အရေးပေါ်
ပြည်တွင်းသတင်း

ပေ ၃၀၀ ကျော်နက်တဲ့ ချောက်ထဲ ဘတ်စ်ကားတစီး ပြုတ်ကျလို့ ကားသမား သေဆုံးကာ ကိုယ်ဝန်ဆောင် ၁ ဦး ဆေးရုံတင်ထားရ

၂၀၂၆ သြဂုတ် ၂၄ Myo Taw
ပေ ၃၀၀ ကျော်နက်တဲ့ ချောက်ထဲ ဘတ်စ်ကားတစီး ပြုတ်ကျလို့ ကားသမား သေဆုံးကာ ကိုယ်ဝန်ဆောင် ၁ ဦး ဆေးရုံတင်ထားရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်–မိုင်းပွန်လမ်းမှာ ခရီးသည်တင် ဘတ်စ်ကားတစီး အနက် ပေ ၃၀၀ ကျော်နက်တဲ့ ချောက်ထဲပြုတ်ကျလို့ ယာဥ်မောင်းဖြစ်သူ သေဆုံးကာ ကိုယ်ဝန်သည် ၁ ဦး အရေးပေါ် ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၃ ရက်နေ့ ညနေ ၆ နာရီခွဲခန့်က လွိုင်လင်မြို့ဘက်ကနေ မိုင်းပွန်ဘက်ကို မောင်းနှင်လာတဲ့ မိုက်ခရိုဘတ်စ်ကားတစီးဟာ လွိုင်လင်–မိုင်းပွန်–ဟိုပုံး–တောင်ကြီးသွား ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၁၆၅/၁)နဲ့ (၁၆၅/၂)ကြားမှာ အရှိန်လွန်ကာ လမ်းရဲ့ယာဘက် ပေ ၃၀၀ ကျော်နက်တဲ့ ချောက်ထဲ ထိုးကျကာ တိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။

"ကားပေါ်မှာ ယာဥ်မောင်းနဲ့ ဘေးမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး ၂ ယောက်တည်း ပါလာတာ။ ကားဘရိတ်ပေါက်တာလို့ ပြောတယ်။ ယာဥ်မောင်းကတော့ သေတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးကတော့ သတိလစ်မေ့မျောသွားတယ်။ လွိုင်လင်ဆေးရုံကို ပို့ထားတယ်။ ကားကတော့ ရစရာမရှိဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။

မော်တော်ယာဥ် ပြုတ်ကျမှုကြောင့် ယာဥ်မောင်းဖြစ်သူ သေဆုံးကာ ကိုယ်ဝန်ဆောင်အမျိုးသမီးဖြစ်သူကို

လွိုင်လင် ပြည်သူ့ဆေးရုံကြီးကို တင်လိုက်ရတယ်လို့ သိရပါတယ်။

အလားတူ ဩဂုတ်လ ၂၃ ရက်နေ့ ညနေပိုင်းကလည်း မကွေးတိုင်း၊ မင်းဘူးမြို့နယ် မင်းဘူးဆိုင်းဘုတ်အကျော်မှာ အိမ်စီးကားတစီး မြစ်ကမ်းပါးဘက် ပြုတ်ကျခဲ့ပြီး ယာဥ်မောင်းဖြစ်သူ သတိလစ်မေ့မျောကာ လိုက်ပါလာသူတချို့ ဒဏ်ရာအနည်းငယ် ရရှိခဲ့သေးတယ်လို့ သိရပါတယ်။

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ရုပ်သံ Daily NEWS

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

အောက်တိုဘာ ၂၂ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ ရုပ်သံ Afternoon NEWS

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျ

အိမ်အမိုးပေါ်ကဆိုလာ အပူချိန်လွန်ကဲရာကတဆင့် မီးလောင်ပြီး နေအိမ် ၃ လုံးပြာကျတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး ပြည်တွင်းသတင်း

ဘိုးဘွားတွေကို သွားရောက်ကန်တော့ပြီး ပြန်လာတဲ့ လူငယ်တဦး ရထားတိုက်ခံရလို့ သေဆုံး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်အပိုင်းက ရထားလမ်းပေါ်မှာ လူငယ်တဦး ရထားတိုက်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ ပြည်တွင်းသတင်း

မိုးမလင်းဈေးသွားတဲ့ စျေးသည် ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ကျည်ထိမှန်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ မိုးမလင်းဈေးသွားတဲ့ အမျိုးသမီး ၂ ဦးကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဖတ်ရန်