အရေးပေါ်
နိုင်ငံတကာသတင်း

ကိုယ်ဝန်ပျက်ကျပြီး ၉ လသားအရွယ် သန္ဓေသားအလောင်းကို ရေခဲသေတ္တာထဲ ထည့်ထားခဲ့တဲ့ အမျိုးသမီး စစ်ဆေးခံနေရ

၂၀၂၆ စက်တင်ဘာ ၃၀ Myo Taw
ကိုယ်ဝန်ပျက်ကျပြီး ၉ လသားအရွယ် သန္ဓေသားအလောင်းကို ရေခဲသေတ္တာထဲ ထည့်ထားခဲ့တဲ့ အမျိုးသမီး စစ်ဆေးခံနေရ

ကိုယ်ဝန်ပျက်ကျပြီး ၉ လသားအရွယ် သန္ဓေသားအလောင်းကို ရေခဲသေတ္တာထဲ ထည့်ထားခဲ့တဲ့ အမျိုးသမီး စစ်ဆေးခံနေရ

စက်တင်ဘာ ၃၀

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ကပီခရိုင်ထဲက နာမည်ကြီးဟိုတယ်တခုမှာ ကိုယ်ဝန်ပျက်ကျပြီးနောက် ၉ လအရွယ် သန္ဓေသားအလောင်းကို အမည်းရောင်ပလတ်စတစ်အိတ်ထဲထည့်ကာ ရေခဲသေတ္တာအတွင်း သိမ်းထားခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၉ ရက် ည ၉ နာရီခွဲခန့်မှာ ရမ်ခမ်ဟန်လမ်း ၄၀ အနီးက ဟိုတယ်တခုမှာ အမျိုးသမီးတဦး ကိုယ်ဝန်ပျက်ကျနေကြောင်း သတင်းရရှိတာကြောင့် ဟွာမတ်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးခဲ့ပြီး အသက် ၂၁ နှစ်အရွယ် ထိုင်းနိုင်ငံသူ ကက်ဆာရာ ဆိုသူကို အခင်းဖြစ်အခန်းထဲမှာတင် ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

စစ်ဆေးချက်တွေအရ ကက်ဆာရာဟာ Dating App ကတဆင့် တရုတ်အမျိုးသားတဦးနဲ့ ဟိုတယ်အခန်းမှာ တွေ့ဆုံဖို့ စီစဉ်ခဲ့ပြီး ဩဂုတ် ၃၀ ရက်နေ့မှာ ဟိုတယ်ကို လာရောက်တည်းခိုနေခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့က ဟိုတယ်အခန်းကို ဆက်လက်ရှာဖွေရာ ဩဂုတ် ၂၄ ရက်က အွန်လိုင်းကနေ မှာယူထားတဲ့ ကိုယ်ဝန်ဖျက်ဆေးတွေကို တွေ့ရှိခဲ့ရပြီး စက်တင်ဘာ ၅ ရက်နေ့မှာ ဆေး ၁ လုံးနဲ့ စက်တင်ဘာ ၆ ရက်နေ့မှာ နောက်ထပ် ဆေး ၄ လုံး သောက်ခဲ့တယ်လို့ ကက်ဆာရာက ဝန်ခံထွက်ဆိုထားပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်တွေအရ စက်တင်ဘာ ၂၇ ရက်နေ့မှာ ဝမ်းဗိုက်နာကျင်ပြီး ဟိုတယ်အခန်းထဲမှာတင် ကိုယ်ဝန်ပျက်ကျခဲ့ပြီး ၉ လအရွယ် သန္ဓေသားအလောင်းကို အမည်းရောင်အိတ်ထဲ ထည့်ကာ ရေခဲသေတ္တာထဲ သိမ်းထားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ကက်ဆာရာကို ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးမေးမြန်းနေပြီး သက်သေခံပစ္စည်း အားလုံးကိုလည်း သိမ်းဆည်းကာ အမှုတွဲတည်ဆောက်ပြီး ဟွာမတ်ရဲစခန်းက အမှုစစ်အရာရှိထံ လွှဲပြောင်းပေးထားတယ်လို့ သိရပါတယ်။

