အရေးပေါ်
ပြည်တွင်းသတင်း

ပေါင်းတည်မြို့က ထွက်လာတဲ့ အာဏာသိမ်းစစ်တပ် မိုင်းဆွဲခံရပြီး အချင်းချင်း ဗုံးမှားကြဲလို့ ဗိုလ် ၁ ဦးနဲ့ တပ်သား ၁၂ ဦး သေဆုံး

၂၀၂၆ အောက်တိုဘာ ၁၆ Myo Taw
ပေါင်းတည်မြို့က ထွက်လာတဲ့ အာဏာသိမ်းစစ်တပ် မိုင်းဆွဲခံရပြီး အချင်းချင်း ဗုံးမှားကြဲလို့ ဗိုလ် ၁ ဦးနဲ့ တပ်သား ၁၂ ဦး သေဆုံး

ပေါင်းတည်မြို့က ထွက်လာတဲ့ အာဏာသိမ်းစစ်တပ် မိုင်းဆွဲခံရပြီး အချင်းချင်း ဗုံးမှားကြဲလို့ ဗိုလ် ၁ ဦးနဲ့ တပ်သား ၁၂ ဦး သေဆုံး

အောက်တိုဘာ ၁၆

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပေါက်တောရွာ ခမရ-၁၀ တပ်ရင်းကနေ စစ်ကြောင်းထိုးဖို့ တက်လာတဲ့ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့တွေ မိုင်းဆွဲခံရပြီး အချင်းချင်း ဒရုန်းနဲ့ ဗုံးမှားကြဲလို့ ဗိုလ်တဦး အပါအဝင် ၁၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၅ ရက်နေ့က ပေါက်တောရွာက ထွက်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းကို ကုန်းသာရွာနဲ့ သဲမဲရွာကြားမှာ ဗျူဟာ (၂၁) ၊ ပြည်ခရိုင်တပ်ရင်း-၁၊ တပ်ခွဲ-၂၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်က စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် သဲမဲရွာမှာ စစ်ကြောင်း ရပ်တန့်ခဲ့ရတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၆ ရက်နေ့မှာ သဲမဲရွာကနေ ထပ်မံ စစ်ကြောင်းထွက်လာချိန် သဲမဲရွာနဲ့ ဖောင်အိုင်ရွာကြားမှာ ထပ်မံမိုင်းဆွဲ တိုက်ခိုက်ရာက အာဏာသိမ်းစစ်တပ်ဘက်က ၃ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ နေရာကို အာဏာသိမ်းစစ်တပ်ရဲ့ နောက်ချန်တပ်က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်ကြီး ၁ ဦး အပါအဝင် ၉ ဦး ထပ်မံ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရလို့ သေဆုံးသူတွေ အပါအဝင် အချင်းချင်း ဗုံးမှားကြဲမိလို့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို မှတ်တိုင်ရွာ ကမနာရေးကူညီမှု ကားနဲ့ ၃ ခေါက်တိတိ လာရောက် သယ်ဆောင်သွားခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်တွေ ဖြစ်ပွားပြီနောက် အာဏာသိမ်းစစ်တပ်ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်း ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးတပ်တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ ပြည်တွင်းသတင်း

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ ရုပ်သံ ပြည်တွင်းသတင်း

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး ပြည်တွင်းသတင်း

ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်အပိုင်းက ရထားလမ်းပေါ်မှာ လူငယ်တဦး ရထားတိုက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ ပြည်တွင်းသတင်း

မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ မိုးမလင်းဈေးသွားတဲ့ အမျိုးသမီး ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဖတ်ရန်