အရေးပေါ်
နိုင်ငံတကာသတင်း

ကလေးသူငယ်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ဥပဒေမဲ့ စုဆောင်းအသုံးပြုခဲ့မှုအတွက် ဒေါ်လာ သန်း ၄၀၀ ပေးဆောင်ဖို့ TikTok သဘောတူ

၂၀၂၆ သြဂုတ် ၂၂ Myo Taw
ကလေးသူငယ်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ဥပဒေမဲ့ စုဆောင်းအသုံးပြုခဲ့မှုအတွက် ဒေါ်လာ သန်း ၄၀၀ ပေးဆောင်ဖို့ TikTok သဘောတူ

TikTok နဲ့ မိခင်ကုမ္ပဏီ ByteDance တို့ဟာ ကလေးသူငယ်တွေရဲ့ အွန်လိုင်းကိုယ်ရေးအချက်အလက်တွေကို ဥပဒေမဲ့ စုဆောင်းအသုံးပြုခဲ့တယ်ဆိုတဲ့ တရားစွဲဆိုမှုကို ဖြေရှင်းဖို့ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ပေးချေရန် သဘောတူညီလိုက်ကြောင်း အမေရိကန် တရားရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၄ ခုနှစ်က TikTok ကို စတင် တရားစွဲဆိုခဲ့ပြီးနောက် TikTok ဘက်က အသက်မပြည့်သေးတဲ့ သုံးစွဲသူတွေကို ကာကွယ်ဖို့ လုံခြုံရေးစနစ်တွေ မြှင့်တင်တာ၊ အသက်အရွယ် စိစစ်ထိန်းချုပ်မှုတွေ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်တာနဲ့ မိဘတွေဘက်က စောင့်ကြည့်ထိန်းချုပ်နိုင်တဲ့ စနစ်တွေကို ပိုမိုထိရောက်အောင် ဆောင်ရွက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန် တရားရေးဌာနက ဆိုပါတယ်။

တရားစွဲဆိုမှုမှာ TikTok ဟာ မိဘတွေရဲ့ ခွင့်ပြုချက်မရှိဘဲ အသက် ၁၃ နှစ်အောက် ကလေးတွေရဲ့ အီးမေးလ်လိပ်စာအပါအဝင် ကိုယ်ရေးအချက်အလက်တွေကို စုဆောင်းခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

အမေရိကန် ဖက်ဒရယ်ဥပဒေအရ အသက် ၁၃ နှစ်အောက် ကလေးတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မိဘခွင့်ပြုချက်မရှိဘဲ စုဆောင်းအသုံးပြုတာကို တားမြစ်ထားပါတယ်။

ဒါ့အပြင် မိဘတွေက ကလေးတွေရဲ့ TikTok အကောင့်နဲ့ ကိုယ်ရေးအချက်အလက်တွေကို ဖျက်ပေးဖို့ တောင်းဆိုတဲ့အခါ TikTok ဘက်က မကြာခဏ ပျက်ကွက်ခဲ့သလို အဆိုပါပြဿနာကို ဖြေရှင်းဖို့ ကုမ္ပဏီရဲ့ အတွင်းပိုင်းမူဝါဒနဲ့ ကိုင်တွယ်ဆောင်ရွက်မှုတွေမှာလည်း အားနည်းချက်တွေ ရှိခဲ့တယ်လို့ တရားရေးဌာနက ဆိုပါတယ်။

ဒေါ်လာ သန်း ၄၀၀ ပေးချေပြီး အမှုကို ဖြေရှင်းလိုက်တဲ့ သဘောတူညီချက်ဟာ အမေရိကန်မိသားစုတွေအတွက် ပိုမိုကောင်းမွန်တဲ့ အွန်လိုင်း အကာအကွယ်ပေးမှုတွေကို အချိန်မဆိုင်းဘဲ ရရှိစေမှာဖြစ်ပြီး တရားစွဲဆိုမှုကို နှစ်ရှည်လများ ရင်ဆိုင်ခဲ့ရတာကြောင့် ဖြစ်လာနိုင်တဲ့ ကြန့်ကြာမှုနဲ့ မသေချာမရေရာမှုတွေကို ရှောင်ရှားနိုင်မယ်လို့ အမေရိကန် တရားရေးဌာနက ပြောဆိုထားပါတယ်။

