အရေးပေါ်
ပြည်တွင်းသတင်း

ဘောလုံးကန်ပြီး နားနေတဲ့ ဘောလုံးသမားတဦး ရုတ်တရက် သတိလစ် လဲကျသေဆုံး

၂၀၂၆ အောက်တိုဘာ ၂၁ Myo Taw
ဘောလုံးကန်ပြီး နားနေတဲ့ ဘောလုံးသမားတဦး ရုတ်တရက် သတိလစ် လဲကျသေဆုံး

ဘောလုံးကန်ပြီး နားနေတဲ့ ဘောလုံးသမားတဦး ရုတ်တရက် သတိလစ် လဲကျသေဆုံး

အောက်တိုဘာ ၂၁

မွန်ပြည်နယ်၊ မုဒုံမြို့က မီတာ ၄၀၀ အားကစားကွင်းမှာ ဘောလုံးကန်ပြီး နားနေတဲ့ ဘောလုံးသမားတဦး ရုတ်တရက် သတိလစ်ပြီး မေ့လဲကျရာက သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက မြို့တော်ကို ပြောပါတယ်။

အောက်တိုဘာ ၂၀ ရက်နေ့၊ ညနေ ၆ နာရီခန့်က မုဒုံမြို့ရှိ မီတာ ၄၀၀ အားကစားကွင်းမှာ မြို့မ(၁) အသင်းနဲ့ ကွမ်လှာအသင်း ကစားနေချိန် မြို့မ(၁)အသင်းက ကိုသားကြီး ဆိုသူဟာ လူစားလဲပြီးနောက် ကွင်းဘေးမှာ ထိုင်နားနေရင်း သတိလစ်ပြီး မေ့လဲကျသွားခဲ့တာလို့ သိရပါတယ်။

“ကျောနံပါတ်(၂၁) ကိုသားကြီးက လူစားလဲပြီး ကွင်းအပြင် ထွက်ထိုင်နေရင်းက လဲသွားတာ။ ဖြစ်ဖြစ်ချင်း ဘေးကလူတွေ ဝိုင်းလှုပ်နှိုးကြတယ် သတိမရဘူး။ ဆေးရုံကို Y Rescue အဖွဲ့က ပို့ပေးတယ်၊ ဆေးရုံရောက်တော့ အသက် မမီတော့ဘူး။ အပူရှိန်က ၃၆၊ ၃၇ ထိ ဖြစ်နေတာ၊ အရမ်းအန္တရာယ်များတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

အောက်တိုဘာလ ၁၉ ရက်နေ့၊ နေ့လယ်ပိုင်းကလည်း မော်လမြိုင်မြို့၊ သာယာအေးရပ်ကွက်က ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ရေသန့်ပို့တဲ့ကား ဆိုက်ရောက်ချိန် ရေလဲရန် သွားသယ်တဲ့ ပန်းရံဆရာတဦး ရုတ်တရက်လဲကျ သတိလစ်ပြီး သေဆုံးခဲ့ပါသေးတယ်။

မွန်ပြည်နယ်မှာ အယ်နီညိုဖြစ်စဉ်ကြောင့် အပူရှိန်ပြင်းထန်နေပြီး အောက်တိုဘာလ ၁ ရက်နေ့ ကနေ ၂၀ ရက်နေ့ထိ သေဆုံးသူ ၇ ဦး ရှိလာပြီလို့ ပရဟိတ လူမှုကူညီရေးအဖွဲ့တွေထံက သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ Daily NEWS

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ ရုပ်သံ Afternoon NEWS

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး ပြည်တွင်းသတင်း

ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်အပိုင်းက ရထားလမ်းပေါ်မှာ လူငယ်တဦး ရထားတိုက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ ပြည်တွင်းသတင်း

မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ မိုးမလင်းဈေးသွားတဲ့ အမျိုးသမီး ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဖတ်ရန်