အရေးပေါ်
ပြည်တွင်းသတင်း

ပရဟိတကျောင်းမှ မိဘမဲ့ ၈ တန်းကျောင်းသူတစ်ဦး ပျောက်ဆုံးနေပြီး လူကုန်ကူး ရောင်းစားခံလိုက်ရတယ်လို့ ဆွေမျိုးတွေ သံသယဖြစ်နေ

၂၀၂၆ အောက်တိုဘာ ၂၀ Myo Taw
ပရဟိတကျောင်းမှ မိဘမဲ့ ၈ တန်းကျောင်းသူတစ်ဦး ပျောက်ဆုံးနေပြီး လူကုန်ကူး ရောင်းစားခံလိုက်ရတယ်လို့ ဆွေမျိုးတွေ သံသယဖြစ်နေ

ပရဟိတကျောင်းမှ မိဘမဲ့ ၈ တန်းကျောင်းသူတစ်ဦး ပျောက်ဆုံးနေပြီး လူကုန်ကူး ရောင်းစားခံလိုက်ရတယ်လို့ ဆွေမျိုးတွေ သံသယဖြစ်နေ

အောက်တိုဘာ ၂၀

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ သိုက်ဝါးကျောင်းရွာရှိ "ဟံသာအေး" လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းမှ မိဘမဲ့ဖြစ်သူ အသက် (၁၆) နှစ်အရွယ်ရှိ ၈ တန်းကျောင်းသူ မမှုံနံ့သာ ဟာ အောက်တိုဘာလ ၁၁ ရက်နေ့ ကတည်းက ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

အဆိုပါ ၈ တန်းကျောင်းသူ ပျောက်ဆုံးနေမှုကို "ဟံသာအေး" လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်း အုပ်ချုပ်သူ ဦးပညာစက္ကက အောက်တိုဘာလ ၁၂ ရက်နေ့မှာ မိန်းကလေးငယ်ရဲ့ ဆွေမျိုးတွေဆီ ဖုန်းဆက်အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

"ကလေးမလေးမှာ အဖေ ကော အမေကော မရှိကြတော့ဘူး။ ကျမတို့ကလည်း ရန်ကုန်၊ တိုက်ကြီးမြို့နယ်မှာ နေတာ။ ကလေးမလေး ပျောက်နေတယ် ပြောလို့ အောက်တိုဘာလ ၁၄ ရက်နေ့က ကျောင်းကို လိုက်သွားကြတယ်။ ကျောင်းမှာ ထမင်းချက်တဲ့ အမျိုးသမီးက အရင်ရက်တွေကတည်းက ကလေးမလေးကို အလုပ်ရမယ်ဆိုပြီး သွေးဆောင်ဖြားယောင်းတာတွေ ရှိတယ်လို့ ပြောတယ်။ ဆရာတော်က ရပ်ကွက်ရုံးကို အကြောင်းကြားထားတာ မရှိဘူး။ သက်ဆိုင်ရာ ဌာနတွေကိုလည်း လူပျောက်တိုင်ကြားထားတာ မရှိဘူး" လို့ ပျောက်ဆုံးနေတဲ့ မိန်းကလေးငယ်ရဲ့ ဆွေမျိုးတော်စပ်သူ တစ်ဦးက မြို့တော်ကို ပြောပါတယ်။

ဆွေမျိုးတွေက လူပျောက်တိုင်ကြားပေးဖို့နှင့် ပြန်လည်ရှာဖွေပေးဖို့ ဝိုင်းဝန်းဖိအားပေး ပြောဆိုပြီးနောက်ပိုင်းမှာ ကလေးမလေးဟာ ရန်ကုန်မြို့၊ ကြည့်မြင်တိုင် ညဈေးအနီးမှာရှိတဲ့ နေအိမ်တစ်အိမ်မှာ ရောက်ရှိနေကြောင်း ဦးပညာစက္က က ဆွေမျိုးတွေထံ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ထပ်မံအကြောင်းကြားလာခဲ့တယ်လို့ သိရပါတယ်။

"ကျမတို့က ကလေးကို ကျောင်းမှာ ဆက်မထားနိုင်ရင် ကလေးမလေးကို ပြန်ခေါ်သွားမယ်လို့ ပြောလိုက်တယ်။ လက်ရှိ ကလေးမလေး ရောက်နေတဲ့ နေအိမ်ဘက်က ကျောင်းထိုင်ဘုန်းကြီးကိုယ်တိုင် လာခေါ်မှ ပြန်ထည့်ပေးမယ်လို့ ပြောနေတယ်။ ဒီကြားထဲလည်း ဖုန်းဆက်ပြီး ခေါ်ပေးပါ ပြောတာကို ဟိုရက်ရွှေ့လိုက် ဒီရက်ရွှေ့လိုက် လုပ်နေတယ်။ ဆရာတော်က ခုချိန်ထိ အေးအေးဆေးဆေးပဲ။ တစ်ပတ်ကျော် ကြာနေပြီဆိုတော့ တစ်ခုခုလွဲနေသလို ခံစားနေရတယ်။ ဒီနေ့လည်း ဆရာတော်ကို ဖုန်းဆက်တယ်။ ဆရာတော်က ဖုန်းမကိုင်ဘူး" လို့ ပျောက်ဆုံးနေတဲ့ မိန်းကလေးငယ်ရဲ့ ဆွေမျိုးတော်စပ်သူ တဦးက မြို့တော်ကို ပြောပါတယ်။

၈ တန်းကျောင်းသူ မမှုံနံ့သာ ပျောက်ဆုံးနေမှုနှင့် ပတ်သက်ပြီး "ဟံသာအေး" လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်း အုပ်ချုပ်သူ ဦးပညာစက္က ထံ မြို့တော်အနေနဲ့ ဖုန်းအကြိမ်ကြိမ်ခေါ်ဆိုခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

ဆွေမျိုးတွေကတော့ မမှုံနံ့သာ ပျောက်ဆုံးနေတာဟာ "ဟံသာအေး" လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်း အုပ်ချုပ်သူ ဦးပညာစက္က နှင့် ထမင်းချက် လုပ်ကိုင်နေသူ အမျိုးသမီးတို့ ပူးပေါင်းပြီး လူကုန်ကူး လူရောင်းစားတာ ဖြစ်နိုင်တယ်လို့ သံသယရှိနေကြပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ Daily NEWS

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ ရုပ်သံ Afternoon NEWS

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး ပြည်တွင်းသတင်း

ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်အပိုင်းက ရထားလမ်းပေါ်မှာ လူငယ်တဦး ရထားတိုက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ ပြည်တွင်းသတင်း

မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ မိုးမလင်းဈေးသွားတဲ့ အမျိုးသမီး ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဖတ်ရန်