Crime News
Electrical Shop Robbed, Thieves Skip Fireproof Safe and Destroy CCTV Cameras
A shop named 'Ko Ko and Nyi Nyi' electrical appliance store on Kanna Road, Maramakone…
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး အများစုက ဆယ်ကျော်သက်လူငယ်တွေ ဖြစ်နေလို့ ဖမ်းဆီးမှုတွေ လုပ်နေရတယ်လို့ သိရပါတယ်။
ဩဂုတ်လ ၂၇ ရက်နေ့က လမ်းဘေးမှာ ဘိန်းစာရွက်ကို ပြုတ်ပြီး ရောင်းချနေတာကြောင့် လူငယ် ၁ ဦးကို အာဏာသိမ်းအစိုးရ လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရတယ်လို့ သိရပါတယ်။
"ဘိန်းစာရွက်ပြုတ်ကို သုံးနေကြတဲ့ လူငယ်လူကြီး အများကြီးပဲ။ ရောင်းတဲ့သူလည်း များတယ်။ ကျောင်းသားတွေထဲလည်း ပျံ့နေတော့ ပိုဆိုးတယ်။ ဖမ်းဆီးမှုတွေတော့ လုပ်နေကြတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
ဘိန်းစာရွက်ပြုတ်ရည်ကို လူငယ်တွေသာမက ကျောင်းသားအထိပါ သုံးစွဲလာနေကြပြီး အခြေအနေမဆိုးခင် ထိန်းချုပ်နိုင်ဖို့ လိုတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
လတ်တလောမှာ ဘိန်းစာရွက်ပြုတ်ရည် ရောင်းချသူတွေကို အာဏာသိမ်းအစိုးရ လက်အောက်ခံ ရဲနဲ့ စစ်သားတွေက လိုက်လံစုံစမ်းနေပြီး ဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
Crime News
A shop named 'Ko Ko and Nyi Nyi' electrical appliance store on Kanna Road, Maramakone…
Crime News
In North Okkalapa Township, Yangon Region, at Shwepaukkan New Town, an incident occurred where a…
Crime News
A home-use car was robbed at gunpoint in the Bhtar Yatkwet neighborhood of Lamaing town,…
Crime News
A child has been arrested for using a saw to cut off the hands of…