အရေးပေါ်
နိုင်ငံတကာသတင်း

မြန်မာအပါအဝင် ၇၅ နိုင်ငံအတွက် ရွှေ့ပြောင်းဗီဇာ ရပ်ဆိုင်းမှု ဖက်ဒရယ်ခရိုင်တရားသူကြီး ပယ်ဖျက်

၂၀၂၆ သြဂုတ် ၂၃ Myo Taw
မြန်မာအပါအဝင် ၇၅ နိုင်ငံအတွက် ရွှေ့ပြောင်းဗီဇာ ရပ်ဆိုင်းမှု ဖက်ဒရယ်ခရိုင်တရားသူကြီး ပယ်ဖျက်

မြန်မာအပါအဝင် နိုင်ငံပေါင်း ၇၅ နိုင်ငံကနေ အမေရိကန်ကို လာရောက် ရွှေ့ပြောင်းနေထိုင်ဖို့ လျှောက်ထားသူတွေအတွက် ရွှေ့ပြောင်းအခြေချခွင့် ဗီဇာထုတ်ပေးမှု ဆိုင်းငံ့ထားတဲ့ ထရမ့်အစိုးရဲ့ မူဝါဒကို နယူးယောက်မြို့၊ မန်ဟက်တန်ရှိ ဖက်ဒရယ် ခရိုင်တရားရုံးက ပယ်ဖျက်လိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ အဆိုပါ ဗီဇာထုတ်ပေးမှု ဆိုင်းငံ့ရေး မူဝါဒဟာ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုရဲ့ ဥပဒေကြောင်းအရ သတ်မှတ်ထားတဲ့ အခွင့်အာဏာထက် ကျော်လွန်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သလို ဖက်ဒရယ် လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့လည်း ဆန့်ကျင်နေတယ်လို့ မန်ဟက်တန်အခြေစိုက် ဖက်ဒရယ်ခရိုင် တရားသူကြီး ဂျဲနက် ဗားဂတ်စ် က ဆုံးဖြတ်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလက စတင်သက်ရောက်ခဲ့တဲ့ အဆိုပါ မူဝါဒကြောင့် မြန်မာ အပါအဝင် လက်တင်အမေရိက၊ ဘော်ကန်၊ တောင်အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ ကာရေဘီယံဒေသ စတဲ့ နိုင်ငံပေါင်း ၇၅ နိုင်ငံက ဗီဇာလျှောက်ထားသူတွေကို တိုက်ရိုက် သက်ရောက်မှု ရှိခဲ့တာလည်း ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ အဆိုပါနိုင်ငံတွေက ရွှေ့ပြောင်းအခြေချခွင့်ဗီဇာ လျှောက်ထားသူတွေဟာ အမေရိကန်ရောက်ရင် အစိုးရရဲ့ လူမှုဖူလုံရေးနဲ့ အများပြည်သူဆိုင်ရာ ဘဏ္ဍာရေး အကူအညီတွေအပေါ် အလွန်အမင်း မှီခိုလာနိုင်ခြေရှိတာကြောင့်လို့ အကြောင်းပြထားပြီး ဖက်ဒရယ်ခရိုင်တရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ချက်ချင်းတုံ့ပြန်ခြင်း မရှိသေးပါဘူး။

ဒီအမှုကို သမ္မတဟောင်း ဂျိုးဘိုဒင် ခန့်အပ်ခဲ့တဲ့ ဖက်ဒရယ်ခရိုင်တရားသူကြီး ဂျဲနက်ဗားဂတ်စ် က ကြားနာစစ်ဆေးခဲ့တာဖြစ်ပြီး ရွှေ့ပြောင်းအခြေချသူ အခွင့်အရေးအဖွဲ့တွေ၊ ဗီဇာလျှောက်ထားသူတွေနဲ့ မိသားစုဝင်တွေကို ဗီဇာထောက်ခံပေးနေတဲ့ အမေရိကန်နိုင်ငံသားတွေက ပူးပေါင်း တရားစွဲဆိုခဲ့ကြတာ ဖြစ်ပါတယ်။

