အရေးပေါ်
နိုင်ငံတကာသတင်း

အမေဖြစ်သူရဲ့ အရိုးစုနဲ့ ၂ နှစ်နီးပါး အတူနေထိုင်ခဲ့တဲ့ ဂျပန်အမျိုးသား ဖမ်းဆီးစစ်ဆေးခံနေရ

၂၀၂၆ အောက်တိုဘာ ၁၇ Myo Taw
အမေဖြစ်သူရဲ့ အရိုးစုနဲ့ ၂ နှစ်နီးပါး အတူနေထိုင်ခဲ့တဲ့ ဂျပန်အမျိုးသား ဖမ်းဆီးစစ်ဆေးခံနေရ

အမေဖြစ်သူရဲ့ အရိုးစုနဲ့ ၂ နှစ်နီးပါး အတူနေထိုင်ခဲ့တဲ့ ဂျပန်အမျိုးသား ဖမ်းဆီးစစ်ဆေးခံနေရ

အောက်တိုဘာ ၁၇

ဂျပန်နိုင်ငံမှာ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းနဲ့အတူ နေအိမ်ထဲမှာ ၂ နှစ်နီးပါး နေထိုင်ခဲ့တဲ့ အသက် ၅၃ နှစ်အရွယ် အမျိုးသားတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

အဆိုပါဖြစ်ရပ်ဟာ ဂျပန်နိုင်ငံ အီဆဲဆာကီမြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မြို့အာဏာပိုင်တဦးက သတင်းအစအန မရဘဲ ပျောက်ဆုံးနေတဲ့ သက်ကြီးရွယ်အိုတဦး ရှိနေတယ်လို့ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ရာကနေ ပေါ်ပေါက်လာတာလို့ ဆိုပါတယ်။

သတင်းပေးပို့မှုအရ အီဆဲဆာကီမြို့မှာ နေထိုင်တဲ့ တာကဲဟီရို ဟာရှီဇုမဲ ဆိုသူရဲ့ နေအိမ်ကို ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးမေးမြန်းခဲ့ရာ ဟာရှီဇူမဲက မိခင်ဖြစ်သူဟာ ဆေးရုံတက်နေရတယ်လို့ အစောပိုင်းမှာ လိမ်လည်ထွက်ဆိုခဲ့ပါတယ်။

ရဲတပ်ဖွဲ့က သံသယရှိတာကြောင့် နေအိမ်တွင်း ဝင်ရောက်ရှာဖွေစစ်ဆေးရာ ဧည့်ခန်းကြမ်းပြင်ပေါ်မှာ အရိုးစုသာ ကျန်ရှိတော့တဲ့ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို တွေ့ရရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ရုပ်အလောင်းတွေ့ရှိချိန်မှာလည်း ဟာရှီဇူမဲ က “ဒီအလောင်းက ကျွန်တော့်အမေပါ၊ ဒီနေ့အထိ အသက်ရှင်နေသေးတာပါ” လို့ ထပ်မံပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ကနဦးစစ်ဆေးချက်တွေအရ အလုပ်လက်မဲ့တဦးဖြစ်တဲ့ ဟာရှီဇူမဲဟာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကတည်းက သေဆုံးသွားခဲ့တယ်လို့ ယူဆရတဲ့ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းနဲ့ အတူ ဆက်လက်နေထိုင်လာခဲ့ခြင်းဖြစ်ပြီး၊ ရုပ်အလောင်းပေါ်မှာ ပြင်ပဒဏ်ရာရရှိတဲ့ လက္ခဏာရပ်တွေတော့ မတွေ့ရှိရဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ ဟာရှီဇူမဲကို မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို ဖုံးကွယ်ထားမှု သံသယနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေပြီး၊ မိခင်ဖြစ်သူ သေဆုံးရတဲ့ အကြောင်းရင်းနဲ့ သက်ကြီးပင်စင် ဆက်လက်ထုတ်ယူရန် ရည်ရွယ်ချက် ရှိ၊ မရှိကိုပါ အသေးစိတ် စုံစမ်းစစ်ဆေးနေလို့ သိရပါတယ်။

