ရုပ်သံ
ပြည်တွင်းသတင်း
အောက်တိုဘာ ၂၃ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ငရုတ်ခင်းထဲသွားတဲ့ အမျိုးသမီး အိမ်ပြန်မလာလို့ လိုက်ရှာရာက သတ်ဖြတ်ခံထားရတဲ့ အနေအထားနဲ့ ပြန်တွေ့
အောက်တိုဘာလ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တံခါးယဉ်ကျေးရွာမှာ အမျိုးသမီးတဦး ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက မြို့တော်ကို ပြောပါတယ်။
အောက်တိုဘာလ ၁၉ ရက်နေ့၊ မနက် ၈ နာရီခန့်က တံခါးယဉ်ကျေးရွာနဲ့ ၄ မိုင်အကွာက ငရုတ်စိုက်ခင်းထဲ တဦးတည်းသွားပြီး ပြန်ရောက်မလာလို့ လိုက်လံရှာဖွေရာက သတ်ဖြတ်ခံထားရတဲ့ အနေအထားနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတာလို့ သိရပါတယ်။
“ငရုတ်ခင်းထဲသွားတာ ပြန်မလာလို့ လိုက်ရှာကြတာ၊ အဲ့နေ့က မတွေ့ဘူး။ နောက်နေ့လည်း ရှာကြရင်းနဲ့ ငရုတ်ခင်းထဲ အလောင်းဖွက်ထားတာ တွေ့တာ။ တကိုယ်လုံးလည်း ရစရာမရှိဘူး၊ ရက်ရက်စက်စက် အသတ်ခံထားရတာ” လို့ ဒေသခံတဦးက ပြောပါတယ်။
အောက်တိုဘာ ၂၀ ရက်နေ့၊ နေ့လယ် ၁၂ နာရီက ငရုတ်စိုက်ခင်းထဲမှာ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပြီး အသက် ၃၉ နှစ်သာ ရှိသေးတယ်လို့ သိရပါတယ်။
အမျိုးသမီးရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိချိန်မှာ ယာလက်မ၊ ဝဲလက်ခုံ၊ ယာလက်ခုံ၊ ဝဲဘက်မျက်လုံးဘေးနဲ့ ဦးခေါင်းနောက်စေ့တွေမှာ ပြတ်ရှဒဏ်ရာတွေ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
သေဆုံးသူ အမျိုးသမီးမှာ အသက် ၁၂ အရွယ်နဲ့ ၈ နှစ်အရွယ် ကလေး ၂ ဦး ကျန်ရှိခဲ့ကြောင်း သိရပြီး အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပင်လောင်းမြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မြို့လယ်ခေါင်မှာ လူစည်ကားချိန် ဗုံး ၂ လုံး ကျရောက်ပေါက်ကွဲလို့ အရပ်သားပြည်သူ ၅ ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
လားရှိုးမြို့မှာ ဖယောင်းတိုင်မီးနဲ့ ဘုရားမီးပူဇော်ရာကနေ နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော်လမ်းမပေါ်ရှိ တံတား ၂ စင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်ထံက သိရပါတယ်။