အရေးပေါ်
ပြည်တွင်းသတင်း

တောင်းရမ်းစားသောက်နေသူ ပပျောက်ရေးစီမံချက်နဲ့ တောင်ကြီး မြို့မစည်ပင်အဖွဲ့က လိုက်လံဖမ်းဆီးနေ

၂၀၂၆ သြဂုတ် ၂၇ Myo Taw
တောင်းရမ်းစားသောက်နေသူ ပပျောက်ရေးစီမံချက်နဲ့ တောင်ကြီး မြို့မစည်ပင်အဖွဲ့က လိုက်လံဖမ်းဆီးနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ တောင်းရမ်းစားသောက်သူတွေကို စတင် ဖမ်းဆီးအရေးယူနေကာ ခွေးလေခွေးလွင့်တွေကိုလည်း စတင် သုတ်သင်ရှင်းလင်းတော့မယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၆ ရက်နေ့က စတင်ကာ တောင်းရမ်းစားသောက်နေသူ ပပျောက်ရေး စီမံချက်နဲ့ တောင်ကြီး မြို့မစည်ပင်အဖွဲ့က ကားတစီးနဲ့ တောင်းရမ်းစားသောက်နေရသူတွေကို လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။

"တောင်းစားနေတဲ့သူတွေကြောင့် မြို့ပေါ်သွားလာနေတဲ့သူတွေအဖို့ စိတ်အနှောက်အယှက်ဖြစ်ရတယ်၊ အဲ့တာကြောင့် အခုလို ရှင်းလင်းတာ၊ ပထမအကြိမ်ဖမ်းဆီးပြီး ခံဝန်ထိုးပြီးရင် နောက်ပိုင်းကျ အရေးယူမှာလို့ ကြားတယ်" လို့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။

တောင်းရမ်းစားသောက်သူတွေ များပြားလာတာကြောင့် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနက အခုလို စီမံချက်နဲ့ လုပ်တာလို့ သိရပြီး လာမယ့် ဩဂုတ်လ ၂၉ ရက်နေ့မှာလည်း လမ်းဘေး ခွေးလေခွေးလွင့်တွေကို အစာအဆိပ်ချ ရှင်လင်းဦးမယ်လို့ သိရပါတယ်။

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ Daily NEWS

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ ရုပ်သံ Afternoon NEWS

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး ပြည်တွင်းသတင်း

ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်အပိုင်းက ရထားလမ်းပေါ်မှာ လူငယ်တဦး ရထားတိုက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ ပြည်တွင်းသတင်း

မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ မိုးမလင်းဈေးသွားတဲ့ အမျိုးသမီး ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဖတ်ရန်