ရုပ်သံ
Daily NEWS
စက်တင်ဘာ ၁ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
PDF တွေက ဆိုင်ကယ်အသုံးပြုပြီး အုပ်ကြီးတွေကို ပစ်ခတ်ရှင်းလင်းခဲ့တာကြောင့် ရန်ကုန်၊ တွံတေးခရိုင်အတွင်း ဆိုင်ကယ်စီးနင်းခွင့် မပြုဘူးလို့ဆို
စက်တင်ဘာ ၁
ရန်ကုန်တိုင်း၊ တွံတေးခရိုင်အတွင်းရှိ မြို့နယ်တွေမှာ ဆိုင်ကယ် တရားဝင် စီးနင်းခွင့်နဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်အစိုးရ လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယ ပုံမှန်အစည်းအဝေးမှာ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး တတိယပုံမှန် အစည်းအဝေးမှာ တွံတေးခရိုင်အတွင်းရှိ မြို့နယ်တွေဖြစ်တဲ့ တွံတေးမြို့နယ်၊ ဒလမြို့နယ်၊ ကော့မှူးမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့မှာ ဆိုင်ကယ်စီးနင်းခွင့်ကို တရားဝင် ခွင့်ပြုပေးနိုင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေက မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
ဒလမြို့နယ် ကိုယ်စားလှယ် ဦးသန်းဦးနှင့် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာဝင်း တို့ရဲ့ တရားဝင် ဆိုင်ကယ်စီးနင်းခွင့်ကို ခွင့်ပြုပေးနိုင်ရေးနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တဲ့ မေးခွန်းကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ပြန်လည် ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။
နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က "တွံတေးခရိုင်အတွင်းမှာ ပါဝင်တဲ့ တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်နှင့် ဒလမြို့နယ်တို့မှာ ဆိုင်ကယ်မစီးရ ဒေသန္တရအမိန့် ထုတ်ပြန် ဆောင်ရွက်ထားတဲ့အတွက် တရားဝင် ဆိုင်ကယ်စီးနင်းခွင့်ကို ပြန်လည်ခွင့်ပြုပေးပါက လုံခြုံရေးအတွက် အားနည်းချက်တွေ ဖြစ်ပေါ်လာနိုင်တာကြောင့် သက်ဆိုင်ရာ နယ်မြေလုံခြုံရေး အဖွဲ့စည်းတွေရဲ့ သဘောထား ပြန်ကြားချက်တွေအရ လက်တလောမှာ ဆိုင်ကယ်စီးနင်းခွင့်ကို လုံခြုံရေးအရ ခွင့်ပြုလို့မရသေးပါဘူး" လို့ ပြန်လည်ဖြေကြားခဲ့တာပါ။
ဒလမြို့နယ်အတွင်းမှာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေေ ဆယ်အိမ်မှူးတွေကို တော်လှန်ရေးအင်အားစုတွေက မော်တော်ဆိုင်ကယ် အသုံးပြုပြီး ပစ်ခတ်မှုတွေနဲ့ ဖောက်ခွဲမှု (၁၃) ကြိမ်၊ အုပ်ချုပ်ရေးမှူးတွေ လုပ်ကြံခံရမှု (၉) ကြိမ် ရှိခဲ့တယ်လို့ ဝန်ခံထားပါတယ်။
မြို့တော် News Channel
ရုပ်သံ
Daily NEWS
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ကျေးရွာတရွာမှာ နိုင်ငံရေးအကျဥ်သား တဦးရဲ့ နေအိမ်ကို မသမာသူ လူတစုက ဩဂုတ်လ ၃၀ ရက်နေ့ ည ၁၂ နာရီခန့်မှာ…
ပြည်တွင်းသတင်း
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဒညင်းကုန်းရပ်ကွက်က အရန်မီးသတ် အရာရှိတဦးရဲ့ နေအိမ်ကို ဩဂုတ်လ ၂၅ ရက်နေ့ ညနေ ၄ နာရီခန့်မှာ အာဏာသိမ်း စစ်အစိုးရ…
ပြည်တွင်းသတင်း
မန္တလေးမြို့မှာ ကားရှေ့ရပ်ထားတဲ့ ဆိုင်ကယ်ကို ဖယ်ခိုင်းရာက စကားများပြီး ကားနဲ့ ဆိုင်ကယ်တွေကို တက်ကြိတ်တဲ့ဖြစ်စဉ် ဒီကနေ့မနက်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။