အရေးပေါ်
ပြည်တွင်းသတင်း

မင်းအောင်လှိုင်ကို ကောဇောနီခင်း ကြိုဆိုမှု ဝေဖန်ခံနေရချိန် မြန်မာကို အာဆီယံအသိုက်အဝန်းထဲ အပြည့်အဝ ပြန်လည်ပါဝင်လာနိုင်ရေး အစွမ်းကုန်ကြိုးပမ်းမယ်လို့ မလေးရှားဝန်ကြီးချုပ်ပြော

၂၀၂၆ အောက်တိုဘာ ၈ Myo Taw
မင်းအောင်လှိုင်ကို ကောဇောနီခင်း ကြိုဆိုမှု ဝေဖန်ခံနေရချိန် မြန်မာကို အာဆီယံအသိုက်အဝန်းထဲ အပြည့်အဝ ပြန်လည်ပါဝင်လာနိုင်ရေး အစွမ်းကုန်ကြိုးပမ်းမယ်လို့ မလေးရှားဝန်ကြီးချုပ်ပြော

မင်းအောင်လှိုင်ကို ကောဇောနီခင်း ကြိုဆိုမှု ဝေဖန်ခံနေရချိန် မြန်မာကို အာဆီယံအသိုက်အဝန်းထဲ အပြည့်အဝ ပြန်လည်ပါဝင်လာနိုင်ရေး အစွမ်းကုန်ကြိုးပမ်းမယ်လို့ မလေးရှားဝန်ကြီးချုပ်ပြော

အောက်တိုဘာ ၈

မလေးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို အာဆီယံအသိုက်အဝန်းထဲ အပြည့်အဝ ပြန်လည်ပါဝင်လာနိုင်ရေး “တတ်နိုင်သမျှ အစွမ်းကုန်” ဆက်လက်ကြိုးပမ်းသွားမယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဒီကနေ့ အောက်တိုဘာ ၈ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မလေးရှားဝန်ကြီးချုပ်က ကောဇောနီခင်းပြီး ကြိုဆိုခဲ့တဲ့အပေါ် နိုင်ငံရေးအရ အသိအမှတ်ပြုရာ ရောက်နိုင်တယ်လို့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ဝေဖန်နေချိန်မှာပဲ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ဆက်ရှိနေတယ်ဆိုတာကို လက်ခံပေမယ့် သဘောထားကွဲလွဲမှုတွေကို အပြန်အလှန်လေးစားဖို့ လိုအပ်တယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောဆိုထားပါတယ်။

မင်းအောင်လှိုင်ဘက်ကလည်း ပူးပေါင်းဆောင်ရွက်လိုတဲ့ ဆန္ဒရှိကြောင်း ပြသထားတာကြောင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်မြှင့်တင်သွားမယ်လို့လည်း ဆိုပါတယ်။

မလေးရှားနိုင်ငံ အနေနဲ့ ဒီပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့နဲ့ ဘက်လိုက်မှုမရှိဘဲ အထူးသဖြင့် အာဆီယံ မူဘောင်အတွင်းကနေ မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုက်အဝန်းထဲ ပြန်လည်ခေါ်ဆောင်နိုင်ရေး တတ်နိုင်သမျှ ဆောင်ရွက်သွားမယ်လို့ က မလေးရှားဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံသား ၁၀,၄၉၃ ဦးကို ပြန်လည်ခေါ်ယူခဲ့တဲ့အတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကျေးဇူးတင်ကြောင်း မလေးရှားဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုထားပါတယ်။

မလေးရှားအနေနဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို ဘဏ္ဍာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးနဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကြောင့် ဆက်လက်လက်ခံထားနိုင်တော့မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

မလေးရှားအနေနဲ့ ပြီးခဲ့တဲ့လက မြန်မာဒုက္ခသည် လူဦးရေ ၅,၀၀၀ အထိ ပြန်လည်ပို့ဆောင်မယ့်အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဒုက္ခသည် ၁,၅၀၀ ဝန်းကျင်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရေယာဉ်တွေနဲ့ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။

မလေးရှားရဲ့ မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့် အစီအစဉ်နဲ့ပတ်သက်ပြီး လက်ရှိ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်အခြေအနေတွေနဲ့ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းမှုတွေကြောင့် နေရပ်ပြန်ပို့ခံရမယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ လုံခြုံရေးအန္တရာယ်တွေ ကြုံတွေ့နိုင်တယ်လို့ ကုလသမဂ္ဂ (UN) နဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ထောက်ပြပြောဆိုထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာဖို့ ပျက်ကွက်ခဲ့တာကြောင့် မင်းအောင်လှိုင်နဲ့ အဆင့်မြင့်အရာရှိတွေကို အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ နိုင်ငံရေးအဆင့် ကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့် ကန့်သတ်ထားခဲ့ပေမယ့် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့ကတော့ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆက်ဆံရေး ပြန်လည်တိုးမြှင့်ဖို့ ကြိုးပမ်းလာနေပါတယ်။

Ref & Photo: Reuters

မြို့တော် News Channel

ဓာတ်ပုံများ (5)

ဆက်စပ် သတင်းများ

ဧရာဝတီမှာ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ခွဲတစ်ခွဲကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ စုန်းမအဖွဲ့ ထုတ်ပြန် ပြည်တွင်းသတင်း

ဧရာဝတီမှာ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ခွဲတစ်ခွဲကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ စုန်းမအဖွဲ့ ထုတ်ပြန်

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြီးခဲ့တဲ့ ဩဂုတ်လက ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေမှာ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင် ၅၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးသူတွေလည်း ရှိခဲ့သလို တပ်ခွဲတခွဲလုံးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ AIF…

ဖတ်ရန်
အင်းငါးခွ သကြားစက်ရုံမှာ ကြံဝယ်ယူမှုဈေးနှုန်း လျော့ဝယ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေ ပြည်တွင်းသတင်း

အင်းငါးခွ သကြားစက်ရုံမှာ ကြံဝယ်ယူမှုဈေးနှုန်း လျော့ဝယ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေ

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်က အင်းငါးခွ သကြားစက်ရုံမှာ ကြံ ၁ တန်ကို အရင်နှစ်ကထက် ဈေးလျော့ပြီး ဝယ်မယ်လို့ သတင်းထွက်ပေါ်နေပြီး ကြံစိုက်တောင်သူတွေအဖို့ အခက်တွေ့နေတယ်လို့ သိရပါတယ်။

ဖတ်ရန်
မင်းအောင်လှိုင်ကို ကော်ဇောနီနဲ့ ကြိုတာကြောင့် “အာဆီယံ သေဆုံးသွားပြီ” လို့ မလေးရှားအမတ်ဟောင်း ပြောဆို ရုပ်သံ ပြည်တွင်းသတင်း

မင်းအောင်လှိုင်ကို ကော်ဇောနီနဲ့ ကြိုတာကြောင့် “အာဆီယံ သေဆုံးသွားပြီ” လို့ မလေးရှားအမတ်ဟောင်း ပြောဆို

မင်းအောင်လှိုင်ကို မလေးရှား ဝန်ကြီးချုပ်က ကော်ဇောနီခင်း ကြိုဆိုလိုက်တာကြောင့် “အာဆီယံ သေဆုံးသွားပြီ” လို့ မလေးရှားလွှတ်တော်အမတ်ဟောင်း ပြောဆို အောက်တိုဘာ ၈ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်…

ကြည့်ရန်