အရေးပေါ်
နိုင်ငံတကာသတင်း

အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦးကို သတ်ဖြတ်ခဲ့တဲ့ ကြည်းတပ်စိတ်ရောဂါကု ဆရာဝန်ဟောင်းကို သေဒဏ်စီရင်ဖို့ ထရမ့် အမိန့်ပေး

၂၀၂၆ အောက်တိုဘာ ၆ Myo Taw
အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦးကို သတ်ဖြတ်ခဲ့တဲ့ ကြည်းတပ်စိတ်ရောဂါကု ဆရာဝန်ဟောင်းကို သေဒဏ်စီရင်ဖို့ ထရမ့် အမိန့်ပေး

အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦးကို သတ်ဖြတ်ခဲ့တဲ့ ကြည်းတပ်စိတ်ရောဂါကု ဆရာဝန်ဟောင်းကို သေဒဏ်စီရင်ဖို့ ထရမ့် အမိန့်ပေး

အောက်တိုဘာ ၆

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်က ဖော့တ်ဟုဒ်စစ်အခြေစိုက်စခန်းမှာ ၂၀၀၉ ခုနှစ်တုန်းက အမေရိကန်တပ်ဖွဲ့ဝင် ၁၃ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ အမေရိကန် ကြည်းတပ်စိတ်ရောဂါကု ဆရာဝန်ဟောင်းကို စစ်ဘက်ပစ်ခတ်ရေးတပ်ဖွဲ့နဲ့ သေဒဏ်ပေးဖို့ သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ချမှတ်လိုက်တယ်လို့ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က အောက်တိုဘာ ၅ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်ကြည်းတပ် ဗိုလ်မှူးဟောင်း နီဒယ်လ် ဟာဆန်ကို စစ်ဘက်ပစ်ခတ်ရေးတပ်ဖွဲ့နဲ့ သေဒဏ်စီရင်ဖို့ ကာကွယ်ရေးဝန်ကြီး ပိသ် ဟက်ဂ်ဆက်သ်က တင်ပြတိုက်တွန်းခဲ့တာဖြစ်ပြီး၊ အဲဒီအဆိုပြုချက်ကို သမ္မတ ထရမ့်က အတည်ပြုလက်မှတ်ရေးထိုး ပေးခဲ့တာဖြစ်တယ်လို့ ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ရှောင် ပါနယ်လ်က လူမှုကွန်ရက် X ကတဆင့် ပြောဆိုထားပါတယ်။

ဟာဆန်ဟာ ၂၀၀၉ ခုနှစ် နိုဝင်ဘာလက Fort Hood စစ်စခန်းရှိ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတခုအတွင်း လေဆာချိန်ရွယ်စနစ်ပါတဲ့ သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၁၂ ဦးနဲ့ အငြိမ်းစားစစ်မှုထမ်း ၁ ဦး သေဆုံးကာ ၃၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

ပစ်ခတ်မှုအတွင်း ဟာဆန်ဟာ “ဘုရားသခင်ဟာ အကြီးမြတ်ဆုံးဖြစ်တယ်” လို့ အဓိပ္ပာယ်ရတဲ့ အာရဗီဘာသာနဲ့ ကြွေးကြော်အော်ဟစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ မွတ်စလင်ကမ္ဘာမှာ အမေရိကန်က စစ်ဆင်နွှဲနေတာကို လက်တုံ့ပြန်တာ ဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ စစ်ခုံရုံးက ဟာဆန်ကို ကြိုတင်ကြံရွယ်လူသတ်မှုနဲ့ လူသတ်ရန် အားထုတ်မှု စုစုပေါင်း ၄၅ မှုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး သေဒဏ်ချမှတ်ခဲ့ပါတယ်။ လက်ရှိ အသက် ၅၆ နှစ်ရှိပြီဖြစ်တဲ့ ဟာဆန်ဟာ ဖမ်းဆီးခံရချိန်မှာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ခါးအောက်ပိုင်းသေသွားခဲ့ပြီး ဘီးတပ်ကုလားထိုင်နဲ့သာ နေထိုင်နေရပါတယ်။