Ref & Photo: Matichon

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

NATO က ကာလီနင်ဂရက်ဒ်ကို ခွဲထုတ်ဖို့ ကြိုးပမ်းလာခဲ့ရင် နျူကလီးယားလက်နက်သုံးမယ်လို့ ရုရှား သတိပေး နိုင်ငံတကာသတင်း

NATO က ကာလီနင်ဂရက်ဒ်ကို ခွဲထုတ်ဖို့ ကြိုးပမ်းလာခဲ့ရင် နျူကလီးယားလက်နက်သုံးမယ်လို့ ရုရှား သတိပေး

ဘောလ်တစ်ပင်လယ်ကမ်းခြေမှာရှိတဲ့ ကာလီနင်ဂရက်ဒ်ဒေသကို ရုရှားပြည်မကြီးနဲ့ လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ပြီး သီးခြားခွဲထုတ်ဖို့ နေတိုးအဖွဲ့က ကြိုးပမ်းလာခဲ့ရင် နျူကလီးယားလက်နက် အပါအဝင် လက်နက်အင်အား အပြည့်အဝအသုံးပြုပြီး ကာကွယ်သွားမယ်လို့ ရုရှားက…

ဖတ်ရန်
အီရန်အတွက် လက်နက်ဝယ်ယူပေးသူ ၁၃ ဦးနဲ့ အဖွဲ့အစည်းတွေကို အမေရိကန် ပိတ်ဆို့အရေးယူ နိုင်ငံတကာသတင်း

အီရန်အတွက် လက်နက်ဝယ်ယူပေးသူ ၁၃ ဦးနဲ့ အဖွဲ့အစည်းတွေကို အမေရိကန် ပိတ်ဆို့အရေးယူ

အီရန်အတွက် လက်နက်နဲ့ လက်နက်အစိတ်အပိုင်းတွေ ဝယ်ယူထောက်ပံ့ပေးနေတဲ့ လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီ ၁၃ ခုကို စက်တင်ဘာ ၂၉ ရက်နေ့မှာ အမေရိကန်က ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်လိုက်ပြီး…

ဖတ်ရန်
ဒုတိယကမ္ဘာစစ်သမိုင်းကို တရုတ်ဘက်က ပုံဖျက်ပြင်ဆင်ဖို့ ကြိုးပမ်းနေမှုအပေါ် ထိုင်ဝမ် ပြင်းပြင်းထန်ထန် ကန့်ကွက် နိုင်ငံတကာသတင်း

ဒုတိယကမ္ဘာစစ်သမိုင်းကို တရုတ်ဘက်က ပုံဖျက်ပြင်ဆင်ဖို့ ကြိုးပမ်းနေမှုအပေါ် ထိုင်ဝမ် ပြင်းပြင်းထန်ထန် ကန့်ကွက်

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံဆွေးနွေးချိန်အတွင်း ဒုတိယကမ္ဘာစစ်တုန်းက နှစ်နိုင်ငံ မဟာမိတ်ဖြစ်ခဲ့တဲ့အကြောင်း ထည့်သွင်းပြောဆိုခဲ့ကြတာနဲ့ ပတ်သက်ပြီး ဒါဟာ စစ်သမိုင်းကို ပုံဖျက်ဖို့ ဘေဂျင်းဘက်က…

ဖတ်ရန်
အိန္ဒိယနဲ့ နီပေါမှာ မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူ ၇၀ ထက်မနည်း သေဆုံ; နိုင်ငံတကာသတင်း

အိန္ဒိယနဲ့ နီပေါမှာ မိုးသည်းထန်ပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူ ၇၀ ထက်မနည်း သေဆုံ;

မိုးသည်းထန်စွာ ရွာသွန်းပြီး မုန်တိုင်းတိုက်ခတ်မှုတွေကြောင့် အိန္ဒိယနဲ့ အိမ်နီးချင်း နီပေါနိုင်ငံတို့မှာ ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၇၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်