အရေးပေါ်
ပြည်တွင်းသတင်း

လေဖိအားနည်းရပ်ဝန်း ပျက်ပြယ်ပြီးနောက် တစ်နိုင်ငံလုံးနီးပါး မိုးရွာသွန်းမှု သိသိသာသာ လျော့ကျမယ်လို့ဆို

၂၀၂၆ အောက်တိုဘာ ၁ Myo Taw
လေဖိအားနည်းရပ်ဝန်း ပျက်ပြယ်ပြီးနောက် တစ်နိုင်ငံလုံးနီးပါး မိုးရွာသွန်းမှု သိသိသာသာ လျော့ကျမယ်လို့ဆို

လေဖိအားနည်းရပ်ဝန်း ပျက်ပြယ်ပြီးနောက် တစ်နိုင်ငံလုံးနီးပါး မိုးရွာသွန်းမှု သိသိသာသာ လျော့ကျမယ်လို့ဆို

အောက်တိုဘာ ၁

ထိုင်းမိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အနောက်မြောက်ပိုင်းရှိ လေဖိအားနည်းရပ်ဝန်းဟာ တဖြည်းဖြည်းပျက်ပြယ်သွားပြီဖြစ်ပြီး အနောက်တောင် မုတ်သုံလေဟာလည်း မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသတွေမှ တဖြည်းဖြည်း စတင်ဆုတ်ခွာတဲ့ အကူးအပြောင်း ကာလသို့ ရောက်ရှိနေကာ ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်အတွင်း မုတ်သုံလေ အားလျော့သွားတာကြောင့် မုတ်သုံမိုးအရှိန်မှာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ သိသိသာသာ လျော့ကျသွားမယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့မှ ၂ ရက်နေ့အတွင်း အနောက်မြောက်ပိုင်း လေဖိအားနည်းစနစ်ရဲ့ တိမ်ကြွင်းတိမ်ကျန်တွေကြောင့် စစ်ကိုင်းတိုင်း (အထက်ပိုင်း)နှင့် ကချင်ပြည်နယ်တို့မှာ မိုးအတန်အသင့်မှ နေရာကွက်ကျား မိုးကြီးနိုင်သေးပေမယ့် မြန်မာနိုင်ငံ အောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့မှာ မိုးအလွန်ပါးသွားမယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၃ ရက်မှ ၄ ရက်အတွင်း မုတ်သုံလေ အားနည်းမှု အမြင့်ဆုံးသို့ ရောက်ရှိမှာဖြစ်ပြီး မြန်မာနိုင်ငံ တစ်ခုလုံးနီးပါးမှာ မိုးပြတ်လပ်ကာ မိုးအလွန်ပါးနေမယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၅ ရက်မှ ၇ ရက်အတွင်း ထိုင်းနိုင်ငံနှင့် လာအိုဘက်မှ အရှေ့လေပွေလှိုင်းတွေ အနောက်ဘက်သို့ တိုးဝင်လာနိုင်တာကြောင့် ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် အလယ်ပိုင်းဒေသအချို့မှာ နေရာကွက်ကျား မိုးတိမ်တွေ ပြန်လည် ဖြစ်ထွန်းပြီး မိုးရွာသွန်းမှု ခေတ္တပြန်လည် မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်း၊ ပဲခူးတိုင်း နှင့် ရန်ကုန်တိုင်းတို့မှာ မုတ်သုံအရှိန်နှင့် လေဖိအားနည်းစနစ် ပျက်ပြယ်သွားပြီ ဖြစ်တာကြောင့် အောက်တိုဘာလ ၁ ရက်မှစတင်ပြီး မိုးရွာသွန်းမှု သိသိသာသာ နည်းပါးသွားမယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း (အထက်ပိုင်း) နှင့် ကချင်ပြည်နယ် တို့မှာ အောက်တိုဘာလ ၁ ရက်မှ ၂ ရက်နေ့အတွင်း မိုးအရှိန် ကျန်ရှိနေသေးတာကြောင့် မြစ်သာမြစ်နှင့် ချင်းတွင်းမြစ် လက်တက်တွေမှာ ရေမှတ်ခေတ္တ မြင့်တက်လာနိုင်ကာ အောက်တိုဘာလ ၃ ရက်နောက်ပိုင်း မိုးအရှိန် သိသိသာသာ ကျဆင်းသွားမယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်းတို့မှာ အောက်တိုဘာ ၁ ရက် မှ ၄ ရက်အထိ မိုးအလွန်ပါးပေမယ့် အောက်တိုဘာလ ၅ ရက်မှ ၇ ရက်အတွင်း အရှေ့ဘက် လေပွေလှိုင်း အရှိန်ကြောင့် နေရာကွက်ကျား မိုးကြိုးပစ်တာ၊ လေပြင်းတိုက်ခတ်တာနှင့် ရုတ်တရက် မိုးရွာသွန်းတာတွေ ခေတ္တဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

အမြန်လမ်းမှာ လမ်းလျှောက်နေတဲ့ အမျိုးသား ၂ ဦးကို နောက်မှကားနဲ့ဝင်တိုက်လို့ နေရာမှာတင်သေဆုံး ရုပ်သံ ပြည်တွင်းသတင်း

အမြန်လမ်းမှာ လမ်းလျှောက်နေတဲ့ အမျိုးသား ၂ ဦးကို နောက်မှကားနဲ့ဝင်တိုက်လို့ နေရာမှာတင်သေဆုံး

အမြန်လမ်းမှာ လမ်းလျှောက်နေတဲ့ အမျိုးသား ၂ ဦးကို နောက်မှကားနဲ့ဝင်တိုက်လို့ နေရာမှာတင်သေဆုံးတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
Online မှာ အလှကုန်ပစ္စည်းတွေရောင်းချပြီး NUG, PDF တွေကို ထောက်ပံ့တယ်လို့ စွပ်စွဲချက်နဲ့ ပြည်သူ ၄ ဦးကို ဖမ်းဆီးအမှုဖွင့် ပြည်တွင်းသတင်း

Online မှာ အလှကုန်ပစ္စည်းတွေရောင်းချပြီး NUG, PDF တွေကို ထောက်ပံ့တယ်လို့ စွပ်စွဲချက်နဲ့ ပြည်သူ ၄ ဦးကို ဖမ်းဆီးအမှုဖွင့်

လူမှုကွန်ရက်မှတစ်ဆင့် တရားမဝင် စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ပြီး ဝင်ငွေရှာဖွေကာ တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ NUG ၊ PDF တွေကို အားပေးကူညီ ထောက်ပံ့ပေးတယ်လို့ စွပ်စွဲချက်နဲ့ ပြည်သူ…

ဖတ်ရန်
တောင်ဘို့ကြီးကျေးရွာမှာ အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးနေလို့ နေအိမ် ၁၅ လုံးကျော် မီးလောင်ပျက်စီး ပြည်တွင်းသတင်း

တောင်ဘို့ကြီးကျေးရွာမှာ အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးနေလို့ နေအိမ် ၁၅ လုံးကျော် မီးလောင်ပျက်စီး

မကွေးတိုင်း၊ ဆောမြို့နယ်၊ တောင်ဘို့ကြီးကျေးရွာကို စစ်ကြောင်းထိုးကာ တပ်ဆွဲထားတဲ့ အာဏာသိမ်းစစ်တပ်က ကျေးရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

ဖတ်ရန်