Ref; NHK

Photo; Reuters

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ယူကရိန်းစစ်တပ်သုံး Starlink အင်တာနက်လိုင်းကို အရှိန်လျှော့ချဖို့ အီလွန်မတ်စ်ခ် ညွှန်ကြားခဲ့တယ်လို့ WSJ ဖော်ပြ နိုင်ငံတကာသတင်း

ယူကရိန်းစစ်တပ်သုံး Starlink အင်တာနက်လိုင်းကို အရှိန်လျှော့ချဖို့ အီလွန်မတ်စ်ခ် ညွှန်ကြားခဲ့တယ်လို့ WSJ ဖော်ပြ

ယူကရိန်းစစ်တပ်က အဓိကအားထား အသုံးပြုနေတဲ့ SpaceX ကုမ္ပဏီရဲ့ စစ်ဘက်သုံး Starlink ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုကို အရှိန်လျှော့ချကန့်သတ်ဖို့ အီလွန်မတ်စ်ခ်က ညွှန်ကြားခဲ့တယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို…

ဖတ်ရန်
AI chatbot နဲ့ စကားပြောရင်း ကလေးထိန်းကျောင်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ဖမ်းဆီးခံရ နိုင်ငံတကာသတင်း

AI chatbot နဲ့ စကားပြောရင်း ကလေးထိန်းကျောင်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ဖမ်းဆီးခံရ

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ Claude AI chatbot နဲ့ စကားပြောဆိုချိန်အတွင်း အနီးအနားက ကလေးထိန်းကျောင်းကို အစုလိုက်အပြုံလိုက် ပစ်ခတ်တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသားတဦးကို ရဲတပ်ဖွဲ့က…

ဖတ်ရန်
ညမထွက်ရအမိန့်ကြောင့် ပြင်သစ်မြို့ကြီးတွေ ပြန်လည်ငြိမ်သက်လာပေမယ့် လာမယ့်စနေနေ့မှာ ဆန္ဒပြမှုအသစ်တွေ ထပ်မံကြုံရဖွယ်ရှိနေ နိုင်ငံတကာသတင်း

ညမထွက်ရအမိန့်ကြောင့် ပြင်သစ်မြို့ကြီးတွေ ပြန်လည်ငြိမ်သက်လာပေမယ့် လာမယ့်စနေနေ့မှာ ဆန္ဒပြမှုအသစ်တွေ ထပ်မံကြုံရဖွယ်ရှိနေ

ပြင်သစ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မကြုံစဖူး ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာကြောင့် ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတွေမှာ ညပိုင်းအခြေအနေတွေ ပြန်လည်ငြိမ်သက်သွားခဲ့ပေမဲ့ လာမယ့် အောက်တိုဘာလ…

ဖတ်ရန်
အင်္ဂါဂြိုဟ်ရဲ့ လကို စူးစမ်းမယ့် အာကာသယာဉ် ဂျပန် လွှတ်တင် နိုင်ငံတကာသတင်း

အင်္ဂါဂြိုဟ်ရဲ့ လကို စူးစမ်းမယ့် အာကာသယာဉ် ဂျပန် လွှတ်တင်

အင်္ဂါဂြိုဟ်ရဲ့ လတစ်စင်းဖြစ်တဲ့ ဖိုဘော့စ် (Phobos) ပေါ်က မြေသားနမူနာတွေကို ကမ္ဘာမြေကို ပြန်လည်ယူဆောင်လာဖို့ ရည်ရွယ်ထားတဲ့ အာကာသစူးစမ်းရေးမစ်ရှင်ကို ဂျပန်နိုင်ငံက စတင်လိုက်ပါတယ်။

ဖတ်ရန်