အရေးပေါ်
နိုင်ငံတကာသတင်း

ကော်နယ်တက္ကသိုလ် ကျောင်းသားတွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ တရားစွဲဆိုထားတဲ့ အမျိုးသမီး ခြိမ်းခြောက်ခံနေရ

၂၀၂၆ အောက်တိုဘာ ၅ Myo Taw
ကော်နယ်တက္ကသိုလ် ကျောင်းသားတွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ တရားစွဲဆိုထားတဲ့ အမျိုးသမီး ခြိမ်းခြောက်ခံနေရ

ကော်နယ်တက္ကသိုလ် ကျောင်းသားတွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ တရားစွဲဆိုထားတဲ့ အမျိုးသမီး ခြိမ်းခြောက်ခံနေရ

အောက်တိုဘာ ၅

အမေရိကန်မှာ ကော်နယ်တက္ကသိုလ် ကျောင်းသားတချို့က မူးယစ်ဆေးခတ်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ အမျိုးသမီးဟာ အမှုကို ရုပ်သိမ်းဖို့ ဖိအားပေးခြိမ်းခြောက်မှုတွေ ခံနေရတယ်လို့ သူမရဲ့ရှေ့နေက အောက်တိုဘာ ၄ ရက်မှာ ပြောပါတယ်။

အဆိုပါအမှုဟာ ၂၀၂၄ ခုနှစ်က ဖြစ်ပွားခဲ့တာဖြစ်ပြီး “Jane Doe” ဆိုတဲ့ အမည်လွှဲနဲ့ အမျိုးသမီးက အရပ်ဘက်တရားစွဲဆိုမှု ပြုလုပ်ထားတာ ဖြစ်ပါတယ်။

ရှေ့နေ သောမတ်စ် ဂျီဖရာရဲ့ ပြောဆိုချက်အရ အဆိုပါအမျိုးသမီးကို နှုတ်ဆိတ်သွားအောင်လုပ်ဖို့ ဒါမှမဟုတ် ထိခိုက်နစ်နာအောင်လုပ်မယ်ဆိုပြီး ခြိမ်းခြောက်မှုတွေ အကြိမ်ကြိမ် ရရှိထားသလို၊ သူကိုယ်တိုင်လည်း ခြိမ်းခြောက်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုနဲ့ပတ်သက်ပြီး Jane Doe ရဲ့ အမည်ကို အွန်လိုင်းမှာ ဖော်ထုတ်ဖို့ ကြိုးပမ်းမှုတွေ ရှိလာတာကြောင့် လူမှုကွန်ရက်အသုံးပြုသူအချို့ကတော့ #IamJaneDoe ဆိုတဲ့ ဟက်ရှ်တက်နဲ့ စွပ်စွဲသူအမျိုးသမီးဘက်က ရပ်တည်ကြောင်း ဖော်ပြနေကြပါတယ်။

ဒီအတောအတွင်း လွတ်လပ်တဲ့ သတင်းထောက် မိုက်ကယ် ထရေစီ ဆိုသူက စွပ်စွဲသူအမျိုးသမီးရဲ့ အမည်ရင်းဆိုပြီး အွန်လိုင်းမှာ အမည်တခုကို ဖော်ပြခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်ဖျက်ချသွားခဲ့သလို စွပ်စွဲသူအမျိုးသမီးကိုလည်း ခြိမ်းခြောက်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ ရှင်းလင်းခဲ့ပါတယ်။

ကော်နယ်တက္ကသိုလ် ဥက္ကဋ္ဌ မိုက်ကယ် ကော့တ်လီကော့ဖ်ကလည်း အမှုကို တက္ကသိုလ်ဘက်က ကိုင်တွယ်ခဲ့တဲ့ ပုံစံနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးနောက် ကျောင်းဝင်းအတွင်းရှိ ကျောင်းသားအသင်းအဖွဲ့တွေရဲ့ အခန်းကဏ္ဍကို ပြန်လည်သုံးသပ်မယ်လို့ ဆိုပါတယ်။

အမှုနဲ့ပတ်သက်ပြီး တွန်ပ်ကင်းစ် ကောင်တီ အစိုးရရှေ့နေတွေရဲ့ ကနဦးကိုင်တွယ်ခဲ့ ပုံစံအပေါ် ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးနောက် နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး ကေသီ ဟိုချူးလ်က ပြည်နယ်ရှေ့နေချုပ် လက်တီရှာ ဂျိမ်းစ်ကို အထူးအစိုးရရှေ့နေအဖြစ် ခန့်အပ်ပြီး အမှုကို ပြန်လည် စုံစမ်းစစ်ဆေးဖို့ တာဝန်ပေးထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကတော့ ဂျိမ်းစ်ကို အထူးအစိုးရရှေ့နေအဖြစ် ခန့်အပ်တာကို ဝေဖန်ထားပြီး စုံစမ်းခံရသူအနေနဲ့ မျှမျှတတ ဆက်ဆံခံရမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