အလားတူ စပိန်နိုင်ငံမှာလည်း ပြီးခဲ့တဲ့လက အသက် ၂၅ နှစ်အရွယ် အမျိုးသားတဦးဟာ ဖခင်ဖြစ်သူရဲ့ ပုပ်ပွနေတဲ့ ရုပ်အလောင်းကို ဗီရိုထဲမှာ ၁ နှစ်ခွဲကြာ ဝှက်ထားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ စပိန်ရဲတပ်ဖွဲ့ကတော့ အဆိုပါအမျိုးသားဟာ ဖခင်ဖြစ်သူရဲ့ ပင်စင်ငွေတွေကို ဆက်လက်ရရှိဖို့အတွက် အခုလို လုပ်ဆောင်ခဲ့တာလို့ ယူဆထားပါတယ်။

Ref & Photo: The Sun

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

ယူကရိန်းစစ်တပ်သုံး Starlink အင်တာနက်လိုင်းကို အရှိန်လျှော့ချဖို့ အီလွန်မတ်စ်ခ် ညွှန်ကြားခဲ့တယ်လို့ WSJ ဖော်ပြ နိုင်ငံတကာသတင်း

ယူကရိန်းစစ်တပ်သုံး Starlink အင်တာနက်လိုင်းကို အရှိန်လျှော့ချဖို့ အီလွန်မတ်စ်ခ် ညွှန်ကြားခဲ့တယ်လို့ WSJ ဖော်ပြ

ယူကရိန်းစစ်တပ်က အဓိကအားထား အသုံးပြုနေတဲ့ SpaceX ကုမ္ပဏီရဲ့ စစ်ဘက်သုံး Starlink ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုကို အရှိန်လျှော့ချကန့်သတ်ဖို့ အီလွန်မတ်စ်ခ်က ညွှန်ကြားခဲ့တယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို…

ဖတ်ရန်
AI chatbot နဲ့ စကားပြောရင်း ကလေးထိန်းကျောင်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ဖမ်းဆီးခံရ နိုင်ငံတကာသတင်း

AI chatbot နဲ့ စကားပြောရင်း ကလေးထိန်းကျောင်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ဖမ်းဆီးခံရ

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ Claude AI chatbot နဲ့ စကားပြောဆိုချိန်အတွင်း အနီးအနားက ကလေးထိန်းကျောင်းကို အစုလိုက်အပြုံလိုက် ပစ်ခတ်တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသားတဦးကို ရဲတပ်ဖွဲ့က…

ဖတ်ရန်
ညမထွက်ရအမိန့်ကြောင့် ပြင်သစ်မြို့ကြီးတွေ ပြန်လည်ငြိမ်သက်လာပေမယ့် လာမယ့်စနေနေ့မှာ ဆန္ဒပြမှုအသစ်တွေ ထပ်မံကြုံရဖွယ်ရှိနေ နိုင်ငံတကာသတင်း

ညမထွက်ရအမိန့်ကြောင့် ပြင်သစ်မြို့ကြီးတွေ ပြန်လည်ငြိမ်သက်လာပေမယ့် လာမယ့်စနေနေ့မှာ ဆန္ဒပြမှုအသစ်တွေ ထပ်မံကြုံရဖွယ်ရှိနေ

ပြင်သစ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မကြုံစဖူး ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာကြောင့် ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတွေမှာ ညပိုင်းအခြေအနေတွေ ပြန်လည်ငြိမ်သက်သွားခဲ့ပေမဲ့ လာမယ့် အောက်တိုဘာလ…

ဖတ်ရန်
အင်္ဂါဂြိုဟ်ရဲ့ လကို စူးစမ်းမယ့် အာကာသယာဉ် ဂျပန် လွှတ်တင် နိုင်ငံတကာသတင်း

အင်္ဂါဂြိုဟ်ရဲ့ လကို စူးစမ်းမယ့် အာကာသယာဉ် ဂျပန် လွှတ်တင်

အင်္ဂါဂြိုဟ်ရဲ့ လတစ်စင်းဖြစ်တဲ့ ဖိုဘော့စ် (Phobos) ပေါ်က မြေသားနမူနာတွေကို ကမ္ဘာမြေကို ပြန်လည်ယူဆောင်လာဖို့ ရည်ရွယ်ထားတဲ့ အာကာသစူးစမ်းရေးမစ်ရှင်ကို ဂျပန်နိုင်ငံက စတင်လိုက်ပါတယ်။

ဖတ်ရန်