အရေးပေါ်
ပြည်တွင်းသတင်း

စိမ်းညှင်ဝရွာကို ဗုံးကြဲတိုက်ခိုက်သွားလို့ အသက် ၁ နှစ်အရွယ် ကလေးငယ်နဲ့ မူလတန်းကလေးငယ် အပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရ

၂၀၂၆ သြဂုတ် ၂၅ Myo Taw
စိမ်းညှင်ဝရွာကို ဗုံးကြဲတိုက်ခိုက်သွားလို့ အသက် ၁ နှစ်အရွယ် ကလေးငယ်နဲ့ မူလတန်းကလေးငယ် အပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် စိမ်းညှင်းဝကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားလို့ အသက် ၁ နှစ်အရွယ် ကလေးငယ် ၁ ဦးနဲ့ မူလတန်းကျောင်းသား ၁ ဦး အပါအဝင် ဒေသခံပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး မူလတန်းကျောင်းသား ၈ ဦး အပါအဝင် ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ ၂၄ ရက်နေ့ မနက် ၁၁ နာရီ ၉ မိနစ်ကနေ နေ့လယ်ပိုင်း ၁၁ နာရီ ၁၆ မိနစ်အထိ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ စိမ်းညှင်းဝကျေးရွာက ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေကို အာဏာသိမ်းစစ်တပ်က တိုက်လေယာဉ် ၂ စင်းနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအရပ်သား ၅ ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးခဲ့သူတွေဟာ အသက် ၇၀ နှစ်အရွယ် ဒေါ်သန္တာဖြူ၊ အသက် ၁၀ နှစ်အရွယ် မောင်မြတ်ကျော်နိုင်၊ အသက် ၄၆ နှစ်အရွယ် ဒေါ်ခိုင်ခိုင်စိုး၊ အသက် ၃၆ နှစ်အရွယ် ဒေါ်သန်းဝင်းနဲ့ အသက် ၁ နှစ်သားအရွယ် မောင်ထက်မြတ်ကျော်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေဟာ အသက် ၁၀ နှစ်အောက် မူလတန်းကလေးငယ် ၈ ဦးနဲ့ ကျေရွာအတွင်းက အရပ်သားတွေ အပါအဝင် စုစုပေါင်းဒဏ်ရာရသူ ၁၇ ဦး ရှိတယ်လို့ သိရပါတယ်။

ဒဏ်ရာရသူတွေထဲက မူလတန်းကျောင်းသား၊ ကျောင်းသူတွေ အပါအဝင် ပြည်သူ ၆ ဦးဟာ ပြင်းထန်ဒဏ်ရာ ရရှိတာကြောင့် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် စိမ်းညှင်းဝကျေးရွာက လူနေအိမ် ၁၇ လုံးနဲ့ ဘုန်းကြီးကျောင်း အဆောက်အအုံလည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့ကလည်း ဆမီးမြို့နဲ့ ပလက်ဝမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်သွာလို့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သားတချို့ သေဆုံးပြီး ဒဏ်ရာရရှိသူတွေ ရှိခဲ့ပါသေးတယ်။

ဓာတ်ပုံများ (4)

ဆက်စပ် သတင်းများ

ဩဂုတ် ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
VIDEO ပြည်တွင်းသတင်း

ဩဂုတ် ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ

ဩဂုတ် ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ

ကြည့်ရန်
ကျောင်းဆရာမ ၁ ဦး အပါအဝင် ၅ ဦးကို ခွေးရူးတကောင်က ကိုက်သွားလို့ ဆေးရုံတင်ပြီး ကုသနေရ ပြည်တွင်းသတင်း

ကျောင်းဆရာမ ၁ ဦး အပါအဝင် ၅ ဦးကို ခွေးရူးတကောင်က ကိုက်သွားလို့ ဆေးရုံတင်ပြီး ကုသနေရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ ကျောင်းဆရာမ ၁ ဦး အပါအဝင် ကျေးရွာက ဒေသခံ ၅ ဦး ထက်မနည်းကို ခွေးရူးတကောင်က လိုက်ကိုက်လို့ ဆေးရုံတင်ပြီး ကုသထားရတယ်လို့…

ဖတ်ရန်