ဩဂုတ် ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
ဩဂုတ် ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်မှာ အိမ်စီးကားတစီး အရှိန်လွန်ကာ လမ်းဘေးရှိ ရေကန်ထဲ ထိုးကျလို့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ်လ ၂၈ ရက် ဒီကနေ့ မနက် ၉ နာရီ ၁၀ မိနစ်ခန့်က ဒက္ခိဏသီရိမြို့နယ်၊ ထန်းတပင်၊ ကျောက်မျက်ဝန်းမှာ အိမ်စီးကာတစီး အရှိန်လွန်ကာ လမ်းဘေးက သဘာဝရေကန်ထဲ ပြုတ်ကျသွားခဲ့တာဖြစ်ပြီး ယာဉ်ပေါ်မှာပါလာတဲ့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ကားအတွင်း ပိတ်မိကာ ရေနစ်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
"ဘယ်လိုဖြစ်တယ် မသိဘူး။ ကျနော်တို့ သွားကြည့်တော့ ကားက ရေထဲမှာ။ ကယ်ဆယ်ရေးတွေ ရောက်ပေမယ့် ရေကန်က ရေပြည့်နေတာနဲ့ အသက်မမှီဘူး ဖြစ်သွားတယ်" လို့ မျက်မြင်တွေ့ရှိသူတဦးက ပြောပါတယ်။
အခင်းဖြစ်ပွားရာနေရာကို နေပြည်တော် ဒက္ခိဏခရိုင်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ ဒက္ခိဏသီရိမြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရွှေကြာပင်နယ်မြေ မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီးတို့က သွားရောက်ကာ ကားကို ဆယ်ယူခဲ့ကြပြီး ရုပ်အလောင်းတွေကိုတော့ နေပြည်တော် ကုတင်-၁၀၀၀ ပြည်သူ့ဆေးရုံ ရင်ခွဲရုံမှာ ပို့ထားတယ်လို့ သိရပါတယ်။
ဩဂုတ် ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ ကျောင်းဆရာမ ၁ ဦး အပါအဝင် ကျေးရွာက ဒေသခံ ၅ ဦး ထက်မနည်းကို ခွေးရူးတကောင်က လိုက်ကိုက်လို့ ဆေးရုံတင်ပြီး ကုသထားရတယ်လို့…
၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
Rainbow Flying Freely Kol Kole သည် ဥပဒေ နောက်ဆုံးနှစ် CDM ကျောင်းသား တစ်ဦးဖြစ်ပြီး LGBTQ တစ်ဦးလည်း ဖြစ်ပါသည်။ သူသည်…