အရေးပေါ်
ပြည်တွင်းသတင်း

ညောင်ဦးမှာ ကျောင်းဆင်းလို့ ပြန်လာတဲ့ ညီအကို ၂ ဦး လမ်းဘေးရေအိုးစင်မှာ ရေဝင်သောက်ရာက မိုင်နင်းမိလို့ ၁ ဦးသေ ၁ ဦးစိုးရိမ်ရ

၂၀၂၆ သြဂုတ် ၂၈ Myo Taw
ညောင်ဦးမှာ ကျောင်းဆင်းလို့ ပြန်လာတဲ့ ညီအကို ၂ ဦး လမ်းဘေးရေအိုးစင်မှာ ရေဝင်သောက်ရာက မိုင်နင်းမိလို့ ၁ ဦးသေ ၁ ဦးစိုးရိမ်ရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ လမ်းဘေးရေအိုးစင်မှာ ရေဝင်သောက်တဲ့ ကလေးငယ် ၂ ဦး မိုင်းနင်းမိကာ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ပြင်းထန်ရခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၆ ရက်နေ့ နေ့လယ် ၃ နာရီ ဝန်းကျင်ခန့်က ညောင်ဦးမြို့နယ်၊ ငါ့လင်းပုတ်ရွာ အခြေခံပညာမူလတန်းကျောင်းက Grade-4 ကျောင်းသားဖြစ်သူ မောင်ထွန်းမင်းအောင် ၁၂ နှစ်နဲ့ ညီဖြစ်သူ Grade-3 ကျောင်းသား မောင်ကောင်းပြည့်စုံ ၇ နှစ်တို့ အတူအိမ်ပြန်လာစဥ် လမ်းဘေးရေအိုးစင်က ရေကိုသောက်ကြရာက ထောင်ထားတဲ့မိုင်းကို နင်းမိခဲ့ကြတာလို့ သိရပါတယ်။

"ညီဖြစ်သူက ရေအိုးစဥ်ရှေ့က မိုင်းကို နင်းမိလိုက်တာ။ ခြေ ၂ ဖက်ပြတ်ပြီး နေရာမှာတင် ဆုံးတယ်။ အကိုဖြစ်သူလည်း အခြေအနေ မကောင်းဘူး။ ဒီဘက်မှာက ဘယ်အဖွဲ့က လုပ်တာလို့ ပြောဖို့လည်း ခက်တယ်။ ပြောလည်း မပြောရဲကြပါဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။

မိုင်းနင်းမိခဲ့တဲ့ ကလေးငယ်တွေဟာ ချောင်းဝကျေးရွာက ကလေးငယ်တွေလို့ သိရပြီး အသက်ရှင်ကျန်ရစ်တဲ့ အကိုဖြစ်သူကို ဒေသခံတွေက ဝိုင်းဝန်းပို့ ဆောင်ပြီး ညောင်ဦးဆေးရုံမှာ ဆေးကုသမှု ပေးထားတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ Daily NEWS

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ ရုပ်သံ Afternoon NEWS

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး ပြည်တွင်းသတင်း

ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်အပိုင်းက ရထားလမ်းပေါ်မှာ လူငယ်တဦး ရထားတိုက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ ပြည်တွင်းသတင်း

မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ မိုးမလင်းဈေးသွားတဲ့ အမျိုးသမီး ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဖတ်ရန်