ငပိရည်ကျိုထားပြီး မေ့ကာ အလုပ်သွားလုပ်ရာက ဒယ်နီအပူလွန်ကဲပြီး နေအိမ်မီးလောင်
အောက်တိုဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကတွင်းခြံကျေးရွာမှာ ငါးပိရည်ကျို ချက်ထားခဲ့ရာက အပူလွန်ကဲပြီး နေအိမ် မီးလောင်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁၉ ရက် ဒီကနေ့မနက် ၁၁ နာရီ ၁၅ မိနစ်က ပဲခူးမြို့၊ ကတွင်းခြံကျေးရွာ၊ မြောက်ပိုင်းလမ်းကနေအိမ်မှာ ငါးပိရည်ကျို ချက်ထားခဲ့တဲ့ ဒယ်နီအိုးကတဆင့် မီးလောင်ခဲ့တာလို့ သိရပါတယ်။
“အိမ်ရှင်က ကျားသီဟ ဆေးလိပ်ရုံကို ဖက်ရွေးအလုပ် သွားလုပ်နေတဲ့အချိန် အိမ်မှာလျှပ်စစ်အိုးနဲ့ ငါးပိရည်ကျိုခဲ့တာကို မေ့သွားတာ။ မီးလာတော့ သူ့ဘာသာအပူလွန်ပြီး ဘေးတွေကို မီးကူးပြီးလောင်တာ၊ အကုန်ကုန်သွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားရာကို မြို့နယ်မီးသတ်ဌာနမှ တပ်ဖွဲ့ဝင်တွေက မီးသတ်ယာဉ်တွေနဲ့ အချိန်မီ သွားရောက်ငြှိမ်းသတ်ခဲ့ကြရတယ်လို့ သိရပြီး မနက် ၁၁ နာရီ ၃၅ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မြို့တော် News Channel