အရေးပေါ်
ပြည်တွင်းသတင်း

မော်လမြိုင်မှာ ပန်းရံဆရာတဦး အလုပ်ခွင်မှာ လဲကျသေဆုံးပြီးနောက် အပူရှိန်ကြောင့် သေဆုံးသူ ၆ ဦးအထိ ရှိလာ

၂၀၂၆ အောက်တိုဘာ ၂၀ Myo Taw
မော်လမြိုင်မှာ ပန်းရံဆရာတဦး အလုပ်ခွင်မှာ လဲကျသေဆုံးပြီးနောက် အပူရှိန်ကြောင့် သေဆုံးသူ ၆ ဦးအထိ ရှိလာ

မော်လမြိုင်မှာ ပန်းရံဆရာတဦး အလုပ်ခွင်မှာ လဲကျသေဆုံးပြီးနောက် အပူရှိန်ကြောင့် သေဆုံးသူ ၆ ဦးအထိ ရှိလာ

အောက်တိုဘာ ၂၀

မွန်ပြည်နယ် ၊မော်လမြိုင်မြို့ သာယာအေးရပ်ကွက်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ ပန်းရံဆရာ အမျိုးသားတဦး လဲကျသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက မြို့တော်ကို ပြောပါတယ်။

အောက်တိုဘာလ ၁၉ ရက်နေ့၊ နေ့လယ်ပိုင်းက သာယာအေးရပ်ကွက်က ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဖြစ်ခဲ့တာလို့ သိရပြီး၊ ရေသန့် ပို့တဲ့ ကား ဆိုက်ရောက်ချိန် ရေလဲရန် သွားသယ်ရာက လဲကျ သတိလစ်ပြီးနောက် သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

“လူက အသက် ၃၀ တစ်ပတ်လည်ရှိဦးမယ်။ ထိုင်ရာက ထ လိုက်လို့ သွေးဆောင့်တက်တာလား မသိဘူး။ ရေသန့်လဲဖို့ ကားလာလို့ လာသယ်ရင်း လဲကျသွားတာ၊ ရေသန့်ဘူးတောင် မသယ်လိုက်ရဘူး။ ” လို့ ဒေသခံတဦးကပြောပါတယ်။

ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာခဲ့ပေမယ့် အသက်ဆုံးရှုံးသွားတယ်လို့ သိရပြီး သေဆုံးသူ ပန်းရံဆရာရဲ့ ရုပ်အလောင်းကို ကျန်းမာချမ်းသာ လူမှုကယ်ဆယ်ရေးအဖွဲ့က မော်လမြိုင် ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ မနက် ၁၁ နာရီခန့်ကလည်း သထုံမြို့၊ လေယာဉ်ကွင်းလမ်းရှိ စားသောက်ဆိုင်အနီးမှာ အသက် ၂၈ အရွယ် အမျိုးသမီးတဦး ဆိုင်ကယ်စီးလာရင်း လဲကျ သတိလစ်ကာ သေဆုံးခဲ့ပါသေးတယ်။

မွန်ပြည်နယ်ထဲမှာ အယ်နီညိုဖြစ်စဉ်ကြောင့် အပူရှိန် ပြင်းထန်ပြီး အောက်တိုဘာလထဲမှာတင် သေဆုံးသူ ၆ ဦးအထိ ရှိလာပြီလို့ ပရဟိတ လူမှုကူညီရေးအဖွဲ့တွေထံက သိရပါတယ်။

အလားတူ အောက်တိုဘာ ၁၂ ရက်နေ့ ၊ နေ့လယ် ၁၁ နာရီခန့်ကလည်း ရန်ကုန်၊ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာ အသက် ၆၀ အရွယ် အမျိုးသားတဦး လမ်းလျှောက်နေရင်း မူးလဲကာ နေရာမှာတင် သေဆုံးခဲ့ပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ ပြည်တွင်းသတင်း

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ ရုပ်သံ ပြည်တွင်းသတင်း

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး ပြည်တွင်းသတင်း

ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်အပိုင်းက ရထားလမ်းပေါ်မှာ လူငယ်တဦး ရထားတိုက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ ပြည်တွင်းသတင်း

မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ မိုးမလင်းဈေးသွားတဲ့ အမျိုးသမီး ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဖတ်ရန်