အရေးပေါ်
ပြည်တွင်းသတင်း

ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာ ဗုံးကြဲခံခဲ့ရတာကြောင့် အမျိုးသမီး ၆ ဦး အသက်ဆုံးရှုံး

၂၀၂၆ အောက်တိုဘာ ၂၁ Myo Taw
ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာ ဗုံးကြဲခံခဲ့ရတာကြောင့် အမျိုးသမီး ၆ ဦး အသက်ဆုံးရှုံး

ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာ ဗုံးကြဲခံခဲ့ရတာကြောင့် အမျိုးသမီး ၆ ဦး အသက်ဆုံးရှုံး

အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာကို အာဏာသိမ်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသမီး ၆ ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ ဘုတလင်မြို့နယ် လူသားစာနာအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာတဲ့ ဂျိုင်ရိုကော်ပတာ ၁ စီးက ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာကို ဗုံးသီး ၁ လုံး ကြဲချခဲ့ပြီးနောက် ဆူဆိုက်ဒရုန်း ၁ စီးနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

" ၄ ဦးက နေရာတင် ပွဲချင်းပြီး ဆုံးသွားတယ်။ ကျန်တဲ့ ၂ ဦးက ဆေးကုဖို့ သွားတဲ့လမ်းမှာ ဆုံးသွားတယ်" လို့ ဘုတလင်မြို့နယ် လူသားစာနာအဖွဲ့ တာဝန်ခံက ပြောပါတယ်။

အဆိုပါဗုံးကြဲ တိုက်ခိုက်မှုကြောင့် မိသားစုဝင် ၄ ဦး နှင့် ညီအစ်မ ၂ ဦး အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပြီး သေဆုံးသူတွေဟာ အသက် ၁၃ နှစ်အရွယ် ၁ ဦး၊ အသက် ၁၅ နှစ်အရွယ် ၁ ဦး၊ အသက် ၁၇ နှစ်အရွယ် ၂ ဦး၊ အသက် ၂၂ နှစ်အရွယ် ၁ ဦးနဲ့ အသက် ၄၀ အရွယ် ၁ ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်က ၂၀၂၆ ခုနှစ် အောက်တိုဘာလအတွင်းမှာ ဘုတလင်မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ် ပြုလုပ်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုတွေအတွင်း အရပ်သားပြည်သူ ၉ ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ Daily NEWS

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ ရုပ်သံ Afternoon NEWS

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး ပြည်တွင်းသတင်း

ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်အပိုင်းက ရထားလမ်းပေါ်မှာ လူငယ်တဦး ရထားတိုက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ ပြည်တွင်းသတင်း

မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ မိုးမလင်းဈေးသွားတဲ့ အမျိုးသမီး ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဖတ်ရန်