အရေးပေါ်
ပြည်တွင်းသတင်း

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တောင် လက်ရှိဘယ်နေရာမှာ ရှိနေတယ်ဆိုတာ အတိအကျ မသိဘူးလို့ သားဖြစ်သူ ကိုထိန်လင်းပြော

၂၀၂၆ အောက်တိုဘာ ၂၄ Myo Taw
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တောင် လက်ရှိဘယ်နေရာမှာ ရှိနေတယ်ဆိုတာ အတိအကျ မသိဘူးလို့ သားဖြစ်သူ ကိုထိန်လင်းပြော

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တောင် လက်ရှိဘယ်နေရာမှာ ရှိနေတယ်ဆိုတာ အတိအကျ မသိဘူးလို့ သားဖြစ်သူ ကိုထိန်လင်းပြော

အောက်တိုဘာ ၂၄

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံကို ၅ နှစ်ကျော်ကြာမှ ပြန်ကြားခွင့်ရခဲ့ပေမဲ့ မိခင်ရဲ့ လက်ရှိအခြေအနေဟာ ပြောင်းလဲမှုမရှိသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ် လူမှုကွန်ရက်ကတဆင့် ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အစောင့်အကြပ်တွေနဲ့ မြင့်မားတဲ့ခြံစည်းရိုးတွေကြားမှာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ခံထားရဆဲဖြစ်ပြီး ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာတွေနဲ့ ပြင်ပဧည့်သည်တွေကို တွေ့ဆုံခွင့်မရှိဘူးလို့ ကိုထိန်လင်းက ပြောပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တောင် သူမ လက်ရှိဘယ်နေရာမှာ ရောက်နေတယ်ဆိုတာကို အတိအကျမသိဘူးလို့လည်း ကိုထိန်လင်းက ပြောပါတယ်။

“မေမေကိုယ်တိုင်တောင် သူဘယ်နေရာမှာ ရှိနေမှန်း အတိအကျ မသိပါဘူး။ မိသားစုနဲ့ ပုံမှန်ဆက်သွယ်ခွင့်၊ လွတ်လပ်တဲ့ ဆေးဘက်ဆိုင်ရာ စစ်ဆေးကုသခွင့်အတွက်လည်း ဘာအာမခံချက်မှ မရသေးပါဘူး။”

ဒါ့အပြင် တကြိမ် စကားပြောခွင့်ရတာဟာ မိသားစုနဲ့ ပုံမှန်ဆက်သွယ်ခွင့်ရတာ မဟုတ်သလို မိသားစုနဲ့ ဆက်သွယ်ခွင့်ရတာဟာလည်း လွတ်မြောက်ခြင်း မဟုတ်ဘူးလို့ ကိုထိန်လင်းက အသိပေးပြောဆိုပါတယ်။

မိခင်နဲ့ စကားပြောခွင့်ရအောင် ကူညီပေးခဲ့သူအားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ ဆက်လက်ပံ့ပိုးပေးကြဖို့ ကိုထိန်လင်းက မေတ္တာရပ်ခံထားတဲ့အပြင် FREE HER လှုပ်ရှားမှုမှာ ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆိုကြဖို့လည်း တိုက်တွန်းထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (7)

ဆက်စပ် သတင်းများ

စစ်တပ်ကို အပြည့်အဝထောက်ခံသူ အမှုပေါင်းစုံ ကျူးလွန်ခဲ့တဲ့ စိုးသန်းနိုင်ကို ထောင် ၁၀ နှစ် ချမှတ် ပြည်တွင်းသတင်း

စစ်တပ်ကို အပြည့်အဝထောက်ခံသူ အမှုပေါင်းစုံ ကျူးလွန်ခဲ့တဲ့ စိုးသန်းနိုင်ကို ထောင် ၁၀ နှစ် ချမှတ်

အာဏာသိမ်းစစ်တပ်ကို တစိုက်မတ်မတ် ထောက်ခံခဲ့ဖူးသူ ပြည်သူ့ကျောင်းသား ငြိမ်းချမ်းရေးအဖွဲ့ (PPSA) ခေါင်းဆောင် စိုးသန်းနိုင်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် တရားမဝင် လက်နက်ကိုင်ဆောင်မှု၊…

ဖတ်ရန်
ရန်ကုန်နဲ့ မန္တလေးမှာ လူငယ်တွေ ပေါ်တာဆွဲဖမ်းဆီးခံရမှုနဲ့ ပျောက်ဆုံးမှုတွေ ခပ်စိပ်စိပ်ဖြစ်နေ ပြည်တွင်းသတင်း

ရန်ကုန်နဲ့ မန္တလေးမှာ လူငယ်တွေ ပေါ်တာဆွဲဖမ်းဆီးခံရမှုနဲ့ ပျောက်ဆုံးမှုတွေ ခပ်စိပ်စိပ်ဖြစ်နေ

ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ စစ်မှုထမ်းအတွက် လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်ဖြစ်ပွားနေပြီး မန္တလေးမှာ တက္ကသိုလ်ကျောင်းသားတဦး ဖမ်းဆီးခံရသလို ရန်ကုန်မှာလည်း Smart Card နဲ့ Passport…

ဖတ်ရန်
စက်ရုံကြို/ပို့မှန်လုံယာဉ် ဘရိတ်ပေါက်ရာက အရှိန်မထိန်းနိုင်ဘဲ ယာဉ် ၃ စီးဆင့်တိုက်မှုဖြစ် ပြည်တွင်းသတင်း

စက်ရုံကြို/ပို့မှန်လုံယာဉ် ဘရိတ်ပေါက်ရာက အရှိန်မထိန်းနိုင်ဘဲ ယာဉ် ၃ စီးဆင့်တိုက်မှုဖြစ်

ပဲခူးမြို့၊ ဥဿာမြို့သစ်နယ်မြေ၊ ဥဿာမြို့သစ်(၉)ရပ်ကွက်ရှိ ပဲခူးကနေ ရန်ကုန်ဘက်ကိုထွက်တဲ့ လာဂမိုတိုးလ်ဂိတ်မှာ ယာဉ် ၃ စီးဆင့်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
၄ ရက်ကြာ ပျောက်ဆုံးနေတဲ့ စိတ်ဝေဒနာရှင် အမျိုးသား ရုပ်အလောင်းအဖြစ် ရေတွင်းထဲမှာ ပြန်တွေ့ ပြည်တွင်းသတင်း

၄ ရက်ကြာ ပျောက်ဆုံးနေတဲ့ စိတ်ဝေဒနာရှင် အမျိုးသား ရုပ်အလောင်းအဖြစ် ရေတွင်းထဲမှာ ပြန်တွေ့

ထားဝယ်မြို့နယ်၊ ကဒင်ဝကျေးရွာမှာ ၄ ရက်ကြာ ပျောက်ဆုံးနေတဲ့ စိတ်ဝေဒနာရှင် လူငယ်တဦးရဲ့ ရုပ်အလောင်းကို ရွာအပြင်က ရေတွင်းထဲမှာ တွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။

ဖတ်ရန်