ဩဂုတ် ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
ဩဂုတ် ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ လက်ချည်ပွဲအတွက် အင်္ကျီတွေ သွားဝယ်ယူပြီးအပြန် ဖောင်စက်လှေတိမ်းမှောက်လို့ ကျောင်းဆရာမ ၁ ဦး ရေနစ် သေဆုံးခဲ့တယ်လို့ ဒေသခံတွေ ကတဆင့် သိရပါတယ်။
ဩဂုတ်လ ၂၄ ရက် နေ့လည် ၁၂ နာရီခွဲခန့်က ကော့ကရိတ်မြို့နယ်၊ ကော့ခိုက်ကျေးရွာနဲ့ နွားခြံကုန်းကျေးရွာကြားမှာ စက်ပျက်ပြီး တိမ်းမှောက်ခဲ့တာကြောင့် စက်လှေပေါ်ပါလာသူ ကျောင်းဆရာမ ၄ ဦးနဲ့ အရပ်သား ၄ ဦး ရေနစ်ခဲ့ပြီး စက်လှေပေါ်ပါလာတဲ့ ဆိုင်ကယ် ၂ စီးလည်း ရေထဲ နစ်မြုပ်သွားခဲ့တယ်လို့ သိရပါတယ်။
"စက်လှေက ဝန်များသွားတာ။ လူ ၈ ယောက်နဲ့ ဆိုင်ကယ် ၂ စီး၊ တခြားကုန်တွေကော သယ်ပြီးအပြန် ဖြစ်တာ။ ရေပြင်ကလည်း ကျယ်နေတာ၊ ရေလည်မှာ စက်လှေက စက်ပျက်တာ။ ရေစီးနဲ့ လည်သွားပြီး မှောက်တာ။ မှောက်တဲ့နေရာက ရေတက်ပြီး လယ်တွေ မြုပ်နေတဲ့ နေရာပါ" လို့ ဒေသခံတဦးက ပြောပါတယ်။
ကျောင်းဆရာမ ၄ ဦး စလုံးဟာ ရေမကူးတတ်တာကြောင့် ရေထဲပြုတ်ကျ မျောပါသွားခဲ့ပြီး ဆရာမ ၃ ဦးကို အချိန်မီ ကယ်ဆယ်နိုင်ခဲ့ပေမယ့် ဆရာမ နန်းမြင့်ဆန်းဦးကတော့ ရေစီးနဲ့ အတူ မျောပါသွားခဲ့တယ်လို့ သိရပါတယ်။
"ဆရာမ ၄ ယောက်လုံးက ကျောင်းက လက်ချည်ပွဲအတွက် အဝတ်တွေ သွားဝယ်ကြတာ။ အပြန်မှာ ခုလိုဖြစ်တာ။ ဆရာမ ၄ ယောက်လုံးက တခြားနယ်က ပြောင်းလာကြတာ ရေမကူးတက်ကြဘူး။ ဖြစ်ဖြစ်ချင်း ၃ ယောက်ကို ကယ်လိုက်နိုင်တယ်။ တယောက်ကတော့ ရေစီးနဲ့ ပါပြီး ပျောက်သွားတာ။ ရွာကလူတွေ လိုက်ဆယ်ကြပေမယ့် အချိန်ကြာပီး အလောင်းပဲရတော့တာ" လို့ ဒေသခံတဦးက ပြောပါတယ်။
ရေနစ်သေဆုံးခဲ့တဲ့ ကျောင်းဆရာမဟာ ကော့ကရိတ်မြို့နယ်၊ နွားခြံကုန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းမှာ တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ရုပ်အလောင်းကိုတော့ သြဂုတ် ၂၅ ရက်နေ့က တာဝန်ကျရာ ကျေးရွာမှာပဲ သင်္ဂြိုဟ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဩဂုတ် ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ ကျောင်းဆရာမ ၁ ဦး အပါအဝင် ကျေးရွာက ဒေသခံ ၅ ဦး ထက်မနည်းကို ခွေးရူးတကောင်က လိုက်ကိုက်လို့ ဆေးရုံတင်ပြီး ကုသထားရတယ်လို့…
၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
Rainbow Flying Freely Kol Kole သည် ဥပဒေ နောက်ဆုံးနှစ် CDM ကျောင်းသား တစ်ဦးဖြစ်ပြီး LGBTQ တစ်ဦးလည်း ဖြစ်ပါသည်။ သူသည်…