အရေးပေါ်
ပြည်တွင်းသတင်း

နေပြည်တော် CNJ မှုခင်းသတင်းအဖွဲ့ရဲ့ ဖမ်းဆီးရိုက်နှက်မှုကြောင့် လက်လွန်ပြီး အသက်မပြည့်သေးတဲ့ လူငယ်တဦး သေဆုံး

၂၀၂၆ သြဂုတ် ၂၅ Myo Taw
နေပြည်တော် CNJ မှုခင်းသတင်းအဖွဲ့ရဲ့ ဖမ်းဆီးရိုက်နှက်မှုကြောင့် လက်လွန်ပြီး အသက်မပြည့်သေးတဲ့ လူငယ်တဦး သေဆုံး

နေပြည်တော်၊ ပျဉ်းမနားမြို့ CNJ မှုခင်းသတင်းအဖွဲ့က လူငယ် ၃ ဦးကို ဖမ်းဆီးသွားခဲ့ပြီး ရိုက်နှက်တာတွေ လုပ်ဆောင်ရာက လက်လွန်ပြီး အသက်မပြည့်သေးတဲ့ လူငယ်တဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၀ ရက်နေ့‌က အသက် ၁၅ နှစ်ခန့်သာ ရှိသေးတဲ့ အငယ်လေးနဲ့ လူငယ် ၃ ဦးကို ဖုန်းခိုးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ CNJ မှုခင်းသတင်းအဖွဲ့မှ ၅ ဦးက ဖမ်းဆီးသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

"ကလေးတွေကို ဖုန်းခိုးလို့ဆိုပြီး ဖမ်းသွားတာ။ သူတို့ လာဖမ်းချိန်မှာ ရဲတွေတောင် မပါဘူး။ သူတို့ CNJ မှုခင်းအဖွဲ့က ၅ ယောက် ရောက်လာပြီး မေးမြန်းတာတွေတောင် မလုပ်ဘဲ တွေ့တာနဲ့ ရိုက်နှက်ကန်ကြောက်ပြီး ဖမ်းသွားတာ။ သူတို့က ရဲတွေနဲ့ ပေါင်းပြီး လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းစီးတာတွေ လုပ်နေတာ။ ငွေပေးနိုင်တဲ့သူတွေကို သူတို့နဲ့ ညှိပြီး ပြန်လွှတ်ပေးတာတွေလည်း လုပ်တယ်" လို့ ပျဉ်းမနားမြို့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။

ဖမ်းဆီးသွားတဲ့ သူတွေဟာ CNJ မှုခင်းသတင်းအဖွဲ့မှ ခရိုင်တာဝန်ခံ ဦးစိုးလတ် (ခ) ဘေလ်လာဘိုင်း၊ ပျဉ်းမနားမြို့နယ်တာဝန်ခံ ကိုခန့် (ခ) အောင်ဆန်းဦး တို့ အပါအဝင် ၅ ဦးက ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

"ကလေးတွေကို ပျဉ်းမနား ရဲစခန်း ကနေ ရွာကောက် ရဲစခန်းကို ရွေ့ထားသေးတယ်။ငွေပေးပြီး ထွက်လို့ရမယ်လို့ CNJ မှုခင်းသတင်းအဖွဲ့ ခေါင်းဆောင်ရဲ့ သူ့အမျိုးသမီးက ပြောတယ်။ ကောင်လေး သေဆုံးသွားတာကိုလည်း သူတို့လက်ချက်ကြောင့် သေတာ မဟုတ်ဘူး။ သူရောဂါရှိလို့ သေတာဆိုပြီး ပြောတယ်။ ကောင်လေးရဲ့ မိဘတွေကိုလည်း ငွေပေးပြီး ကျေအေးပေးဖို့နဲ့ ခြိမ်းခြောက်တာတွေလည်း ရှိတယ်။ ရွာကောက် ရဲစခန်း ကလည်း သူတို့လူတွေဆိုတော့ အမှုပိတ်ဖို့များတယ်" လို့ ဒေသခံ တဦးက မြို့တော်ကို ထပ်မံပြောဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ် ၃ ဦးအနက် CNJ မှုခင်းသတင်းအဖွဲ့က ရိုက်နှက်လို့ လက်လွန်ပြီး သေဆုံးသွားတဲ့ လူငယ်ဟာ ပျဉ်းမနားမြို့၊ ဦးကျေးရပ်ကွက်နေ အသက် ၁၅ နှစ်ခန့်သာ ရှိသေးတဲ့ အငယ်လေး ဆိုသူ ဖြစ်တယ်လို့ သိရပြီး ဩဂုတ်လ ၂၄ ရက် မနေ့က ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးကနေ အလောင်းထုတ်ယူကာ သင်္ဂြိုလ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

ဟိုပုံမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး ရောင်းချသူတွေကို လိုက်လံဖမ်းဆီးနေ မှုခင်းသတင်း

ဟိုပုံမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး ရောင်းချသူတွေကို လိုက်လံဖမ်းဆီးနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး အများစုက ဆယ်ကျော်သက်လူငယ်တွေ ဖြစ်နေလို့ ဖမ်းဆီးမှုတွေ လုပ်နေရတယ်လို့ သိရပါတယ်။

ဖတ်ရန်
လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဆေးဝါးတွေ ပြတ်လပ်နေပြီး ART ဆေး တလ ၁၀ လုံးသာ ထုတ်ပေးနိုင်တော့တယ်လို့ဆို ပြည်တွင်းသတင်း

လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဆေးဝါးတွေ ပြတ်လပ်နေပြီး ART ဆေး တလ ၁၀ လုံးသာ ထုတ်ပေးနိုင်တော့တယ်လို့ဆို

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေနဲ့ စစ်ရေးပြဿနာတွေကြောင့် ART ဆေး သောက်သုံးနေရသူတွေ ဆေးဆက်မသောက်နိုင်ကြတော့သလို ဆေးရုံကြီးကလည်း ART ဆေးကို ၁၀ ရက်စာသာ ပေးနိုင်တော့တယ်လို့…

ဖတ်ရန်
ကျောင်းဆရာမ ၁ ဦး အပါအဝင် ၅ ဦးကို ခွေးရူးတကောင်က ကိုက်သွားလို့ ဆေးရုံတင်ပြီး ကုသနေရ ပြည်တွင်းသတင်း

ကျောင်းဆရာမ ၁ ဦး အပါအဝင် ၅ ဦးကို ခွေးရူးတကောင်က ကိုက်သွားလို့ ဆေးရုံတင်ပြီး ကုသနေရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ ကျောင်းဆရာမ ၁ ဦး အပါအဝင် ကျေးရွာက ဒေသခံ ၅ ဦး ထက်မနည်းကို ခွေးရူးတကောင်က လိုက်ကိုက်လို့ ဆေးရုံတင်ပြီး ကုသထားရတယ်လို့…

ဖတ်ရန်