ဟာဆန်ကို အခုအမိန့်အတိုင်း ကွပ်မျက်ဖြစ်ခဲ့ရင် အမေရိကန်စစ်တပ်အတွင်း ၁၉၆၁ ခုနှစ်နောက်ပိုင်း ပထမဆုံး သေဒဏ်ကွပ်မျက်မှု ဖြစ်လာမှာပါ။ ဒါ့အပြင် အမေရိကန်စစ်တပ်က ပစ်ခတ်ရေးတပ်ဖွဲ့အသုံးပြုပြီး ကွပ်မျက်တာဟာ ၁၉၄၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်လာမှာ ဖြစ်ပါတယ်။

သေဒဏ်စီရင်မယ့် အချိန်နဲ့နေရာကိုတော့ အမေရိကန်ကြည်းတပ်အတွင်းဝန်က သတ်မှတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref & Photo: Reuters

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

နယူးယောက်မှာ ဝက်သက်ရောဂါကူးစက်မှု စံချိန်တင် မြင့်တက်လာတာကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန် နိုင်ငံတကာသတင်း

နယူးယောက်မှာ ဝက်သက်ရောဂါကူးစက်မှု စံချိန်တင် မြင့်တက်လာတာကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်မှာ ဝက်သက်ရောဂါ ကူးစက်မှုတွေ စံချိန်တင် မြင့်တက်လာတာကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူး ကေသီ ဟိုချူးလ်က အောက်တိုဘာ ၅ ရက်နေ့က စတင်ကာ တပြည်နယ်လုံး…

ဖတ်ရန်
ပြင်သစ်မှာ ကျောင်းသားဆန္ဒပြပွဲတွေကြောင့် အထက်တန်းကျောင်း ရာနဲ့ချီ ဆက်လက်ပိတ်ထားရ နိုင်ငံတကာသတင်း

ပြင်သစ်မှာ ကျောင်းသားဆန္ဒပြပွဲတွေကြောင့် အထက်တန်းကျောင်း ရာနဲ့ချီ ဆက်လက်ပိတ်ထားရ

ကျောင်းအဆောက်အအုံတွေ ပျက်စီးယိုယွင်းနေမှု၊ စာသင်ခန်းတွေ လူပြည့်ကျပ်နေမှုနဲ့ ဆရာဆရာမ မလုံလောက်မှုတွေကို ကန့်ကွက်တဲ့ ကျောင်းသားဆန္ဒပြပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အောက်တိုဘာ ၅ ရက်မှာတော့ အထက်တန်းကျောင်း ရာနဲ့ချီ…

ဖတ်ရန်
ကော်နယ်တက္ကသိုလ် ကျောင်းသားတွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ တရားစွဲဆိုထားတဲ့ အမျိုးသမီး ခြိမ်းခြောက်ခံနေရ နိုင်ငံတကာသတင်း

ကော်နယ်တက္ကသိုလ် ကျောင်းသားတွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ တရားစွဲဆိုထားတဲ့ အမျိုးသမီး ခြိမ်းခြောက်ခံနေရ

အမေရိကန်မှာ ကော်နယ်တက္ကသိုလ် ကျောင်းသားတချို့က မူးယစ်ဆေးခတ်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ အမျိုးသမီးဟာ အမှုကို ရုပ်သိမ်းဖို့ ဖိအားပေးခြိမ်းခြောက်မှုတွေ ခံနေရတယ်လို့ သူမရဲ့ရှေ့နေက အောက်တိုဘာ…

ဖတ်ရန်
ရုရှားမှာ ပလိပ်ရောဂါ သံသယဖြစ်ပွားမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၁၈၉ ဦး သီးသန့်စောင့်ကြည့်ခံနေရ၊ ပူတင်အစိုးရက သတင်းဖုံးဖို့ ကြိုးစားနေ နိုင်ငံတကာသတင်း

ရုရှားမှာ ပလိပ်ရောဂါ သံသယဖြစ်ပွားမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၁၈၉ ဦး သီးသန့်စောင့်ကြည့်ခံနေရ၊ ပူတင်အစိုးရက သတင်းဖုံးဖို့ ကြိုးစားနေ

ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားဒေသမှာ သံသယဖြစ်ဖွယ် အကျိတ်ပလိပ်ရောဂါ (Bubonic Plague) ကူးစက်မှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၁၈၉ ဦးကို အရေးပေါ်…

ဖတ်ရန်