ထရမ့်ရဲ့ မှတ်ချက်နဲ့ ပတ်သက်ပြီး ရှေ့နေ ဂျီဖရာကတော့ ဒီအမှုဟာ နိုင်ငံရေးနဲ့ ဘာမှမသက်ဆိုင်တာကြောင့် နိုင်ငံရေးအရ အသုံးချတာမျိုး မဖြစ်သင့်ဘူးလို့ တုံ့ပြန်ထားပါတယ်။

Ref & Photo: Reuters


မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

ပြင်သစ်မှာ ကျောင်းသားဆန္ဒပြပွဲတွေကြောင့် အထက်တန်းကျောင်း ရာနဲ့ချီ ဆက်လက်ပိတ်ထားရ နိုင်ငံတကာသတင်း

ပြင်သစ်မှာ ကျောင်းသားဆန္ဒပြပွဲတွေကြောင့် အထက်တန်းကျောင်း ရာနဲ့ချီ ဆက်လက်ပိတ်ထားရ

ကျောင်းအဆောက်အအုံတွေ ပျက်စီးယိုယွင်းနေမှု၊ စာသင်ခန်းတွေ လူပြည့်ကျပ်နေမှုနဲ့ ဆရာဆရာမ မလုံလောက်မှုတွေကို ကန့်ကွက်တဲ့ ကျောင်းသားဆန္ဒပြပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အောက်တိုဘာ ၅ ရက်မှာတော့ အထက်တန်းကျောင်း ရာနဲ့ချီ…

ဖတ်ရန်
ရုရှားမှာ ပလိပ်ရောဂါ သံသယဖြစ်ပွားမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၁၈၉ ဦး သီးသန့်စောင့်ကြည့်ခံနေရ၊ ပူတင်အစိုးရက သတင်းဖုံးဖို့ ကြိုးစားနေ နိုင်ငံတကာသတင်း

ရုရှားမှာ ပလိပ်ရောဂါ သံသယဖြစ်ပွားမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၁၈၉ ဦး သီးသန့်စောင့်ကြည့်ခံနေရ၊ ပူတင်အစိုးရက သတင်းဖုံးဖို့ ကြိုးစားနေ

ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားဒေသမှာ သံသယဖြစ်ဖွယ် အကျိတ်ပလိပ်ရောဂါ (Bubonic Plague) ကူးစက်မှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၁၈၉ ဦးကို အရေးပေါ်…

ဖတ်ရန်
“ငါ့ရဲ့ ဆိုးသွမ်းတဲ့အခြမ်းကို လူတိုင်းက မသိကြဘူး” လို့ TikTok မှာ ပို့စ်တင်ခဲ့တဲ့ မက္ကဆီကိုဆယ်လီ မိသားစုလိုက် သေနတ်ဒဏ်ရာတွေနဲ့ သေဆုံး နိုင်ငံတကာသတင်း

“ငါ့ရဲ့ ဆိုးသွမ်းတဲ့အခြမ်းကို လူတိုင်းက မသိကြဘူး” လို့ TikTok မှာ ပို့စ်တင်ခဲ့တဲ့ မက္ကဆီကိုဆယ်လီ မိသားစုလိုက် သေနတ်ဒဏ်ရာတွေနဲ့ သေဆုံး

လူမှုကွန်ရက်ပေါ်မှာ သူမရဲ့ ဆိုးသွမ်းတဲ့အခြမ်း (nasty side) အကြောင်း ရေးသားဖော်ပြခဲ့ပြီးနောက် နာရီပိုင်းအကြာမှာပဲ မက္ကဆီကိုနိုင်ငံက လူသိများတဲ့ TikTok ဆယ်လီ စင်ဒီ တာမက်ဇ်နဲ့…

ဖတ်ရန်
ဟောင်ကောင်မော်ဒယ် အသတ်ခံရမှု ဟင်းရည်အိုးထဲမှာ ဦးခေါင်းခွံ တွေ့ရှိခဲ့တယ်လို့ဆို နိုင်ငံတကာသတင်း

ဟောင်ကောင်မော်ဒယ် အသတ်ခံရမှု ဟင်းရည်အိုးထဲမှာ ဦးခေါင်းခွံ တွေ့ရှိခဲ့တယ်လို့ဆို

ဟောင်ကောင်မော်ဒယ်နဲ့ အွန်လိုင်းအင်ဖလူယန်ဆာ အက်ဘီ ချွိုင် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး သူမရဲ့ ဦးခေါင်းကို မုန်လာဥနီနဲ့ ဟင်းသီးဟင်းရွက်တွေ ပါဝင်တဲ့ ဟင်းရည်အိုးထဲမှာ ချက်ပြုတ်ထားတဲ့ အခြေအနေနဲ့…

ဖတ်ရန်