အရေးပေါ်
မိုးလေဝသ

ဧရာဝတီမှာ မိုးစပါးခင်းတွေ ရေနစ်မြုပ်ပျက်စီးမှုနဲ့ အတူ ဆန်စပါးဈေး ထပ်တက်၊ ဧရာဝတီပေါ်ဆန်း တင်း ၁၀၀ ကို ၅၂ သိန်းအထိ ရှိလာ

၂၀၂၆ သြဂုတ် ၂၉ Myo Taw
ဧရာဝတီမှာ မိုးစပါးခင်းတွေ ရေနစ်မြုပ်ပျက်စီးမှုနဲ့ အတူ ဆန်စပါးဈေး ထပ်တက်၊ ဧရာဝတီပေါ်ဆန်း တင်း ၁၀၀ ကို ၅၂ သိန်းအထိ ရှိလာ

ဧရာဝတီတိုင်း ဆန်စပါးဈေးကွက်မှာ ဩဂုတ်လကုန်ပိုင်းအတွင်း ဆန်တစ်အိတ်ကို ကျပ် ၅,၀၀၀ ကနေ ၁၅,၀၀၀ အထိနဲ့ စပါးတင်း ၁၀၀ ကို ကျပ် ၁ သိန်းကနေ ၅ သိန်းအထိ ဈေးမြင့်တက်လာတယ်လို့ ဆန်စပါးကုန်သည်တွေထံက သိရပါတယ်။

ဆန်စပါးဈေး မြင့်တက်လာတာဟာ မိုးစပါးခင်းတွေ ရေနစ်မြုပ်ပျက်စီးမှုအပြင် မြေပြင်မှာ စပါးလက်ကျန်နည်းလာတာနဲ့ ရန်ကုန်က ဝယ်လက်တွေရဲ့ ဝယ်လိုအား မြင့်တက်လာတာတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ပုံမှန်အားဖြင့် ရန်ကုန်က ဝယ်လက်တွေဟာ စပါးကို အောက်တိုဘာလလောက်မှ စတင် ဝယ်ယူသိုလှောင်လေ့ရှိပေမယ့် ဒီနှစ်မှာတော့ ရေကြီးနိုင်တဲ့ အခြေအနေတွေကြောင့် ဩဂုတ်လအတွင်းကတည်းက ကြိုတင်ဝယ်ယူမှုတွေ ပြုလုပ်လာတယ်လို့ သိရပါတယ်။

ဩဂုတ် ၂၆ ရက်နေ့ ဈေးနှုန်းတွေအရ ဧရာဝတီပေါ်ဆန်း (ပုသိမ်) ဆန်တစ်အိတ်ကို ကျပ် ၁၇၅,၀၀၀ ကနေ ၁၈၀,၀၀၀ အထိ ရှိပြီး ဧရာဝတီပေါ်ဆန်းစပါး တင်း ၁၀၀ ကို ကျပ် ၅၂ သိန်းအထိ ရှိပါတယ်။ ရက် ၉၀ စပါးက တင်း ၁၀၀ ကို ကျပ် ၃၀ သိန်း၊ GW11 စပါးက ကျပ် ၂၅ သိန်းနဲ့ သုခစပါးက ကျပ် ၂၇ သိန်းအထိ ဈေးပေါက်နေတယ်လို့ သိရပါတယ်။

ဩဂုတ် ၁၃ ရက် ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်ရင် ဆန်စျေးက တစ်အိတ်ကို ကျပ် ၅,၀၀၀ ကနေ ၁၅,၀၀၀ အထိနဲ့ စပါးဈေးက တင်း ၁၀၀ ကို ကျပ် ၁ သိန်းကနေ ၅ သိန်းအထိ မြင့်တက်လာတာတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဧရာဝတီတိုင်းအတွင်း လေးမျက်နှာ၊ ငါးသိုင်းချောင်း၊ ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်းနဲ့ ဟင်္သာမြို့နယ်တွေမှာ မိုးစပါးစိုက်ခင်းတွေ ရေနစ်မြုပ်ပျက်စီးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ရာသီဥတု ဆိုးရွားမှုကြောင့် နီပေါရေဘေးကယ်ဆယ်ရေး ယာယီရပ်ဆိုင်း၊ ဘေးအန္တရာယ် ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံခြားနည်းပညာအကူအညီ လိုအပ်နေ မိုးလေဝသ

ရာသီဥတု ဆိုးရွားမှုကြောင့် နီပေါရေဘေးကယ်ဆယ်ရေး ယာယီရပ်ဆိုင်း၊ ဘေးအန္တရာယ် ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံခြားနည်းပညာအကူအညီ လိုအပ်နေ

နီပေါနိုင်ငံမှာ ဩဂုတ်လ ၂၆ ရက်က ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ပြီး ရာသီဥတုဆိုးရွားမှုကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဩဂုတ်လ ၂၉ ရက်မှာ ယာယီရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။

ဖတ်ရန်
လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဆေးဝါးတွေ ပြတ်လပ်နေပြီး ART ဆေး တလ ၁၀ လုံးသာ ထုတ်ပေးနိုင်တော့တယ်လို့ဆို မိုးလေဝသ

လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဆေးဝါးတွေ ပြတ်လပ်နေပြီး ART ဆေး တလ ၁၀ လုံးသာ ထုတ်ပေးနိုင်တော့တယ်လို့ဆို

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေနဲ့ စစ်ရေးပြဿနာတွေကြောင့် ART ဆေး သောက်သုံးနေရသူတွေ ဆေးဆက်မသောက်နိုင်ကြတော့သလို ဆေးရုံကြီးကလည်း ART ဆေးကို ၁၀ ရက်စာသာ ပေးနိုင်တော့တယ်လို့…

ဖတ်ရန်
နီပေါနဲ့ တိဘက်မှာ ရေခဲမြစ်ပြိုကျပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူ ၂၇၀ ကျော် သေဆုံးကာ ၁,၃၀၀ ကျော် ပျောက်ဆုံးနေ မိုးလေဝသ

နီပေါနဲ့ တိဘက်မှာ ရေခဲမြစ်ပြိုကျပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူ ၂၇၀ ကျော် သေဆုံးကာ ၁,၃၀၀ ကျော် ပျောက်ဆုံးနေ

ဟိမဝန္တာဒေသ နီပေါနဲ့ တိဘက်မှာ ဩဂုတ် ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရေခဲမြစ်ပြိုကျမှုကြောင့် ရုတ်တရက် အလွန်ပြင်းထန်တဲ့ ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၂၇၃ ဦး…

ဖတ်ရန်
ရေကြည်မှာ ရေစီးနဲ့ မျောပါသွားတဲ့ လူငယ် ၂ ဦးထဲက ကျန်တဲ့တဦးကို လိုက်လံရှာဖွေနေပေမယ့် မတွေ့သေး မိုးလေဝသ

ရေကြည်မှာ ရေစီးနဲ့ မျောပါသွားတဲ့ လူငယ် ၂ ဦးထဲက ကျန်တဲ့တဦးကို လိုက်လံရှာဖွေနေပေမယ့် မတွေ့သေး

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ ရေစီးနဲ့ မျောပါပျောက်ဆုံးသွားတဲ့ လူငယ်တဦးရဲ့ ရုပ်အလောင်းကို ဒီကနေ့ထိ ရှာဖွေနေကြပေမယ့် မတွေ့သေးဘူးလို့ သိရပါတယ်။

ဖတ်ရန်