အရေးပေါ်
ပြည်တွင်းသတင်း

လားရှိုးမှာ ရေကန်ထဲ ရေဆင်းချိုးရာက အသက် ၁၆ နှစ်အရွယ် အမျိုးသား ၁ ဦး ရေနစ်ပျောက်ဆုံးနေ

၂၀၂၆ သြဂုတ် ၂၂ Myo Taw
လားရှိုးမှာ ရေကန်ထဲ ရေဆင်းချိုးရာက အသက် ၁၆ နှစ်အရွယ် အမျိုးသား ၁ ဦး ရေနစ်ပျောက်ဆုံးနေ

ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ အမှတ်(၁) သီရိမဟာရပ်ကွက်၊ ကျောက်တောင်ကျင်းဟောင်း ရေကန်မှာ လူငယ် ၁ ဦး ရေနစ်ပျောက်ဆုံးသွားလို့ ရှာဖွေရေးတွေ လုပ်နေကြရတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၁ ရက် မနက် ၁၀ နာရီခန့်က အသက် ၁၆ နှစ်အရွယ် လူငယ်အမျိုးသား ၁ ဦး အမှတ်(၁) သီရိမဟာရပ်ကွက်၊ ကျောက်တောင်ကျင်းဟောင်း ရေကန်ထဲ ရေဆင်းချိုးရာက ရေနစ်ပြီး ပျောက်ဆုံးသွားခဲ့တာလို့ သိရပါတယ်။

"ရေကန်အဟောင်းပါ အထဲက အနက်က ဝါးနှစ်ပြန်လောက်နက်တယ်။ အောက်ခြေက မြေမညီဘူး။ အစပ်နားတင် ရေချိုးရင် ပြသာနာမရှိဘူး။ အရင်ကလည်း ကလေးတွေ ရေချိုးနေကြပါ အခုမှ ဖြစ်တာပါ။ ကန်က အရမ်းမကျယ်ဘူး။ အခုရှာဖွေရေးလုပ်တဲ့ လူတွေလည်း ထိခိုက်တာနဲ့ ဒဏ်ရာရတဲ့သူတွေ ရှိတယ်" လို ဒေသခံတဦးက ပြောပါတယ်။

ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဟာ သြဂုတ်လ ၂၂ ရက် ဒီကနေ့ မနက်ပိုင်းထိ ရုပ်အလာင်း ပြန်ရရှိဖို့ ရှာဖွေနေကြတယ်လို့ သိရပြီး မိုးရွာသွန်းတာကြောင့်လည်း ရှာဖွေရေး ကြန့်ကြာနေရတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ Daily NEWS

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ ရုပ်သံ Afternoon NEWS

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး ပြည်တွင်းသတင်း

ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်အပိုင်းက ရထားလမ်းပေါ်မှာ လူငယ်တဦး ရထားတိုက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ ပြည်တွင်းသတင်း

မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ မိုးမလင်းဈေးသွားတဲ့ အမျိုးသမီး ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဖတ်ရန်