ဩဂုတ် ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
ဩဂုတ် ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်–မိုင်းပွန်လမ်းမှာ ခရီးသည်တင် ဘတ်စ်ကားတစီး အနက် ပေ ၃၀၀ ကျော်နက်တဲ့ ချောက်ထဲပြုတ်ကျလို့ ယာဥ်မောင်းဖြစ်သူ သေဆုံးကာ ကိုယ်ဝန်သည် ၁ ဦး အရေးပေါ် ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။
ဩဂုတ်လ ၂၃ ရက်နေ့ ညနေ ၆ နာရီခွဲခန့်က လွိုင်လင်မြို့ဘက်ကနေ မိုင်းပွန်ဘက်ကို မောင်းနှင်လာတဲ့ မိုက်ခရိုဘတ်စ်ကားတစီးဟာ လွိုင်လင်–မိုင်းပွန်–ဟိုပုံး–တောင်ကြီးသွား ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၁၆၅/၁)နဲ့ (၁၆၅/၂)ကြားမှာ အရှိန်လွန်ကာ လမ်းရဲ့ယာဘက် ပေ ၃၀၀ ကျော်နက်တဲ့ ချောက်ထဲ ထိုးကျကာ တိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။
"ကားပေါ်မှာ ယာဥ်မောင်းနဲ့ ဘေးမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး ၂ ယောက်တည်း ပါလာတာ။ ကားဘရိတ်ပေါက်တာလို့ ပြောတယ်။ ယာဥ်မောင်းကတော့ သေတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးကတော့ သတိလစ်မေ့မျောသွားတယ်။ လွိုင်လင်ဆေးရုံကို ပို့ထားတယ်။ ကားကတော့ ရစရာမရှိဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။
မော်တော်ယာဥ် ပြုတ်ကျမှုကြောင့် ယာဥ်မောင်းဖြစ်သူ သေဆုံးကာ ကိုယ်ဝန်ဆောင်အမျိုးသမီးဖြစ်သူကို
လွိုင်လင် ပြည်သူ့ဆေးရုံကြီးကို တင်လိုက်ရတယ်လို့ သိရပါတယ်။
အလားတူ ဩဂုတ်လ ၂၃ ရက်နေ့ ညနေပိုင်းကလည်း မကွေးတိုင်း၊ မင်းဘူးမြို့နယ် မင်းဘူးဆိုင်းဘုတ်အကျော်မှာ အိမ်စီးကားတစီး မြစ်ကမ်းပါးဘက် ပြုတ်ကျခဲ့ပြီး ယာဥ်မောင်းဖြစ်သူ သတိလစ်မေ့မျောကာ လိုက်ပါလာသူတချို့ ဒဏ်ရာအနည်းငယ် ရရှိခဲ့သေးတယ်လို့ သိရပါတယ်။
ဩဂုတ် ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ ကျောင်းဆရာမ ၁ ဦး အပါအဝင် ကျေးရွာက ဒေသခံ ၅ ဦး ထက်မနည်းကို ခွေးရူးတကောင်က လိုက်ကိုက်လို့ ဆေးရုံတင်ပြီး ကုသထားရတယ်လို့…
၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
Rainbow Flying Freely Kol Kole သည် ဥပဒေ နောက်ဆုံးနှစ် CDM ကျောင်းသား တစ်ဦးဖြစ်ပြီး LGBTQ တစ်ဦးလည်း ဖြစ်ပါသည်။ သူသည်…