိမ်မှူးတွေဖြစ်တဲ့ ဦးမြင့်လွင်၊ ဦးလှစိုး၊ ဦးအေးသန်း၊ ဦးသိန်းဝင်း၊ ဦးနိုင်ကြီး တို့ကလည်း စစ်မှုထမ်းကြေး မပေးတဲ့သူတွေကို စစ်တပ်ခေါ်ပြီး ချက်ချင်းဖမ်းခိုင်းမယ်လို့ ခြိမ်းခြောက်ပြောဆိုနေတာတွေကြောင့် ရွာခံတွေဟာ ကြောက်လန့်နေကြရတယ်လို့ သိရပါတယ်။

"သူတို့တင် မဟုတ်ဘူး သူ့မိသားစုဝင်တွေကိုလည်း ကြောက်နေကြရတာ။ သူ့ယောက်ဖ ဝင်းအောင်ကြီး ဆို ညတိုင်း ဘောက်ဖွင့်ပြီး ဆဲဆိုနေတာ။ ငါ့ကို တိုင်ရဲတဲ့ ကောင်ရှိတိုင်။ ငါ့ယောက်ဖက အုပ်ကြီး လုပ်ချင်တာ လုပ်လို့ရတယ်လို့ ကြွားဝါနေတာ။ ဆူညံနေလို့ အုပ်ကြီးကို သွားပြောတော့လည်း တိုင်တဲ့သူကို ဆဲလွှတ်တယ်" လို့ ဒေသခံ တဦးက ပြောပါတယ်။

ပေါင်းတည်မြို့နယ်၊ ပျဥ်ပုံအုပ်စုမှာ အိမ်ထောင်စု ၂၀၀၀ ကျော် ရှိတာကြောင့် လစဉ်စစ်မှုထမ်းကြေး ကောက်ခံရာမှာ ငွေကြေးအများအပြား ရရှိပေမဲ့ စစ်မှုထမ်း လူစားထိုး ဝယ်ယူဖို့အတွက် မဟုတ်ဘဲ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတွေကပဲ ခွဲဝေယူနေကြကာ စစ်မှုထမ်းအတွက် လိုတဲ့သူကိုတော့ ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ထည့်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

ဟိုပုံမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး ရောင်းချသူတွေကို လိုက်လံဖမ်းဆီးနေ မှုခင်းသတင်း

ဟိုပုံမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး ရောင်းချသူတွေကို လိုက်လံဖမ်းဆီးနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး အများစုက ဆယ်ကျော်သက်လူငယ်တွေ ဖြစ်နေလို့ ဖမ်းဆီးမှုတွေ လုပ်နေရတယ်လို့ သိရပါတယ်။

ဖတ်ရန်
ရေပုတ်ကြီးရွာ ပျူစောထီးရဲ့သားနဲ့ တော်လှန်ရေးတပ်တို့ကြား အပြန်အလှန်ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး မှုခင်းသတင်း

ရေပုတ်ကြီးရွာ ပျူစောထီးရဲ့သားနဲ့ တော်လှန်ရေးတပ်တို့ကြား အပြန်အလှန်ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာနဲ့ ကျောင်းကုန်းကြီးကျေးရွာကြားမှာ ပျူစောထီး အဖွဲ့ဝင်တွေ မောင်းလာတဲ့ သုံးဘီးဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာက အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သုံးဘီးပေါ်ပါလာတဲ့ အမျိုးသမီး ၁ ဦး…

ဖတ်ရန်
လျှပ်စစ်ပစ္စည်းဆိုင် ဓားပြတိုက်ခံရပြီး မီးခံသေတ္တာလိုက်မသွားကာ CCTV တွေကိုလည်း ဖျက်ဆီးသွား မှုခင်းသတင်း

လျှပ်စစ်ပစ္စည်းဆိုင် ဓားပြတိုက်ခံရပြီး မီးခံသေတ္တာလိုက်မသွားကာ CCTV တွေကိုလည်း ဖျက်ဆီးသွား

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက် ကမ်းနားလမ်းရှိ 'ကိုကိုနှင့်ညီညီ' လျှပ်စစ်ပစ္စည်းဆိုင်တဆိုင် ဓားပြတိုက်ခံရတယ်လို့ သိရပါတယ်။

ဖတ်ရန်
Grade-3 ကျောင်းသားကို ကျောင်းကြိုပြီး ဘတ္ထရီစက်ဘီးနဲ့ပြန်လာတဲ့ သားအမိနှစ်ယောက် ယာဉ်တိုက်မှုဖြစ်လို့ ကလေးငယ်သေဆုံး မှုခင်းသတင်း

Grade-3 ကျောင်းသားကို ကျောင်းကြိုပြီး ဘတ္ထရီစက်ဘီးနဲ့ပြန်လာတဲ့ သားအမိနှစ်ယောက် ယာဉ်တိုက်မှုဖြစ်လို့ ကလေးငယ်သေဆုံး

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်မှာ ညနေကျောင်းဆင်းချိန် Grade-3 ကျောင်းသား ကလေးငယ်ကိုကျောင်းကြိုကာ ဘတ္ထရီစက်ဘီးစီးလာတဲ့ သားအမိနှစ်ယောက် စက်ဘီးလဲရာက နောက်ကကားမှ ကြိတ်ခံလိုက်ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်