အရေးပေါ်
ပြည်တွင်းသတင်း

နေပြည်တော်မှာ ကားတစီး ရေကန်ထဲ ပြုတ်ကျလို့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ရေနစ်သေဆုံး

၂၀၂၆ သြဂုတ် ၂၈ Myo Taw
နေပြည်တော်မှာ ကားတစီး ရေကန်ထဲ ပြုတ်ကျလို့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ရေနစ်သေဆုံး

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်မှာ အိမ်စီးကားတစီး အရှိန်လွန်ကာ လမ်းဘေးရှိ ရေကန်ထဲ ထိုးကျလို့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၈ ရက် ဒီကနေ့ မနက် ၉ နာရီ ၁၀ မိနစ်ခန့်က ဒက္ခိဏသီရိမြို့နယ်၊ ထန်းတပင်၊ ကျောက်မျက်ဝန်းမှာ အိမ်စီးကာတစီး အရှိန်လွန်ကာ လမ်းဘေးက သဘာဝရေကန်ထဲ ပြုတ်ကျသွားခဲ့တာဖြစ်ပြီး ယာဉ်ပေါ်မှာပါလာတဲ့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ကားအတွင်း ပိတ်မိကာ ရေနစ်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

"ဘယ်လိုဖြစ်တယ် မသိဘူး။ ကျနော်တို့ သွားကြည့်တော့ ကားက ရေထဲမှာ။ ကယ်ဆယ်ရေးတွေ ရောက်ပေမယ့် ရေကန်က ရေပြည့်နေတာနဲ့ အသက်မမှီဘူး ဖြစ်သွားတယ်" လို့ မျက်မြင်တွေ့ရှိသူတဦးက ပြောပါတယ်။

အခင်းဖြစ်ပွားရာနေရာကို နေပြည်တော် ဒက္ခိဏခရိုင်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ ဒက္ခိဏသီရိမြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရွှေကြာပင်နယ်မြေ မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁ စီးတို့က သွားရောက်ကာ ကားကို ဆယ်ယူခဲ့ကြပြီး ရုပ်အလောင်းတွေကိုတော့ နေပြည်တော် ကုတင်-၁၀၀၀ ပြည်သူ့ဆေးရုံ ရင်ခွဲရုံမှာ ပို့ထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ Daily NEWS

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ ရုပ်သံ Afternoon NEWS

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး ပြည်တွင်းသတင်း

ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်အပိုင်းက ရထားလမ်းပေါ်မှာ လူငယ်တဦး ရထားတိုက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ ပြည်တွင်းသတင်း

မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ မိုးမလင်းဈေးသွားတဲ့ အမျိုးသမီး ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဖတ်ရန်