သမ္မတ ထရမ့်ကတော့ ပြည်တွင်းလုံခြုံရေး တိုးမြှင့်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လူဝင်မှုကြီးကြပ်ရေးကို တင်းကျပ်နေတာလို့ ပြောဆိုပေမယ့် ဒီလိုတင်းကျပ်မှုတွေဟာ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ဥပဒေကြောင်းအရ ထိုက်တန်တဲ့ တရားမျှတမှု ရပိုင်ခွင့်တွေကို ချိုးဖောက်နေသလို၊ အထူးသဖြင့် လူမျိုးရေးအရ ခွဲခြားဆက်ဆံခံရနိုင်ခြေရှိတဲ့ လူနည်းစုတွေအတွက် မလုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ရပ် ဖြစ်ပေါ်လာစေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ထားပါတယ်။

Ref & Photo; Reuters

ဆက်စပ် သတင်းများ

ယူကရိန်းစစ်တပ်သုံး Starlink အင်တာနက်လိုင်းကို အရှိန်လျှော့ချဖို့ အီလွန်မတ်စ်ခ် ညွှန်ကြားခဲ့တယ်လို့ WSJ ဖော်ပြ နိုင်ငံတကာသတင်း

ယူကရိန်းစစ်တပ်သုံး Starlink အင်တာနက်လိုင်းကို အရှိန်လျှော့ချဖို့ အီလွန်မတ်စ်ခ် ညွှန်ကြားခဲ့တယ်လို့ WSJ ဖော်ပြ

ယူကရိန်းစစ်တပ်က အဓိကအားထား အသုံးပြုနေတဲ့ SpaceX ကုမ္ပဏီရဲ့ စစ်ဘက်သုံး Starlink ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုကို အရှိန်လျှော့ချကန့်သတ်ဖို့ အီလွန်မတ်စ်ခ်က ညွှန်ကြားခဲ့တယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို…

ဖတ်ရန်
AI chatbot နဲ့ စကားပြောရင်း ကလေးထိန်းကျောင်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ဖမ်းဆီးခံရ နိုင်ငံတကာသတင်း

AI chatbot နဲ့ စကားပြောရင်း ကလေးထိန်းကျောင်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ဖမ်းဆီးခံရ

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ Claude AI chatbot နဲ့ စကားပြောဆိုချိန်အတွင်း အနီးအနားက ကလေးထိန်းကျောင်းကို အစုလိုက်အပြုံလိုက် ပစ်ခတ်တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသားတဦးကို ရဲတပ်ဖွဲ့က…

ဖတ်ရန်
ညမထွက်ရအမိန့်ကြောင့် ပြင်သစ်မြို့ကြီးတွေ ပြန်လည်ငြိမ်သက်လာပေမယ့် လာမယ့်စနေနေ့မှာ ဆန္ဒပြမှုအသစ်တွေ ထပ်မံကြုံရဖွယ်ရှိနေ နိုင်ငံတကာသတင်း

ညမထွက်ရအမိန့်ကြောင့် ပြင်သစ်မြို့ကြီးတွေ ပြန်လည်ငြိမ်သက်လာပေမယ့် လာမယ့်စနေနေ့မှာ ဆန္ဒပြမှုအသစ်တွေ ထပ်မံကြုံရဖွယ်ရှိနေ

ပြင်သစ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မကြုံစဖူး ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တာကြောင့် ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတွေမှာ ညပိုင်းအခြေအနေတွေ ပြန်လည်ငြိမ်သက်သွားခဲ့ပေမဲ့ လာမယ့် အောက်တိုဘာလ…

ဖတ်ရန်
အင်္ဂါဂြိုဟ်ရဲ့ လကို စူးစမ်းမယ့် အာကာသယာဉ် ဂျပန် လွှတ်တင် နိုင်ငံတကာသတင်း

အင်္ဂါဂြိုဟ်ရဲ့ လကို စူးစမ်းမယ့် အာကာသယာဉ် ဂျပန် လွှတ်တင်

အင်္ဂါဂြိုဟ်ရဲ့ လတစ်စင်းဖြစ်တဲ့ ဖိုဘော့စ် (Phobos) ပေါ်က မြေသားနမူနာတွေကို ကမ္ဘာမြေကို ပြန်လည်ယူဆောင်လာဖို့ ရည်ရွယ်ထားတဲ့ အာကာသစူးစမ်းရေးမစ်ရှင်ကို ဂျပန်နိုင်ငံက စတင်လိုက်ပါတယ်။

ဖတ်ရန်