ဩဂုတ် ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
ဩဂုတ် ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ရန်ကုန်မှာ ဝမ်းရောဂါနဲ့ သေဆုံးသူ နောက်ထပ် ၁ ဦး ထပ်တိုးလာပြီး နာရေးကို ကိုဗစ်တုန်းကလိုပဲ သင်္ဂြိုဟ်ခဲ့ရတယ်လို့ သိရပါတယ်။
ဩဂုတ်လ ၂၀ ရက်နေ့က ရန်ကုန်ဆေးရုံကြီးမှာ အသက် ၈၇ နှစ်အရွယ် အသက်ကြီးပိုင်း အမျိုးသား ၁ ဦး ဝမ်းပျက်လို့ ဆေးရုံတက်ခဲ့ရာက ၁ ရက်အကြာ ဩဂုတ်လ ၂၁ ရက်နေ့မှာ သေဆုံးခဲ့တာလို့ သိရပါတယ်။
"ဆေးရုံက Volunteer တွေက အိပ်အမဲနဲ့ တခါတည်းထုပ်ပြီး တန်းသင်္ဂြိုဟ်ပေးတယ်လို့ ပြောတယ်။ သူတို့အိမ်တွေကိုလည်း ဆေးလာဖြန်းပေးကြတယ်။ နာရေးဆွမ်းသွပ်ကို လူတွေအများကြီးနဲ့ မလုပ်ဖို့လည်း မှာသွားတယ်။ ကိုဗစ်တုန်းကလိုပဲ" လို့ ရန်ကုန်မြို့ခံတဦးက မြို့တော်ကို ပြောပါတယ်။
ရန်ကုန်မှာ ဝမ်းရောဂါကြောင့် သေဆုံးသူ ၂ ဦးထိ ရှိလာပြီး ဩဂုတ်လ ၁၁ ရက်နေ့က ပထမဆုံး သေဆုံးခဲ့သူဟာ အသက် ၉၂ နှစ်အရွယ် လူနာဖြစ်တယ်လို့ သိရပါတယ်။
"ဟိုရက်က ဘတ်စ်ကားပေါ်မှာ ဝမ်းတွေသွားပြီး လူငယ်တယောက် သတိလစ်နေတာတွေ့တယ်။ ရန်ကုန်က ဝမ်းရောဂါ မထိန်းနိုင်သေးဘူး။ ကျန်းမာရေးဌာနက ထိန်းနိုင်တဲ့ပုံနဲ့သာ ကြေညာတာ၊ အခုထိ ရပ်ကွက်တွေထဲ အိပ်ယာထဲ လဲနေသူတွေ၊ ရာသီတုတ်ကွေးနဲ့ ဝမ်းရောဂါ ရောယှက်နေတဲ့သူတွေ အများကြီးပဲ။ အခြေအနေက ပိုဆိုးလာနိုင်တယ်" လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။
ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတတ်ရောက်ကုသနေရသူတွေ အလွန်များပြားနေပြီး ကူးဆက်မှုနှုန်းလည်း ကိုဗစ်ထက် ပိုမြန်နေတယ်လို့ ကျန်းမာရေးဌာက ဝန်ထမ်းတဦးက ပြောပါတယ်။
ဩဂုတ် ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ ကျောင်းဆရာမ ၁ ဦး အပါအဝင် ကျေးရွာက ဒေသခံ ၅ ဦး ထက်မနည်းကို ခွေးရူးတကောင်က လိုက်ကိုက်လို့ ဆေးရုံတင်ပြီး ကုသထားရတယ်လို့…
၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
Rainbow Flying Freely Kol Kole သည် ဥပဒေ နောက်ဆုံးနှစ် CDM ကျောင်းသား တစ်ဦးဖြစ်ပြီး LGBTQ တစ်ဦးလည်း ဖြစ်ပါသည်။ သူသည်…