အရေးပေါ်
နိုင်ငံတကာသတင်း

ကံပေါက်မှာ လုပ်ပိုင်ခွင့်ထက် ကျော်လွန်ကာ သတ္တုတူးဖော်နေတဲ့ Delco ကုမ္ပဏီက ကျားဖြန့်လုပ်ဖို့ တရုတ်နိုင်ငံသားတွေကို ခေါ်ထားတယ်လို့ဆို

၂၀၂၆ သြဂုတ် ၂၄ Myo Taw
ကံပေါက်မှာ လုပ်ပိုင်ခွင့်ထက် ကျော်လွန်ကာ သတ္တုတူးဖော်နေတဲ့ Delco ကုမ္ပဏီက ကျားဖြန့်လုပ်ဖို့ တရုတ်နိုင်ငံသားတွေကို ခေါ်ထားတယ်လို့ဆို

တနင်္သာရီတိုင်း ကံပေါက်ဒေသမှာ သတ္တုတူးဖော်ရေး လုပ်ကိုင်နေတဲ့ Delco ကုမ္ပဏီက တရုတ်နိုင်ငံသား ရာနဲ့ချီ ခေါ်ယူလာပြီး ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်ဖို့ စီစဉ်နေတယ်လို့ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ်(၈၀၀၂)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

Delco သတ္တုတူးဖော်ရေးကုမ္ပဏီဟာ ကံပေါက်ဒေသမှာ ၂၀၀၈ ခုနှစ်ကတည်းက သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို လုပ်ပိုင်ခွင့်ထက် ကျော်လွန်ကာ စည်းမဲ့ကမ်းမဲ့ လုပ်ကိုင်လာတာဖြစ်ပြီး အဲဒီလုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင်၊ မြစ်ချောင်းအင်းအိုင်တွေနဲ့ ဒေသခံပြည်သူတွေရဲ့ လူနေမှုဘဝတွေ အကြီးအကျယ် ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

လက်ရှိမှာ Delco ကုမ္ပဏီဟာ တရုတ်နိုင်ငံသား ရာနဲ့ချီ ခေါ်ယူထားပြီး အာဏာသိမ်းအစိုးရနဲ့ ပူးပေါင်းကာ ကံပေါက်တောင်ပေါ်မှာ အကြီးစား သတ္တုတူးဖော်ရေးလုပ်ဖို့ အဆောက်အအုံတွေ ဆောက်လုပ်နေတာ (၃) လခန့် ရှိပြီဖြစ်သလို သတ္တုတူးဖော်ရေး အကြောင်းပြကာ တရုတ်နိုင်ငံသားတွေ၊ ကျားဖြန့်လုပ်ငန်းရှင်တွေနဲ့ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ စီစဉ်နေကြောင်း သတင်းရထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကံပေါက်တောင်ကနေ ထွက်ရှိတဲ့ ကျောက်သတ္တုတွေကို အမှုန့်ကျိတ်ဖို့ MOGE ကနေ သဘာဝဓာတ်ငွေ့ ဝယ်ယူပြီး Gas ပိုက်လိုင်း သွယ်တန်းကာ Gas တာဘိုင် စက်ရုံ လည်ပတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ လုပ်ဆောင်ချက်တွေကြောင့် ကံပေါက်ဒေသရဲ့ တောတောင်သဘာဝ အလှတရားများနဲ့ ရှေးဟောင်းအမွေအနှစ်များကို ပျက်စီးဆုံးရှုံးစေတဲ့အပြင် ကံပေါက်ဒေသခံ ပြည်သူတွေရဲ့ အသက်အိုးအိမ်နဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကိုပါ ထိခိုက်ပျက်စီးစေတဲ့အတွက် အဆိုပါ လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်ခြင်း မပြုရန် ထုတ်ပြန်ချက်ထဲမှာ ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။

လိုက်နာခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်မယ်ဆိုပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် အကျိုးဆက်အားလုံးဟာ Delco ကုမ္ပဏီရဲ့ တာဝန်သာ ဖြစ်ကြောင်း အမှတ် (၈၀၀၂) တပ်ရင်း ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် (၈၀၀၂) တပ်ရင်းက သတိပေး ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

စစ်ဘက်သုံး ဒရုန်းတပ်ဖွဲ့ တိုးချဲ့ရေး အထူးဘတ်ဂျက် အမေရိကန်ဒေါ်လာ ၆ ဘီလီယံနီးပါးကို ထိုင်ဝမ်လွှတ်တော် ပယ်ချ နိုင်ငံတကာသတင်း

စစ်ဘက်သုံး ဒရုန်းတပ်ဖွဲ့ တိုးချဲ့ရေး အထူးဘတ်ဂျက် အမေရိကန်ဒေါ်လာ ၆ ဘီလီယံနီးပါးကို ထိုင်ဝမ်လွှတ်တော် ပယ်ချ

ထိုင်ဝမ်စစ်တပ်ရဲ့ ဒရုန်းတပ်ဖွဲ့ကို အကြီးအကျယ် တိုးချဲ့ဖို့ အစိုးရက တင်သွင်းထားတဲ့ ထိုင်ဝမ်ဒေါ်လာ ၂၁၀ ဘီလီယံ (ယူကေပေါင် ၄ ဒသမ ၉ ဘီလီယံခန့်) အထူးဘတ်ဂျက်…

ဖတ်ရန်
Meta ရဲ့ လူငယ်ကာကွယ်ရေးအစီအစဉ် ကမ္ဘာတစ်ဝန်းလုံး ကျင့်သုံးသင့်တယ်လို့ တောင်ကိုရီးယား ပြော နိုင်ငံတကာသတင်း

Meta ရဲ့ လူငယ်ကာကွယ်ရေးအစီအစဉ် ကမ္ဘာတစ်ဝန်းလုံး ကျင့်သုံးသင့်တယ်လို့ တောင်ကိုရီးယား ပြော

လူငယ်တွေ လူမှုကွန်ရက်အသုံးပြုမှုကို အလွန်အကျွံဖြစ်စေနိုင်တဲ့ လုပ်ဆောင်ချက်တွေကို ကန့်သတ်မယ့် Meta ရဲ့ အစီအစဉ်တွေကို ကမ္ဘာတစ်ဝန်းက လူငယ်အသုံးပြုသူတွေအတွက်ပါ ကျင့်သုံးသင့်တယ်လို့ တောင်ကိုရီးယား မီဒီယာနဲ့ ဆက်သွယ်ရေးကော်မရှင် (KMCC)…

ဖတ်ရန်
မြန်မာ့လူ့အခွင့်အရေး အနိမ့်ဆုံးအခြေအနေသစ်ကို ရောက်နေကြောင်း ကုလသမဂ္ဂ သတိပေး နိုင်ငံတကာသတင်း

မြန်မာ့လူ့အခွင့်အရေး အနိမ့်ဆုံးအခြေအနေသစ်ကို ရောက်နေကြောင်း ကုလသမဂ္ဂ သတိပေး

မြန်မာနိုင်ငံရဲ့ ဆိုးရွားနေပြီးသား လူ့အခွင့်အရေးအခြေအနေဟာ “အနိမ့်ဆုံးအဆင့်သစ်” တခုအထိ ကျဆင်းလာနေပြီး တရားမဝင်သတ္တုတူးဖော်ရေးလုပ်ငန်းတွေနဲ့ အွန်လိုင်းငွေလိမ်လည်ရေးစခန်းတွေ မြင့်တက်လာမှုကြောင့် အကျပ်အတည်းကို ပိုမိုဆိုးရွားစေတယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

ဖတ်ရန်
အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းမှာ မြန်မာမိခင်တွေက မွေးဖွားတဲ့ကလေး တစ်သိန်းသုံးသောင်းကျော် ရှိလာပြီလို့ဆို နိုင်ငံတကာသတင်း

အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းမှာ မြန်မာမိခင်တွေက မွေးဖွားတဲ့ကလေး တစ်သိန်းသုံးသောင်းကျော် ရှိလာပြီလို့ဆို

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံရောက် မြန်မာမိခင်တွေက မွေးဖွားတဲ့ ကလေးအရေအတွက်ဟာ သိသိသာသာ မြင့်တက်လာခဲ့ပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် ဩဂုတ်…

ဖတ်ရန်